စာမျက်နှာများ

Friday, December 19, 2014

Sadomasochism နာတာကို သာယာခြင်း

ဘာတင်ရင် ကောင်းမလဲ ဘာတင်ရင် ကောင်းမလဲနဲ့ စဉ်းစားရင် စဉ်းစားရင်း ရှာဖွေရင်းနဲ့ ကျောင်းထဲဝင်မွှေလိုက်တာ တွေ့ပါတယ်အများကြီးဘဲ ဒီအထဲကမှ ဗဟုသုတရစေမယ့် ဟာကို ရွေးပြီးတင်ပေးလိုက်ပါတယ်နော်....ဟိုဟိုဒီဒီလျှောက်သွားရင်း ဒေါက်တာ တင့်ဆွေ ရေးထားတဲ့ BDSM အကြောင်း သိကောင်းစရာကို ကျောင်းက သူငယ်ချင်းတွေ လေ့လာလို့ရအောင် ကူးယူဖော်ပြလိုက်ပါတယ်။

----------------------------------

Sadomasochism နာတာကို သာယာခြင်း

လိင်ဆက်ဆံမှုမှာ ကျား-မ လိင်အင်္ဂါနှစ်ခုကို သမားရိုးကျ အသုံးချနည်း မဟုတ်တာတွေ အများကြီးရှိတယ်။ အားလုံး ရေးနေရင် ဆေးပညာစာနဲ့ လမ်းလွဲသွားလိမ့်မယ်။ မေးတဲ့သူပြောတာကို ရောဂါလို့ ခေါ်-မခေါ် အပြောရခက်တယ်။ နာတာကို Aphrodisiac လိင်စိတ်ကြွစေတဲ့နည်း အနေနဲ့ သုံးတာ Kama Sutra ကာမသျှတြနည်းတွေမှာလဲ ပါတယ်။

Sadomasochism (ဆက်ဒိုမက်တိုချဇင်မ်) ရဲ့ စိတ်ပညာ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ Sadistic (ဆဒစ်စတစ်) နဲ့ Masochistic (မက်ဆိုချစ်စတစ်) နှစ်မျိုးတွဲထားတယ်။ ၁၈၉ဝ ကတည်းက ဂျာမန် စိတ်ပညာရှင်ကနေ စသုံးခဲ့တာ ဖြစ်တယ်။ သူတပါးနဲ့ ဆက်ဆံရာ (လိင်ဆက်ဆံတာ တခုတည်း မဟုတ်ပါ) မှာ Submissive period အောက်ကျခံချင်တဲ့အချိန်နဲ့ သူများကို Aggressive period အကြမ်းပတမ်း လုပ်ချင်တဲ့ကာလ နှစ်မျိုးတွဲဖြစ်နေတယ်။

လိင်အရေးမှာလဲ အဲလိုစိတ်နှစ်မျိုးအတိုင်း လိုက်လုပ်ရမှ လိင်စိတ် ဖြစ်ပေါ်တာနဲ့ သာယာမှုရတာကို (ဆက်ဒို-မက်တိုချဇင်မ်) ခေါ်တယ်။ Sadist တွေဟာ သူများကို နာကျင်စေသူတွေ နဲ့ Masochist တွေက ကိုယ့်ကိုနာစေတာကို သဘောကျသူတွေ ဖြစ်တယ်။ Dominant က လွှမ်းမိုးသူဖြစ်ပြီး၊ Submissive က အလွှမ်းမိုး ခံရတာကို ကျေနပ် လက်ခံသူ ဖြစ်တယ်။ အဲလိုလူမျိုးတွေထဲမှာ ဆန့်ကျင်ဘက်လိင်ကို နှစ်သက်သူရော၊ လိင်တူသမားရော၊ ယောက်ျားရော မိန်းမပါ ရှိတယ်။

ဒီ ၂ မျိုးလုံးကို စိတ်ပညာရှင်တွေက Discrete mental disorders “လူမသိ-သူမသိ စိတ်ဝေဒနာ” လို့ သတ်မှတ်တယ်။ ဒါပေမဲ့ Sexual sadism လိင်အရေးမှာ အနာခံချင်စိတ် ရှိတာကို Sexual violence လိင်အကြမ်းဖက်မှု နဲ့ Aggression လိင်ကြမ်းတမ်းစွာ ဆက်ဆံမှုတွေနဲ့ ခွဲခြားထားတယ်။

လိင်အရေးမှာ နာကျင်မှုကို သာယာတာဟာ BDSM (Bondage, Discipline, Dominance, Submission, Sadism, Masochism) လို့ ခေါ်တဲ့ အလားတူမျိုးတွေကို လုပ်တတ်ကြတဲ့အုပ်စုထဲမှာပါတယ်။ ထူးခြားတဲ့ လိင်ဆက်ဆံရေး အင်္ဂါရပ် ၆ မျိုးကို ပေါင်းခေါ်တာ ဖြစ်ပါတယ်။

Bondage ဆိုတာ တခုခုနဲ့ စည်းနှောင် တုပ်ထားရင်းနဲ့ လုပ်ဆောင်တာကို ခေါ်တယ်။ လက်ထိပ်၊ တိပ်၊ ကြိုး၊ သံကြိုး၊ စတာတွေကို သုံးတယ်။ မျက်လုံးနှစ်ဖက်ကို စည်းနှောင်ပိတ်ထားတယ်။ အဲလိုလုပ်ထားနေတုံးမှာ လက်ဝါး၊ ကြိမ်၊ ကျာပွတ်၊ ကရိယာ စတာတွေနဲ့ Erotic spanking ရိုက်တယ်။ Spank skirt စကပ်လို အဝတ်အစား သပ်သပ်ရှိသေးတယ်။ အရိုက်ခံရတဲ့ တင်ပါး၊ ရင်သား၊ ပေါင်၊ ကျော စတဲ့ နေရာတွေမှာ အစဉ်းအစဉ်းတွေ ထင်နေရစ်လိမ့်မယ်။

အရိုက်ခံမဲ့သူကို တင်ထားစရာခုံ ရှိတယ်။ ကြိုးပုခက်လဲ ရှိတယ်။ ပေါင်ပေါ်မှာ မှောက်ခိုင်းပြီး ရိုက်တာကလွယ်တယ်။ သံကြိုးနဲ့ဆွဲလို့ရအောင် ကွင်းပါတဲ့ လည်ပင်း-ကော်လာ တပ်နည်း၊ ပါးစပ်မှာ ဆို့ပေးထားနည်းရှိတယ်။ Strappado bondage ဆိုတာက လက်နှစ်ဖက်လုံးကို နောက်မှာထား၊ လက်တွေကို ကြိုး၊ သံကြိုးစတာနဲ့ ချည်နှောင်ပေးပြီး ခါးကော့နေစေတဲ့နည်း ဖြစ်တယ်။ Suspension bondage ဆိုတာမှာ လူကို တွဲလောင်းချထားတယ်။ မျက်နှာကြက်ကနေ တွဲလွဲဆွဲထားတယ်။ အန္တရာယ်များတဲ့နည်း ဖြစ်ပါတယ်။ ဒါတွေက လူကို မလှုတ်နိုင်အောင် လုပ်ထားပြီး နာကျင်စေတဲ့နည်း ဖြစ်တယ်။ ရေးတာ ဖတ်ပြီး စိတ်မလာတဲ့ပြင် တချို့က ကျောချမ်းကြမယ် ထင်ပါတယ်။

တဖြေးဖြေးနဲ့ ဆိုးလာတာတွေကို ဆက်ရေးရရင် Wax play ဖယောင်းပူ (၁၃ဝ-၁၃၅ ဒီဂရီ) ကို ကိုယ်ပေါ်လောင်းချနည်း ရှိတယ်။ လျှပ်စစ်ဓါတ်သုံးနည်းမှာ ကရိယာနဲ့ ဆက်ပြီး လိင်အင်္ဂါနေရာတွေကို ဓါတ်လိုက်စေတယ်။ Urolagnia ဆိုတာကို Golden shower ရွှေရည်လောင်းနည်း၊ Watersports ရေကစားနည်းလို့ တင်စားပေမဲ့ အမှန်က ကိုယ်ပေါ်ကို ရှူ (သေး) ပေါက်ချတာ ဖြစ်တယ်။ ကန်တော့ဗျာ။

Fantasies ဆန်းဆန်းပြားပြား လုပ်တာဟာ တကယ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ပါ။ အနုပညာလို၊ ပညာရပ်တခုလို၊ ဇာတ်ဆောင်နေသလို လုပ်တတ်မှသာ သာယာမှုကို ပေးနိုင်တယ်။ Discipline စည်းကမ်းထားရတယ်။ အတိုင်းအဆလိုတယ်။ အပြန်အလှန် နားလည်မှု ရှိရတယ်။ အပြုလုပ်ခံသူဟာ သူ့မှာ လုံခြုံမှုရှိတာကိုသိမှသာ သာယာမှု ရမယ်။ ဝါသနာတူသူတွေက Bondage Club (ကလပ်) လုပ်ပြီး လူသစ်တွေကို သင်တန်းပေးကြတယ်။

သူတို့တတွေက လိင်ဆက်ဆံတဲ့အခါမှာ Pain နာကျင်တာကိုရော Humiliation သိက္ခာညစ်နွမ်းစေအာင်၊ နစ်နာစေအာင် အလုပ်ခံရတာကိုပါ လိင်စိတ်ဖြစ်ပေါ်လာတယ်၊ ဦးနှောက်ထဲမှာ Pain receptors နာတာကို ခံစားတဲ့နေရာနဲ့ Pleasure receptors သာယာတာကို ခံစားတဲ့နေရာတွေက ကပ်ကပ်လေးရှိတာမို့ ဖြစ်မယ်လို့ ဆရာဝန်တွေက ယူဆကြတယ်။ ဆန်းတာကို စမ်းချင်တဲ့သဘော၊ စောကြောချင်တဲ့သဘောမျိုးဆိုတာ လူ့စိတ်အခြေခံမှာ ရှိပါတယ်။

စိတ်ကူးထဲမှာ ဆန်းတာကိုတွေးပြီး လိင်စိတ်ဖြစ်ပေါ်စေတာမျိုးရှိတယ်။ ဥပမာ အဖြစ်နည်းလွန်းတဲ့ ဇာတ်လမ်းမျိုးကို ကြားရ၊ ဖတ်ရ၊ ကြည့်ရတဲ့အခါ မဖြစ်နိုင်မှန်း သိပေမဲ့လဲ စိတ်ကို သက်ရောက်စေပါတယ်။ ဒီသဘောကို Masturbation ဖါသာအာသာဖြေတဲ့အခါ သုံးချကြတယ်။ အဲလိုစိတ်ကြွစေအောင် ရေးတဲ့၊ ပြတဲ့ “ရောင်းကုန်” အားလုံးဟာ တကယ်မရှိတာ၊ တကယ်မဖြစ်နိုင်တာတွေသာ ဖြစ်တယ်လို့ ဝေဖန်ရင် မှန်မယ်ထင်ပါတယ်။

Piercing ဟိုနေရာဒီနေရာ ကွင်းတွေဝတ်ဆင်တတ်သူတွေမှာ အနည်းနဲ့အများ အသားနာတာကို သဘောကျစိတ်ရှိတယ်။ တချို့လဲ သူများယောင်လို့ လိုက်ယောင်တာလဲရှိမယ်။ Vibrators ခေါ်တဲ့ Sex toy လိင်ကစားစရာ၊ တုန်ခါစေတဲ့ ကရိယာက အရေပြားနဲ့ လိင်အင်္ဂါတွေက အာရုံကြောလေးတွေကို ကလိပေးလို့ စိတ်ပြေလျှော့စေပြီး သာယာမှုပေးတယ်လို့ ဆိုတယ်။ ဒီနည်းကလဲ နာစေတာဘဲ ဖြစ်တယ်။ ကြိုက်တဲ့သူတွေမှာသာ အဲလိုဖြစ်မှာပါ။ တချို့က ခလုပ်မဖွင့်ရသေးခင် ကြောက်နေချင်နေမယ်။

လိင်ကိစ္စမှာ အဆန်းထွင်တာတွေ Sexual fantasy ထဲမှာ Oral sex ဆက်ဆံတဲ့အခါ ပါးစပ်ကို အသုံးပြုတာက အရှင်းဆုံး နဲ့ အများဆုံး လုပ်ကြတဲ့နည်း ဖြစ်တယ်။ လက်ခံသူက မိန်းမဖြစ်တာကို Cunnilingus လို့ ခေါ်ပြီး၊ ယောက်ျားကို အဲလို လုပ်ပေးတာကို Fellatio လို့ ခေါ်တယ်။ Fantasies ကို Sex therapy လိင်နဲ့ဆိုင်တဲ့ အခြေအနေကို ကုသပေးနည်း အဖြစ်လဲ သုံးပါတယ်။

သူနာပြုဝတ်စုံနဲ့ မိန်းကလေးတွေပုံတွေ့တိုင်း တကယ့် စေတနာရှင် သူနာပြုတွေလို့ မထင်လိုက်ပါနဲ့။ Medical fetishism ဆိုတာရှိတယ်။ ဝတ်စုံဝတ်ထားတာကို သဘောကျပြီး၊ လိင်စိတ်ဖြစ်တဲ့သူတွေရှိတယ်။ ယူနီဖေါင်းသာ ဝတ်ဆင်ကြပေမဲ့ မျက်နှာထားက တခြားစီသာဖြစ်ပါတယ်။ စစ်ဝတ်စုံ၊ ကျောင်းဝတ်စုံ၊ စားပွဲထိုးဝတ်စုံ၊ စတာတွေ ဝတ်ကြတာလဲ အဲလိုသဘောဘဲ ဖြစ်တယ်။ ဒါပေမဲ့ ယောက်ျားဖြစ်သူက Lingerie မိန်းမအတွင်းခံတွေ ဝတ်ပြီး၊ မိန်းမက Necktie နက်တိုင် စီးထားတာမျိုးဖြစ်တဲ့ Transvestic fetishism အဝတ်အစား ပြောင်းပြန်ဝတ်ကြတာနဲ့ မတူပါ။

ဘာသာရေးမှာလဲ ယုံကြည်မှုအတွက် အဲလိုလုပ်တယ်။ The Da Vinci Code ဆိုတဲ့ စိတ်ကူးယဉ်ဝတ္ထု ရှိတယ်။ ရုပ်ရှင်လဲရိုက်တယ်။ Tom Hanks (တွမ်-ဟန့်စ်) က (ရောဘတ်-လင်ဒွန်) အနေနဲ့ သရုပ်ဆောင်တယ်။ လူသတ်သမား Silas (ဆဲလပ်စ်) ဟာ Albino ခေါ်တဲ့ မွေးရာပါ တကိုယ်လုံး ဖြူဆွတ်နေသူ၊ Corporal mortification အကျင့်ကို လိုက်နာသူ ဖြစ်တယ်။ ဒီအကျင့်ဟာ ကိုယ့်အသားကို အနာခံတဲ့ (ရိုမန်-ကက်သလစ်-ချာ့ခ်ျ) အယူအဆတခုနဲ့ Opus Dei အဖွဲ့ဝင်တွေရဲ့ လိုက်နာ ကျင့်သုံးနည်း ဖြစ်တယ်။ Sins အကုသိုလ်တွေ ပယ်ပြီး Sanctity စင်ကြယ်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ဆိုပါတယ်။ သဘောမတူသူတွေက နာစေတာဟာ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် မကောင်းပါလို့ ငြင်းဆိုတယ်။

Dr. တင့်ဆွေ

-----------------------------
အားလုံး မိမိနှစ်သက်စိတ်ပါဝင်စားတဲ့ ခံစားချက်များနဲ့ အန္တရာယ်ကင်းဘေးရှင်းစွာ အကောင်အထည်ဖော်နိုင်ကြပါစေ။

ခင်မင်လျက်
ဦးစားကြီး


ကျောင်းထဲမှာဦးစားကြီးကူးလာတာကို မူရင်းအတိုင်းတစ်တော့ကပြန်ကူးယူခဲ့ပါတယ် :D :D :D 
တင်ဖူးခဲ့ပါတယ်ဆိုရင်လည်း ဆော်တီးနော်... တစ်တော့ပိုစ့်အဟောင်းတွေကို ပြန်မစစ်ထားမိလို့..... တင်ဖူးတော့လည်း ဒုတိယအကြိမ်ပေါ့နော်... 

No comments:

Post a Comment