စာမျက်နှာများ

Thursday, March 19, 2015

ကောက်ရခဲ့သောလက်သည်းဆိုးဆေးပုလင်းလေး - ၂

အခန်း(၁) ၊ အပိုင်း(၂)




အချိန်အားများစွာရှိနေသောဖြိုးဖြိုးအောင်သည် တီဗီကြည့်ရင်း သူငယ်ချင်းများထံမှ ဗိုလ်ကျကာလုယူလာသောလက်သည်းဆိုးဆေးအနီရောင်လေးကိုဆိုးရန် သူမ၏ကျောပိုးအိတ်ထဲမှ ထုတ်လိုက်ပါသည်။
'ဟွန်းး ဘယ်ရမလဲ မိဖြိုးတို့ကနိုင်ရစမြဲဘဲ'
သူဘာသာသူတစ်ယောက်တည်းရေစွတ်ရင်း သူမ၏သူငယ်ချင်းများအပေါ် အနိုင်ရလာသည့်အဖြစ်ကို ပြန်တွေးရင် ကျောပိုးအိတ်ထဲမှထုတ်လိုက်သော လက်သည်းဆိုးဆေးပုလင်းလေးကို အားနည်းနည်းထည့်၍ လှည့်ဖွင့်လိုက်ပါသည်။


'ရှူးးးးးးးးးး'
လက်သည်းဆိုးဆေးပုလင်းအဖုံးပွင့်သွားသည်နှင့်တပြိုင်နက်ထွက်ပေါ်လာသောအသံကြောင့် ဖြိုးဖြိုးအောင်သူမလက်ထဲမှပုလင်းကို အခန်းထောင့်သို့လှမ်းပစ်လိုက်ပါသည်။ အလန့်တကြားပြူးကျယ်သောမျက်လုံးများဖြင့် ပုလင်းရောက်သွားသောနေရာသို့ကြည့်နေရင်းပင် ပုလင်းထဲမှအခိုးအငွေ့များစွာထွက်လာပြီးနောက် ထိုအခိုးအငွေ့တို့မှသည် ဒူးထောက်ထိုင်နေသောလူတယောက် ဖြစ်ပေါ်လာပါတော့သည်။ ထို့ထက်ဆိုးသည်က ထိုသူ့ထံတွင် အဝတ်အစားများမပါခြင်းပင်ဖြစ်သည်။ ဖြိုးဖြိုးအောင်သည်လည်း ပထမအစတွင် ရုတ်တရက်မို့ ထိုသူ၏တုတ်ခိုင်သောတုတ်နှင့် ထိုသူကို ကြည့်နေမိသေးသည်။ ပြီးနောက်သတိဝင်လာကာ မိန်းခလေးတို့ထုံးစံအတိုင်း မျက်စိကိုစုံမှိတ်၍အော်ရန်ပါးစပ်ဟလိုက်ပါသည်။ သို့သော် သူမပါးစပ်မှအသံမထွက်ခင်တွင် ထွက်ပေါ်လာသော ထိုသူ့ဆီမှစကားသံကြောင့် ယခင်အသံထက်ပင်ကျယ်လောင်စွာ သူမအော်လိုက်မိပါသည်။ သူမ၏အော်သံကြောင့် သူမအခန်းရှိရာသို့ သူမအမေနှင့်အမတို့ အပြေးရောက်လာကြပါသည်။
'မိဖြိုး ဘာဖြစ်တာလဲ'
ဖြိုးဖြိုးအောင် သူ့အမေ၏အမေးကို ပြန်မဖြေနိုင်ပါ။ နံရံထောင့်ရှိလက်သည်းဆိုးဆေးပုလင်းကိုသာ ပြူးကျယ်သောမျက်လုံးများဖြင့်ကြည့်နေပါသည်။ သူမအမေနှင့်အမက သူမကိုခြေချိုးလက်ချိုးရေမန်းတိုက်လုပ်ပြီးမှသာ သူမစကားပြောနိုင်ပါတော့သည်။ သူမတွေ့လိုက်ရသည်ကို အမေနှငိ့အမအားပြောပြသည် သို့သော် သူမအမေနှင့်အမသည် သူမကိုအိမ်မက်ဆိုးမက်တာပါဟုသာ ဝိုင်း၍ဖြေသိမ့်ပေးနေကြပြီး သူမစကားကိုလက်ခံခြင်းမရှိကြပေ။ ထို့ကြောင့်သူမလည်း ဆက်ပြောမနေတော့ဘဲ အမအခန်းသို့သွား၍အိပ်စက်လိုက်ပါတော့သည်။
နံနက်မိုးလင်းပေါ်လည်း ညကအဖြစ်အပျက်ကိုမမေ့သေးသည်မို့ မရဲတရဲနှင့် သူမအခန်းသို့သူမဝင်လိုက်ပါသည်။ အခန်းထောင့်တွင် လက်သည်းဆိုးဆေးပုလင်းလေး အဖုံးကတော့ပိတ်လျက်သား။ အရည်များကလည်းအပြည့်။ ဖိတ်စီးယိုကျမှုတစ်စွန်းတစ်စမရှိ။ သူမလက်သည်းဆိုးဆေးပုလင်းလေးကိုကြို၍ ကြောင်တောင်လေးကြည့်နေမိသည်။ ညက သူမကိုယ်တိုင်ပင် အဖုံးပွင့်ရုံမက ဖွင့်လျက်နှင့်ပင် အခန်းထောင့်ကိုပစ်ခဲ့သည်မဟုတ်ပါလား။
ညကသူမအအော်မိခင်ကြားလိုက်ရသော သူမနှင့်ရွယ်တူလောက်ရှိမည့်ယောင်္ကျားလေးတစ်ယောက်ရဲ့အသံ။
'သခင်မ ကျွန်တော်ဘာများလုပ်ပေးရမလဲ အမိန့်ရှိပါ။ '
သူမမျက်စိမမှားတာသေချာသလို အိမ်မက်မဟုတ်မှန်းလည်းသူမသိနေသည်မို့ ဘာလုပ်ရင်ကောင်းမလဲဟု စူးစမ်းဆင်ခြင်တွေးနေမိပါတော့သည်။ စဉ်းစားမရသည့်အဆုံးတွင်တော့ ညကတည်းက Fbသုံးပြီး စားပွဲပေါ်တင်ထားသောဖုန်းကို လှမ်းယူလိုက်ပြီး သူမစိတ်ထဲပေါ်လာသမျှကို Google.com မှာ ရိုက်ထည့်ရှာပါတော့သည်။
. . . . . . . . .
 . . . . . ? . . ?. . . .
.mistress. . . . ,? .,
slave. . . ? ?
ဟိုရှာဒီရှာနှင့် အမှတ်မထင်ဘဲ နိုင်ငံခြားဆိုက်များကြားထဲတွင် ထင်းထင်းလင်းလင်ပေါ်လာသည်က. . .
'ဟယ်. . .စေလိုရာစေ ဆိုပါလား'
ဖြိုးဖြိုးအောင်တစ်ယောက် အတွေးနှင့်လက်တစ်ထပ်တည်းကျကာ လင့်ကိုနှိပ်လိုက်ပါသည်။ မြန်ဆန်လှသောအင်တာနက်လိုင်းကြောင့် ပေါ့ပါးရိုးရှင်းစွာတည်ဆောက်ဖွဲ့စည်းထားသော ယင်းဘလော့ဆိုက်လေးသည် စာသားများနှင့်အတူတက်လာပါတော့သည်။


ဒီလင့်လေးကိုနှိပ်၍ SKIP AD Buttom လေးကိုနှိပ်ပေးခြင်းဖြင့် ကူညီပါ။  

3 comments:

  1. ငင့် အဟုတ်မှတ်လို့ ဖတ်နေတာ ...သူမစိတ်ထဲပေါ်လာသမျှကို Google.com မှာ ရိုက်ထည့်ရှာပါတော့သည်။
    .....ကာတွန်း
    . . . . . ? . . ?. . . .
    .နတ်. . . . ,? .,
    ဆိုးကြီး. . . ? ?
    ဟိုရှာဒီရှာနှင့် အမှတ်မထင်ဘဲ နိုင်ငံခြားဆိုက်များကြားထဲတွင် ထင်းထင်းလင်းလင်ပေါ်လာသည်က. . .
    'ဟယ်. . နတ်ဆိုးကြီး ဆိုပါလား'.....ဟီး ..ဒီလိုဖြစ်ရမှာ...

    ReplyDelete
  2. တိုနတ်ကတော့ လုပ်တော့မယ်....

    ReplyDelete
  3. ဦးစားကြီးApril 13, 2015 at 10:43 PM

    မဟုတ်ဘူး ... Google မှာ ဒီလိုရှာမှ မှန်တာ ..
    ..... ဇာတ်လမ်း
    .....? .. ?
    ဦး ...... ?
    စားကြီး ... ???
    ဟိုရှာဒီရှာနှင့် အမှတ်မထင်ပဲ နိုင်ငံခြားဆိုက်များကြားထဲတွင်
    “ဟယ် .. ဦးစားကြီးဆိုပါလား ” ...... ဒါမှ မှန်တာ ..

    ReplyDelete