စာမျက်နှာများ

Thursday, February 13, 2014

ကျွန်တော်ဟာ ကျွန်တစ်ကောင်ပါ (၉)

နောက်နေ့ မနက်ကိုးနာရီတိတိတွင် ကျွန်တော်သည် သခင်မ ခင်သီရီ၏ အိမ်ရှေ့သို့ ရောက်သွားလေသည်။ ခြံတံခါးရှေ့သို့အရောက် ကျွန်တော်သည် သခင်မခင်သီရီ၏ဖုန်းကို ရင်ခုန်စွာဖြင့်လှမ်းခေါ်လိုက်သည်။
    " ရောက်ပြီလား ငါ့ကျွန်"
    ဖုန်းအတွင်းမှ သခင်မခင်သီရီ၏ အထက်စီးလေသံကို ကြားလိုက်ရသည်။
    " ဟုတ်ကဲ့ သခင်မ ကျွန်တော် သခင်မရဲ့ ခြံရှေ့ကိုရောက်နေပါပြီ"
    "အေး ငါ့ရဲ့ခြံတံခါးကို စေ့ရုံပဲစေ့ထားတယ်။ တွန်းပြီးဝင်လာခဲ့။ ပြီးတော့ ခြံတံခါးကို ကန့်လန့်ပြန်ထိုးခဲ့။ အိမ်တံခါးလည်း ဖွင့်ထားတယ်။ဝင်လာခဲ့။ လှေကားရင်းမှာ ငါ့ကိုဒူးထောက်ပြီးစောင့်နေ"
     သူမသည် ကျွန်တော့်ကို အမိန့်များပေးပြီးဖုန်းချသွားလေသည်။ ကျွန်တော်လည်း သခင်မ၏ အမိန့်အတိုင်း အိမ်ထဲသို့ဝင်လာပြီး အပေါ်ထပ်သို့တက်သည့်လှေကားရင်းတွင် ဒူးထောက် လက်နှစ်ဖက်ကိုကြမ်းပြင်တွင်
ချပြီး သခင်မဆင်းအလာကိုစောင့်ဆိုင်းနေသည်။ကျွန်တော်၏စိတ်ထဲတွင် သခင်မခင်သီရိကို အလုပ်အကျွေးပြုရတော့မည်ဟု တွေးပြီး ၀မ်းသာပျော်ရွှင်မိလေသည်။