စာမျက်နှာများ

Saturday, May 16, 2015

ကောက်ရခဲ့သောလက်သည်းဆိုးဆေးပုလင်းလေး - ၆

အာကာလည်း သူဒီထဲကိုဘယ်ကဘယ်လိုစရောက်လာပြီး ဘာတွေဘယ်လိုဖြစ်ခဲ့တ်ာဆိုတာကို ပြောပြပါတော့သည်။ သူ၏ကောင်းမွန်လှသောစကားပြောစွမ်းရည်ကြောင့် သူအကြောင်းများကိုသူပြောပြီးပြီးခြင်းတွင်ပင် ဖြိုးဖြိုးအောင်အိပ်ပျော်သွားပါတော့သည်။

Sunday, May 10, 2015

ကောက်ရခဲ့သောလက်သည်းဆိုးဆေးပုလင်းလေး - ၅

ဒီညတွင်တော့ သူမ၏အမ်ပီတီဖုန်းဘေလေးများသည် ကုန်မှန်းမသိကုန်သွားပြီး သူမကိုယ်တိုင်က ညဥ့်နက်မှန်းမသိအောင်ပင်ဖြစ်သွားခဲ့ရပါတော့သည်။
“တောင်…တောင်…တောင်….တောင်...”
တောင်လေးချက်တီးချိန်တွင်တော့ အင်တာနက်ကြီးဖွင့်၍ Website မှစာများကို ဖတ်လျက်နှင့်ပင် သူမအိပ်ပျော်သွားပါတော့သည်။ သူမဖတ်ရှုနေသောဇာတ်လမ်းကတော့ ………………

Saturday, May 9, 2015

ကောက်ရခဲ့သောလက်သည်းဆိုးဆေးပုလင်းလေး - ၎

'ဒေါက်ဒေါက်. . .ဒေါက်'
'မိဖြိုးရေ.. . .မိဖြိုး. . .'
ဖြိုးဖြိုးအောင် သူဘာ့သာသူရေစွတ်လိုက်သည်။ 'ဟာ ဒါဟိုအဖျက်မတွေရဲ့အသံဘဲ'
'အေးအေး လာပြီဟေ့လာပြီ'
'ရှင်ပြန်ဝင်တော့. . . .'
'ဟုတ်ကဲ့'ဟုအဖြေပေးကာ အခိုးအငွေ့ဖြစ်ပြောင်း၍ ပုလင်းထဲသို့ပြန်ဝင်သွားပါတော့သည်။ ဖြိုးဖြိုးအောင်လည်းပုလင်းကိုယူ၍ အဝတ်ဗီဒိုထဲသို့အမြန်သွားထည့်လိုက်ပါသည်။
'ဟဲ့မိဖြိုးကြာလှချည်လားးးး ဒုန်းဒုန်း'
တံခါးကိုခေါက်ရုံမဟုတ်ဘဲအပြင်မှထုနေပြီဖြစ်သောကြောင့် ဖြိုးဖြိုးအောင်အမြန်သွားဖွင့်ပေးလိုက်ပါသည်။