စာမျက်နှာများ

Tuesday, February 10, 2015

ကောက်ရခဲ့သောလက်သည်းဆိုးဆေးပုလင်းလေး - ၁

အခန်း(၁) ၊ အပိုင်း(၁)



ဆေးရုံကြီးအရှေ့လမ်းမပေါ်မှနေ၍ တရွေ့ရွေ့နှင့် ဘူတာရှိရာသို့ဦးတည်ကာ အာကာလမ်းလျှောက်လာခဲ့သည်။ ဒီနေ့အလုပ်ထဲတွင် လုပ်စရာမရှိသဖြင့် တနေကုန်လုံး အချစ်တက္ကသိုလ်တွင်သာ အချိန်ဖြုန်းခဲ့ရသည်မို့ ခေါင်းတွေကလည်း မူးနောက်နောက်။ လသာ ၂ ရှေ့အရောက်တွင်တော့ သံတိုင်ပေါ်မှာတင်ထားသော ခရမ်းရောင်လက်သည်းဆိုးဆေးပုလင်းလေးကို အမှတ်မထင်သူတွေ့လိုက်ပါသည်။ သံတိုင်ပေါ်တွင်ရှိနေသော လက်သည်းဆိုးဆေးပုလင်းလေးသည် သူ့အားလှမ်းယူငင်လိုက်ပါဟု ပြောနေသယောင်။ သို့သော် အာကာသည် ထိုလက်သည်းဆိုးဆေးပုလင်းလေးကို လှမ်းမယူခဲ့ပါ အဘယ်ကြောင့်ဆိုသော် တယောက်ယောက်များမြင်သွားလေမလားဆိုသည့် ခံစားချက်ကြောင့်ဖြစ်သည်။ သို့သော် ထိုပုလင်းကိုယူချင်သောစိတ်သည် မယူနဲ့ယူသောစိတ်အား အနိုင်ရကာ ကျော်သွားပြီးသောခြေလှမ်းများကို နောက်ကြောင်းပြန်လျှောက်၍ ပုလင်းလေးအား မသိလိုက် မသိဘာသာလှမ်းယူလိုက်ပါသည်။ ထို့နောက်ပုလင်းလေးအား သူ့နောက်တွင်သိုင်းပိုးထားသော ကျောပိုးအိတ်အနက်ရောင်၏ဘေးအိတ်ထဲသို့ ထိုးသွင်းထည့်လိုက်ပါသည်။
လမ်းတလျှောက်သူတွေးလာသည့်အတွေးကတော့ ထိုလက်သည်းဆိုးဆေးပုလင်းလေးသည် အချစ်တက္ကသိုလ်တွင်ဖတ်ခဲ့ရသော ပန်းပုရုပ်တုလေးဇာတ်လမ်းထဲကကဲ့သို့ အစွမ်းများရှိခဲ့လျှင် သိပ်ကောင်းမှာဘဲဟုပင် ဖြစ်တော့သည်။
အာကာ၏စိတ်ကူးယဉ်မှုများသည် အမှန်တကယ်တွင် လက်တွေ့မဖြစ်လာခဲ့ပါ။ စိတ်ကူးယဉ်မှုများသည် စိတ်ကူးယဉ်မှုများပင် ဖြစ်နေပါတော့သည်။ ထိုသို့နှင့်ပင်အချိန်တွေများစွာကြာမြင့်ခဲ့ပါတော့သည်။ သို့သော်အာကာသည် ထိုလက်သည်းဆိုးဆေးပုလင်းလေးအား မသုံးခဲ့သလို မျှော်လင့်မှုများလည်း မပျက်ခဲ့ပေ။ သူ၏မျှော်လင့်ချက်များကိုလည်း သူသေဆုံးတဲ့အချိန်ထိတိုင်အောင် ယူသွားပါတော့သည်။ လက်သည်းဆိုးဆေးပုလင်းလေးရပြီး နှစ်ခြောက်ဆယ်အကြာ သူ့အသက် ရှစ်ဆယ်တစ်နှစ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ လက်သည်းဆိုးဆေးခရမ်းရောင်ပုလင်းလေးကတော့ နှစ်ပေါင်းကြာပြီဖြစ်တာကြောင့် ခြောက်ကပ်၍ချောင်တစ်ခုထဲတွင်ပင် ရောက်နေခဲ့ပြီဖြစ်သည်။
လူတယောက်၏မသေခင်တွေးသောအတွေးတို့သည် ထိုလူအတွက်သေပြီးနောက်ပိုင်း အကောင်းအဆိုးတို့ကို များစွာဖြစ်ပေါ်စေသည်။ အာကာသည်လည်း မသေခင်တွေးလိုက်မိသော ဟိုတွေးဒီတွေးများထဲမှ လက်သည်းဆိုးဆေးပုလင်းလေးကိုတွေးနေရင်း လူကြီးရောဂါဖြင့် အသက်ပျောက်ခဲ့ရသဖြင့် လက်သည်းဆိုးဆေးပုလင်းလေးထဲတွင်သွားကာ ဝိညာဉ်တည်၍ထိုအထဲတွင်ပင်ပိတ်မိနေခဲ့ပါတော့သည်။
နှစ်ကာလတွေကြာရှည်သွားပြီး ထိုလက်သည်းဆိုးဆေးပုလင်းလေးသည်လည်း ပုံစံပြောင်းကာ ပုလင်းအသစ်တစ်ခုအဖြစ်ပြန်ရောက်နေပြီဖြစ်သည်။ သို့သော် မူရင်းတံဆိပ်မဟုတ်တော့သလို မူရင်းအရောင်ဖြစ်သည့် ခရမ်းရောင်လည်းမဟုတ်တော့ပါ။ အခုအခါတွင်တော့ အနီရောင်တောက်တောက်ပုလင်းလေးအဖြစ် Apple အလှကုန်မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဘာတွေဘယ်လိုဘဲပြောင်းခဲ့သည်ရှိစေ မကျွတ်မလွတ်သေးသော အာကာ၏ဝိညာဉ်လေးသည် အထဲတွင်စွဲကပ်နေမြဲဖြစ်ပြီး နတ်မင်းကြီးတစ်ပါး၏အမိန့်အရ ဒီတခေါက်လက်သည်းဆိုးဆေးပုလင်းလေးကို လက်ဝယ်ရရှိသောသူသည် သူ၏သခင် သို့မဟုတ် သခင်မ ဖြစ်လာရမည်ဖြစ်သည်။
Apple ၏အလှကုန်များသည် လူသုံးများကြသည်ဖြစ်သဖြင့် သူ့ကိုဂိုထောင်မှထုတ်ပြီး အရောင်းချိန်သို့ရောက်သွားပြီးချိန်တွင်ပင် သူရှိနေသောပုလင်းလေးအား ကောင်မလေးအုပ်စုတစ်ခုမှ ဝယ်ယူခဲ့ပါတော့သည်။

5 comments:

  1. ဘာလဲဟ ဟုတ်တိပတ်တိနဲ့ .......ဘာမှလဲ ဟုတ်ဘူး တေနာရေး ဖတ်တဲ့လူဇိမ်ပျက်တယ်ကွယ်.....

    လာလည်သွားတယ် ခြေရာချန်ခဲ့တယ်...ဒါဗြဲ ...

    ReplyDelete
    Replies
    1. တင်မှာပေါ့ နတ်ရဲ့ တစ်လကို တစ်ပုဒ်နှုန်းနဲ့လေ....

      Delete
  2. ငယ်ကျွန်March 13, 2015 at 11:29 AM

    ဇာတ်လမ်းကို ဆက်ရေးလေ။ ရပ်မထားနဲ့

    ReplyDelete
    Replies
    1. ဆက်ရေးနေပါတယ် ငယ်ကျွန်ရေ ၊ အခုလိုအားပေးတဲ့အတွက်လည်း ကျေးဇူးပါ

      Delete
  3. ဘယ်တော့တင်မလဲ

    ReplyDelete