‘ကလင်…ကလင်….’
စူးရှလှသောဖုန်းသံမြည်သံကြောင့် အိမ်ရှေ့ဘုရားခန်းတွင်အိပ်ပျော်နေသောမောင်မောင်လျှာ
သူ့ဘောင်းဘီအိတ်ကပ်ထဲမှဟန်းဆက်ကို ဆွဲထုတ်လိုက်ပါသည်။
‘ဟလို…’
လေးပင်လှသောအသံဖြင့် မောင်မောင်လျှာပြောလိုက်ပါသည်။
‘ဟဲ့ ငလျှာ ဒီမှာစောင့်နေတာကြာလှပြီ အခုထိမလာသေးဘူး’
သူ့ရည်းစားရဲ့နားဝင်ချိုလှစွာသောအသံလေးကြောင့် မောင်မောင်လျှာ့မျက်လုံးများပြူးကျယ်သွားကာ
ပျာပျာသလဲထ၍ ရေချိုးခန်းအမြန်ဝင်ပြီး ရေလေးသုံးလေးခွက်လောက်လောင်းကာ ဆပ်ပြာပင်မတိုက်နိုင်ဘဲ
အမြန်အမြန် စတင်လှုပ်ရှားပြင်ဆင်ပါသည်။ အင်္ကျီကိုလည်း လောကြီးစွာဝတ်လိုက်ခြင်းကြောင့်
အင်္ကျီကလည်းပြောင်းပြန်ဖြစ်နေပါသည်။ ဒါကိုလည်း သူသတိမမူမိပါ၊ ဘောင်းဘီကိုလည်း တွေ့ရာကောက်စွတ်ကာ
ရေးမွှေးပုလင်းယူ၍ အနည်းငယ် ‘ရှူးး ရှူးး’ လုပ်ပြီးနောက် သူ၏ချစ်ကြောက်ရိုသေရစွာသော
ချစ်သူလေးဆီ ဂိုထောင်ထဲမှကားကိုထုတ်၍ အမြန်မောင်းနှင်လာခဲ့ပါသည်။