စာမျက်နှာများ

Saturday, May 9, 2015

ကောက်ရခဲ့သောလက်သည်းဆိုးဆေးပုလင်းလေး - ၎

'ဒေါက်ဒေါက်. . .ဒေါက်'
'မိဖြိုးရေ.. . .မိဖြိုး. . .'
ဖြိုးဖြိုးအောင် သူဘာ့သာသူရေစွတ်လိုက်သည်။ 'ဟာ ဒါဟိုအဖျက်မတွေရဲ့အသံဘဲ'
'အေးအေး လာပြီဟေ့လာပြီ'
'ရှင်ပြန်ဝင်တော့. . . .'
'ဟုတ်ကဲ့'ဟုအဖြေပေးကာ အခိုးအငွေ့ဖြစ်ပြောင်း၍ ပုလင်းထဲသို့ပြန်ဝင်သွားပါတော့သည်။ ဖြိုးဖြိုးအောင်လည်းပုလင်းကိုယူ၍ အဝတ်ဗီဒိုထဲသို့အမြန်သွားထည့်လိုက်ပါသည်။
'ဟဲ့မိဖြိုးကြာလှချည်လားးးး ဒုန်းဒုန်း'
တံခါးကိုခေါက်ရုံမဟုတ်ဘဲအပြင်မှထုနေပြီဖြစ်သောကြောင့် ဖြိုးဖြိုးအောင်အမြန်သွားဖွင့်ပေးလိုက်ပါသည်။

'ဟဲ့ တံခါးဖွင့်တာ ဒီလောက်ကြာရအောင်အခန်းထဲမှာညည်းဘာတွေ ကြိတ်လုပ်နေတာလဲ ပြောစမ်း'
တံခါးဖွင်လိုက်သည်နှင့် အသံစွာစွာနှင့်ပန်းအိကဝင်လာပါသည်။ Nickname စုံထောက်မဟုအမည်ပေးထားသော ငြိမ်းသန့်ကတော့ ဝင်လာကတည်းက နေရာအသစ်အဆန်းကိုဘဲရောက်နေသလိုလို အန္တရာယ်ဘဲရှိသလိုလိုဖြင့် အခန်းအနှုံ့မျက်စိဝေ့ကြည့်နေပါတော့သည်။
'ကဲ ထိုင် ဘာကိတ်'
ခုတင်ပေါ်ရောက်၍ထိုင်ပြီးသည်နှင့် စုံထောက်မလက်ကလျင်စွာပင် ဖုန်းကိုလှမ်းယူလိုက်ပါသည်။ လော့ဖွင့်လိုက်သည်နှင့်ပေါ်လာသည်က ကြည့်လက်စWebpage။
'အမလေးးး ဟဲ့ ဘာတွေလဲ'
'ဘာတွေလဲဟဲ့ငါ့လည်းပြစမ်းပါအုန်း'
'ဟယ်'
နှစ်ယောက်စလုံးရဲ့အကြည့် ဖြိုးဖြိုးအောင်ဆိုသို့ကျရောက်လာပါတော့သည်။
'မိဖြိုးမ ညည်းဒါ့ကြောင့် တံခါးဖွင့်တာကြာနေတာကို' ကအစပြုကာ ဟိုပြောဒီပြောနှင့် သုံးယောက်သားတွတ်ထိုးပြီးနောက် နေ့လယ်နေ့ခင်းထမင်းအတူတူစားကြကာ ညနေဘက်တွင်တော့ ပန်းအိနှင့်စုံထောက်မတို့ပြန်သွားကြပါတော့သည်။ ဖြိုးဖြိုးအောင်ဆီမှ သူတို့နှစ်ယောက်ယူသွားသည်ကတော့ ဖြိုးဖြိုးအောင်ကြည့်လက်စဖြစ်နေသော စေလိုရာစေ Website လင့်ပင်ဖြစ်သည်။

နာမည်နဲ့လိုက်အောင်ပင် စုံထောက်မဆိုသည့်အတိုင်း အိမ်ပြန်ရောက်ပြီး ရေမိုးချိုးစားသောက်ပြီးသည်နှင့် ကြည့်နေကြရုပ်ရုင်ဇာတ်လမ်းတွဲကိုပင်မကြည့်တော့ဘူး သူမ၏လက်ဆွဲတော် Tap 2 ကိုကိုင်၍ အခန်းတွင်းလော့ချ၍ ဖြိုးဖြိုးဆီမှ ရလာခဲ့သော Websiteအတွင်းရှိတင်ဆက်ထားသည်များကို စတင်စပ်စုစူးစမ်းပါတော့သည်။
ဦးစွာပထမ စာများကိုမဖတ်သေးဘဲ ဓာတ်ပုံ Lable ကိုနှိပ်၍ ပုံများကိုစတင်ကြည့်ရှုရုံနဲ့တင် သူမစိတ်တွေ မယိုးမရွဖြစ်နေပြီဖြစ်သည်။
‘ဒါဘာတွေလဲ ဘယ်လိုမိန်းခလေးမျိုးတွေက ဒါမျိုးတွေကိုလုပ်နိုင်တာလဲ၊ ယောင်္ကျားလေးတွေကရော ဘာလို့များလဲ’ စသည့် စသည့်အတွေးမျိုးစုံကိုတွေးလျက် ပုံများကို ဆက်လက်ရှုစားနေမိပါတော့သည်။
အမယ်ကြိုးချည်နည်းလေးပါလား၊ ငါ့ဘာ့သာငါတောင်လက်တွေ့စမ်းသပ်လို့ရတာပါဘဲလား။ အယ်ငါဘာတွေတွေးမိနေပါလိမ့်။ ငြိမ်းသန့်တယောက်တည်းတွေးရင်း ကြည့်ရင်းနှင့် တစ်ယောက်တည်း ပီတိဖြာနေမိပါတော့သည်။ သူမအများဆုံးကြည့်မိသည့်အပိုင်းကတော့ ဖြိုးဖြိုးအောင်ကြည့်သကဲ့သို့ ယောင်္ကျားလေးတယောက်ကိုခိုင်းစေခြင်းမျိုးမဟုတ်ဘဲ၊ ယောင်္ကျားလေးများက မိန်းခလေးများကို အနိုင်အထက်ပြုလုပ်သော ဓာတ်ပုံနှင့်စာပေ၊ရုပ်ရုင်များပင်ဖြစ်နေပါတော့သည်။


ဒီလင့်လေးကိုနှိပ်၍ SKIP AD Buttom လေးကိုနှိပ်ပေးခြင်းဖြင့် ကူညီပါ။  

No comments:

Post a Comment