စာမျက်နှာများ

Friday, December 19, 2014

BDSM relationship တစ်ခုစတော့မယ်ဆိုရင်

ဆိုက်ထဲမှာက ပုံတွေ ၊ မူဗီတွေ ၊ စာတွေဘဲ ရှိနေလေတော့ ဗဟုသုတနည်းမှာစိုးလို့ ဗဟုသုတတွေများများရစေချင်လို့ တစ်တော့လေ အပင်ပန်းခံပြီးးးး သူများရေးထားသမျှတွေကို လိုက်ကူးပြီး တင်ပေးလိုက်ပါတယ်နော်......BDSM relationship တစ်ခုစတော့မယ်ဆိုရင် တခြားပုံမှန်relationship နဲ့ မတူတာက သူက လိင်ဆက်ဆံမှု မပြုခင် တနည်း BDSM လို မကစားခင်မှာ ၂ဦးသဘောတူညီချက်ယူရတာပဲဗျ။ အဲ့ သဘောတူညီချက်ထဲမှာ ပါတဲ့ အများစုကတော့
submissive အတွက် လိုက်နာရမယ့် စည်းကမ်းတွေ၊
Safe Word လို့ခေါ်တဲ့ အရေးပေါ်စကားလုံးတွေ၊
dom တစ်ယောက်လုပ်ရမဲ့အရာ၊ လုပ်နိုင်မဲ့အရာတွေ။
Sub တစ်ယောက် လုပ်ချင်တဲ့အရာ မလုပ်ချင်တဲ့အရာတွေ (soft and hard limit)
စတာတွေပါပါတယ်။

Sub/slave တစ်ယောက် လိုက်နာရမဲ့ စည်းကမ်းတွေကို ၂ဦး ညှိနှိုင်းရပါတယ်။ ကျွန်တစ်ယောက်က မလိုက်နာနိုင်တဲ့၊ လိုက်နာဖို့ မလွယ်တဲ့ စည်းကမ်းမျိုးကို အကြောင်းပြချက် ကောင်းကောင်းရှိလျှင် master သခင် အနေနဲ့ မထုတ်သင့်ပါဘူး။ ဥပမာ အလုပ်နေ့စဉ်သွားရမယ့် ကျွန်မတစ်ယောက်ကို နေ့တိုင်း အချိန်ပြည့်ဘရာမဝတ်ရဆိုတဲ့ စည်းကမ်းမျိုးက သိပ်ပြီး လက်တွေ့မကျလှပါဘူး။ အများစုပါတဲ့ စည်းကမ်းတွေကတော့ သခင့်အမိန့်နာခံရတာ။အချိန်မှန် အိပ်ခိုင်းတာ။ အစားအသောက်ကို ကန့်သတ်တာ(snack မစားခိုင်းတာမျိုး၊ sodaတို့ အရက်တို့ မသောက်ခိုင်းတာမျိုး)၊ အိပ်ပြန်ချိန်သတ်မှတ်တာ စတာတွေ ပါပါတယ်။ အဲ့ စည်းကမ်းတွေကို မလိုက်နာနိုင်ရင်တော့ သခင်ကပေးတဲ့ အပြစ်ကို ခံရမှာပါ။

Safe Word ဆိုတာကတော့ submissive အနေနဲ့ သခင်နဲ့ ကစားနေတုန်းမှာ ကစားနေတာကို ရပ်ဖို့ သုံးနိုင်ပါတယ်။ စကားလုံးကတော့ ၂ဦးသဘောတူထားတဲ့ စကားလုံးဖြစ်ရပါမယ်။ ဒါပေမဲ့ ကစားစဉ်မှာ မရည်ရွယ်ပဲ ပြောမိနိုင်တဲ့ စကားတွေ မဖြစ်ရပါဘူး။ ဥပမာ -`ကြောက်ပါပြီ´တို့၊ `နောက်မလုပ်တော့ပါဘူး´ စတာတွေပေါ့။ တခြားနိုင်ငံမှာ အသုံးများတဲ့ စကားလုံးကတော့ `red´ပါ။

Soft limit, hard limit ဆိုတာကတော့ အကန့်အသတ်တွေပါ။ ကျွန်တစ်ယောက်အနေနဲ့ မလုပ်မဲ့အရာ၊ အလုပ်မခံမဲ့ အရာတွေ ပါပါတယ်။ သည်လိုပဲ dom တစ်ယောက်အနေနဲ့ မလုပ်တာတွေလဲ ပါပါတယ်။ ဟုတ်ပါတယ် ကျွန်တစ်ယောက်အတွက်သာမက သခင် တစ်ယောက်အတွက်ပါ အကန့်အသတ်တွေ ထားရပါတယ်။ ဘာလို့လဲဆိုတော့ ဥပမာ - ကျနော်ဆိုရင်  သွေးထွက်အောင် ရိုက်တာတို့၊ ဆီးတွေ ဝမ်းတွေပါတာတို့၊ မီးပါတဲ့ အရာမှန်သမျှရယ်၊ ကြိုးချည်ပြီး တန်းမှာ တစ်ကိုယ်လုံးဆွဲထားတာတို့တွေဟာ ကျနော် မလုပ်မဲ့ အရာတွေပေါ့။ ကျွန်အနေနဲ့လဲ ကိုယ့် သတ်မှတ်ချက်တွေကို ထားလို့ရပါတယ်။ ကျနော့် အရင်ကောင်မလေးဆို role play လုပ်ရင် daddy နဲ့ သမီး မလုပ်တာက သူ့ ကန့်သတ်ချက်ပေါ့။ soft နဲ့ hard ကတော့ အပြင်းနဲ့ အပျော့လိုပါဘဲ soft ဆိုတာကတော့ နည်းနည်းအချိန်ကြာလာလို့ ယုံကြည်မှုတွေ ပိုလာရင် စမ်းချင်စမ်းမဲ့သဘော။ hard ကတော့ လုံးဝ  no ဆိုတဲ့ ဟာတွေပေါ့။
masterက slaveကို အပြစ်ပေးတဲ့ အခါ slave ရဲ့ hard limit ကို မကျော်ရပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ စည်းကမ်းတွေ အကန့်အသတ်တွေဟာ ၂ဦးသဘောတူ အချိန်မရွေးပြောင်းခွင့်ရှိပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ နားလည်မှုမြင့်လာကြသလို ယုံကြည်မှုလဲ တိုးလာတဲ့ အခါမှာတော့ အသစ်အသ်စ်တွေကို စမ်းနိုင်ပါတယ်။  ပြီးရင်  သေချာလိုက်နာဖို့တော့လိုပါတယ်။ အထူးသဖြင့် safe word ကို မျက်ကွယ်ပြုတာမျိုး၊ hard limit ကို ဂရုမစိုက်တာမျိုးတွေကို လုံးလုံး မလုပ်သင့်ပါဘူး။ တကယ်လို့ လုပ်ခဲ့ရင် တချို့နိုင်ငံတွေမှာ တရားဆွဲလို့ရပါတယ်။ သဘောတူညီမှုကို ဖျက်လိုက်တဲ့ အတွက် သဘောတူ လိင်ဆက်ဆံမှုကနေ abuse အဖြစ်ပြောင်းသွားလို့ပါ။

သိပြီးသားလူတွေ ရှိမှာဖြစ်ပေမဲ့ မသိသေးတဲ့ လူတွေ အတွက်ရည်ရွယ်ပါတယ်။ ကျနော်ရေးတာ လိုသွားလဲ ထောက်ပြကြပါအုန်းလို့။

လျှာရှည်လိုက်ပြန်တဲ့
Dex

အချစ်တက္ကသိုလ်မှာ ကိုကို Dex ရေးထားတာလေးကို တစ်တော့က မဖတ်ရသေးသူတွေဖတ်ရအောင်ဆိုတဲ့ စေတနာလေးနဲ့ တင်ပေးလိုက်ရပါတယ်နော်...

No comments:

Post a Comment