စာမျက်နှာများ

Saturday, January 23, 2016

ကိုဒက်ပေးမယ့်ဇာတ်လမ်းနာမည်အတိုင်း



အပိုင်း (၁)
လှလှပပ ဆောင်းရာသီညနေခင်းတစ်ခု။
ရာသီဥတုက အေးအေးချမ်းချမ်းရှိလှထင့်။
ညနေ၅နာရီပဲ ရှိသေးပေမင့် မှောင်ရိပ်က သမ်းနှင့်ပေပြီ။ လူသွားလူလာ မပြတ်လှသေးပေမယ့် နဂိုကတည်းက လူသိမ်မများငေါ တောင်ပေါ်မြို့လေးမို့ လမ်းပေါ်တွင် လူကကျိုးတို့ကျဲတဲသာ။
ဘာလိုလိုနဲ့ သည်မြို့ကလေးသို့ သူရောက်လာသည်ပင် ၂နှစ်ပြည့်တော့မည်။ မြို့ပြလူနေမှုနှင့်မတူ အေးချမ်းလှသော သည်မြို့လေးကို သူပင် ခင်တွယ်စပြုနေပေပြီ။ အလုပ်ကြောင့် လာခဲ့ရသော်လည်း ခုတော့ဖြင့် သည်မြို့လေးတွင် သူပျော်နေပေပြီ။ ရန်ကုန်မှာလို ကားမပိတ်၊ လူမကြပ် အလုပ်သွား အလုပ်ပြန်ဖြင့် အေးဆေးသောဘဝလေးကို သူကျေနပ်မိနေပြီ။ သူ့ရဲ့ ချစ်လှစွာသော ဇနီးလည်း နေသားကျနေပေပြီ။ စရောက်စကထက်စာလျှင် အသားကျ အဆင်ပြေနေပြီမဟုတ်လော။ သူ အလုပ်သွားချိန်တွင် တစ်ဦးထဲ ကျန်ခဲ့တတ်သဖြင့် ညည်းတွားလေ့ရှိသော 'ငယ်'မှာ ခုဆို သည်မြို့ရှိ လူမှုရေးအသင်းများတွင် စွမ်းစွမ်းတမံ တက်ကြွလှုပ်ရှားသူ ဖြစ်နေပေပြီ။ တခါတရံ ငယ်က သူ့ထက်ပင် ပို၍ အလုပ်ရှုပ်တတ်သေးသည်။ ခုလဲ ပိတ်ရက်ပေမယ့် တောင်ပေါ်ရှိရွာများသို့ လစဉ်သွားနေကျဖြစ်သော နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် လိုက်သွားလေသည်။ တနေကုန်သွားရင်း ညဘက် အတော်နောက်ကျမှ ပြန်လာရတတ်သဖြင့် သူ တစ်ယောက်တည်း ခပ်ပျင်းပျင်းဖြစ်နေသည်။
ထို့ကြောင့် ကွန်ပျူတာရှေ့ထိုင်ကာ ဖုန်း အင်တာနက်နှင့် ချိတ်ပြီး သတင်းကြည့်ရန် ထိုင်လိုက်သည်။ ကွန်ပျူတာက ဘာဖြစ်သည်မသိ ဘာမှ တက်မလာချေ။ ဟိုကလိ သည်ကလိ ကြည့်သော်လည်း မထူးခြား။ ကြည့်ရတာ ပါဝါ စပလိုင်း ကြွသွားပြီထင့်။

မတတ်နိုင်။ နောက်နေ့ကျမှ ဆိုင်သွားပြရုံသာ။ ပိုက်ဆံထွက်အုန်းတော့မည်ဟု တွေးမိသေးသည်။ ပျင်းတာက မပျောက်သဖြင့် အခန်းထဲရှိ ငယ့် လက်ပတော့ကို သွားယူကာ သုံးဖို့ လုပ်လိုက်သည်။ သူ့ လက်တော့က တော်တော်နှင့်မတွေ့။ လက်တော့က ဟောင်းတော့ ဟောင်းနေပေမယ့် ငယ်ကတော့ သည်လက်တော့ကြီးကိုသာ စွဲစွဲမက်မက်သုံးလေ့ရှိသည်။
'ငယ့်အတွက်က သုံးလို့ရနေသေးတာပဲ ကိုရဲ့။ လိုပါဘူး အသစ်။ ပိုက်ဆံ အပိုကုန်ပါတယ်။'
သူကတော့ အိမ်ရှိ desktop ကိုသာ သုံးပါသည်။ ရုံးမှာက သူ့ဘာသာရှိပြီးသားပဲ။ လက်တော့လိုမျိုးကို သူသိပ်သဘောမကျ။ သူ့အလုပ်အတွက်ကျတော့လဲ လက်တော့ထက် desktop က ပို အဆင်ပြေလေသည်ပဲ။
ငယ့် လက်တော့ကို ဖွင့်လိုက်ပြီး အင်တာနက် ချိတ်ကာ browser ကို ဝင်လိုက်သည်။
bbc news၊ အလုပ်အတွက် လိုအပ်သည့် Design များ နည်းနည်းကြည့်ရင်း ငယ်ဆိုရင်ကော browser မှာ ဘာတွေများသုံးပါလိမ့်လို့ တွေးမိသွားတယ်။ သူကတော့ တခါတလေ တချောက်ချောက်နဲ့ သုံးနေတတ်တာကိုး။ အာ့နဲ့ history ကို ကြည့်လိုက်တော့ မြန်မာ site တွေ eleven news တို့ funny.com တို့ ဝင်ထားတာတွေ တွေ့ရတယ်။ အာ့လိုနဲ့ ဆက်ကြည့်ရင်း xvideos.com link ကို တွေ့မိသွားတယ်။ အမယ် ငါ့မိန်းမလဲ onlineကနေ အပြာကားတွေ ဘာတွေ ကြည့်တယ်ပေါ့လေဆိုပြီး နည်းနည်းပြုံးမိတယ်။ ကျနော်နဲ့၂ယောက်ပေါင်းကတော့ တခါတလေ ကြည့်နေကျပါ။ အပြာကားကြည့်တာပဲ သည်ခေတ်မှာ စမ်းတာမှ မဟုတ်ပဲ။ ကျနော်တို့ မယူခင်ကတည်းက ၂ယောက်တူတူ ကြည့်ဖူးကြပါတယ်။ ခုမှလဲ ရတာ ၂နှစ်ကျော်ရှိသေး ကလေးလဲ မရှိသေးဆိုတော့ ကိုယ်တွေအဖို့သည်ကိစ္စက လျော့မသွားသေး။ အာ့တွေ တွေးမိပြီး ညကျရင် အပြာကားတူတူကြည့်အုန်းမှဆိုပြီး တေးထားလိုက်တယ်။ နောက် ဘာရယ်မဟုတ် အာ့ link ပေါ်ကို နှိပ်လိုက်တယ်။
အပိုင်း(၂)
ချက်ချင်းတက်လာတဲ့ မြင်ကွင်းမှာ ကောင်မလေးတစ်ယောက်ရဲ့ ရဲရဲနီနေတဲ့ဖင်...
သူ စိတ်ဝင်စားသွားတယ်။ ငယ် ဘာတွေများကြည့်နေပါလိမ့်?
Play ခလုတ်ကို နှိပ်ကြည့်လိုက်တော့ ကောင်မလေးက စာသင်ခန်းထဲတွင် ဆရာနှင့် ၂ဦးတည်း။ ကောင်မလေး အတန်းလစ်ပြီး ကျောင်းပြေးသဖြင့် ဆူနေခြင်းဖြစ်သည်။ ဆရာက အသက် ၅၀ခန့်လူကြီး။ ကောင်မလေးက ဆယ်ကျော်သက်ရုပ်ကလေးနှင့်။ ထို့နောက်ဆရာက ကောင်မလေးကို အတန်းအလယ်ရှိခုံပေါ်တွင် မှောက်စေသည်။ ကောင်မလေးက စကတ်တိုတိုလေးနှင့် မှောက်လိုက်သဖြင့် အတွင်းခံအဖြူလေးက ထိုးထွက်လာသည်။ ဆရာက ကောင်မလေးဘေးမှနေ၍ ကောင်မလေး ဖင်ကို လက်ဖဝါးနှင့် ရိုက်တော့သည်။ တဖုန်းဖုန်းအသံက အတော်ကျယ်သည်။ ကောင်မလေးက နာလို့ လက်ဖြင့်ပြန်ကာသော်လိည်း အရိုက်ကမရပ်။ နောက်တခါလက်ပြန်ခံလျှင် ပိုနာမည်ဟုပြောကာ ဆရာက ဆက်ရိုက်သည်။ ၂မိနစ်ခန့် ရိုက်ပြီးတော့ ဆရာက ကောင်မလေး စကတ်ကို လှန်လိုက်သည်။ ကောင်မလေး ဖင်က အတော်လှသည်။ အတွင်းခံ အဖြူကြီးကြီး ဝတ်ထားသည့်တိုင် ပြည့်ဝန်းသောဖင်က အလှမပျက်။ ဘောင်းဘီ အစွန်းပေါင်ရင်းနားတွင် ပန်းရောင်သန်းနေပေပြီ။ ဆရာက ထိုမျှနှင့်မရပ်။ အတွင်းခံ ဘောင်းဘီကိုပါ ဆက်ချွတ်လိုက်သည်။ ကောင်မလေးက ကလေးမျက်နှာနှင့်ပေမယ့် ကလေးမဟုတ်ကြောင်း ကုန်းထားသဖြင့် ပြူးထွက်နေသော အဖုတ်က သက်သေခံနေသည်။ အံ့သြရက်ကမှ အပြင်မှာသာ အာ့လိုရိုက်ရင်တော့ သည်ခေတ်မှာ ထောင်တန်းကျမှာပဲဟု တွေးမိသည်။ ကော်မလေး ဖင်တခုလုံး ပန်းရောင်သန်းနေပေပြီ။ ဆရာက ချွတ်ပြီး ဆက်ရိုက်သည်။ အသံက တဖုန်းဖုန်းမှ တဖျန်းဖျန်းဖြစ်သွားသည်။ နာလဲ ပိုနာသည်ထင့်။
ကောင်မလေး တချက်တချက် အော်သံထွက်လာသည်။ ဆရာက ဆူလဲဆူ ရိုက်လဲ ဆက်ရိုက်နေသည်။ ဖင်မှာလဲ ပန်းရောင်မှ နီ၊ နီရာမှ ပိုပိုနီလာသည်။ ဆရာက ဘယ်ညာတချက်စီ မှန်မှန်ရိုက်နေသည်။ ဖင်တုံးလေး ရိုက်ချက်နဲ့ လှုပ်လှုပ်သွားတာကို ကြည့်ပြီး စိတ်ထဲ တမျိုးဖြစ်လာသည်။ ငယ် ဘာတွေများ ကြည့်နေပါလိမ့်။ မှားကြည့်မိတယ် ထင်ပ။
အပိုင်း(၃)
Video ကို ဆက်မကြည့်သေးဘဲ history ကို ပြန်သွားကြည့်မိသည်။ သည်တခါတော့ အသေအချာကြည့်တာ။ တခုချင်းစီကို ကြည့်သည်။ မမြင်ဖူးတဲ့ မကြားဖူးတဲ့ link ဆို ဝင်ကြည့်သည်။ xvideos link များလဲ ၂ခုလောက် ရှိသေးသည်။ ဖွင်ကြည့်တော့ တစ်ခုက spanking wife တဲ့ ခေါင်းစဉ်က။ မိန်းကလေးက ခုတင်ပေါ်တွင် ဝတ်လစ်စလစ်ဖြင့် ယောက်ျားလုပ်သူက ရိုက်နေသည်။ ခါးပတ် ကြိမ်လုံး သစ်သားဘီးပြားကြီးနှင်လည်း ရိုက်သည်။ နောက်တစ်ခုကလည်း သိပ်မထူးခြား။ ကောင်မလေးကို ပေါင်ပေါ်တင်ကာ ဖင်ချွတ်၍ ရိုက်နေသည်။ သည်တစ်ခုက ဘာလို့ ရိုက်နေလည်းပင်မသိ။ ကောင်မလေးကတော့ အလွန်လှသည်။
ကြည့်နေရင်းမှ my spanking forum ဆိုသော link ကို သတိပြုမိသွားသည်။ သူခပ်မြန်မြန်ပဲ ဖွင့်လိုက်သည်။ forumဆိုတော့ အကောင့်ရှိမှ ဝင်လို့ရမည်။ ခုလောက်ဆို သူနည်းနည်း နားလည်စပြုလာပြီ။ ငယ်က spanking ကို သဘောကျတဲ့ သူတစ်ယောက်လား။ သူကျောင်းတုန်းက အသားနာမှ လိင်စိတ်ပျော်ရွှင်မှုရတာတို့ ဘာတို့အကြောင်း ကြားဖူးသည်။ အာ့ဆို ငယ်က အာ့လိုမျိုး မိန်ကလေးလား? အာ့တွေက စိတ်ရောဂါတစ်ခု မဟုတ်ဖူးလား?? ငယ့်အကြောင်းစဉ်းစားကြည့်တော့ အာ့လိုမျိုး စိတ်ဝင်စားမယ်လို့ သဲလွန်စလဲ သတိမထားမိ။ သူ ခပ်ကြမ်းကြမ်းလိင်ဆက်ဆံတာကိုတော့ ငယ်က မတား။ သို့သော် ငယ်ကိုယ်တိုင်တော့ တက်ကြွလှတာမဟုတ်။ အာ့ဆို ဘာလဲ??? ဒါမျိုးတွေက ငယ်ဘဝစိတ်ဒဏ်ရာများကြောင့်ဟု ကြားဖူးသည်။ ငယ့် မိသားစုကလဲ ငယ့်ကို ရိုက်ဖို့မပြောနဲ့ လက်နဲ့တောင် မရွယ်ဖူး။ သူသိသလောက်လဲ ငယ့်မှာ အာ့လိုမျိုး အကြမ်းပတမ်း ငယ်ဘဝ မရှိခဲ့။ သူ ခေါင်းရှုပ်လာသည်။တဆက်တည်း ငယ့်ကို သနားလာမိသည်။ ဘာတွေကြောင့်များ သည်လိုတွေကို စိတ်ပါနေရတာလဲ??? ကို မသိတာတွေများ ငယ့်မှာ ဖုန်းကွယ်ထားတာရှိနေသလား????
အပိုင်း(၄)
သူ စဉ်းစားရင်း စိတ်ရှုပ်လာသည်။ ငယ် သူ့ကို သည်ကိစ္စ ကွယ်ဝှက်ထားတာတော့ သေချာနေပြီ။ သည် လက်တော့က သူနဲ့ ငယ်က လွဲ၍ ဘယ်သူမှသုံးတာမဟုတ်။ ခုက သူကြည့်ထားတာမဟုတ်တော့ ငယ်ပဲ ဖြစ်ရမည်။ တစ်ခုလောက်ဆိုရင် မှားနှိပ်မိတာ မှားကြည့်မိတာဖြစ်နိုင်သေးသည်။ ခုက ၄ ၅ ခု။ ငယ်ဘာလို့ ခုလို နာကျင်စေတာတွေကို ကြိုက်နေရတာလဲ။ သူရဲ့ တခါတရံ ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုတွေကြောင့်လား။
သူ google ဖွင့်လိုက်သည်။ search box ထဲ ဘာရိုက်ရမလဲကတော့ မေးနေစရာမလို။
'Spanking'
search ကို နှိပ်လိုက်တော့ ချက်ချင်း web sites များပေါ်လာကြသည်။ သူတစ်ခုချင်း လိုက်ဖတ်ကြည့်သည်။ တဖြည်းဖြည်း သည်အရာဟာ ငယ်တစ်ယေက်တည်း မဟုတ်မှန်းသိလာတယ်။ သူ့လို အကြိုက်တူသူ အများကြီးရှိကြောင်းလဲ သိလာရတယ်။ google တွင်ပင် spanking နှင့် သက်ဆိုင်သော ဆိုဒ်ပေါင်း ၂သန်းကျော်ရှိလေသည်။ သူ ဖတ်ရင်းဖတ်ရင်း သိလာရသည်က သည် ရိုက်နှက်ခံလိုခြင်း၊ ရိုက်နှက်လိုခြင်းသည် စိတ်ရောဂါတစ်ခုတော့ မဟုတ်ချေ။ ယခင်က စိတ်ရောဂါသဖွယ် သတ်မှတ်ခဲ့ကြသော်လည်း ယခုမှာမူ လူအများက သာမာန် life style သဖွယ် လက်ခံလာကြပေပြီ။ အာ့လိုတွေတွေ့လိုက်ရတော့ သူ့အနေဖြင့် စိတ်သက်သာရာရသည်ကတော့ အမှန်ပင်။ သို့ပေမယ့် ငယ် သည်အရာကို ဘယ်လောက်သဘောကျသလဲ ဆိုတာကိုတော့ သူသိချင်မိသည်။ ဘယ်လိုသိနိုင်မလဲ။ ခုသိရသလောက်ကတော့ အတော် စိတ်ပါပုံရသည်။ သည်လို အရိုက်ခံရတာကိုကော ငယ်က လိင်စိတ်ကြွသတဲ့လား? ဒါမှမဟုတ် သူက ရိုက်ချင်တာလား? mistress ဆိုတာမျိုးလဲ ရှိသေးကြောင်းသူသိလာရပြီမလား။ အကယ်၍ သည်အရာဟာ ငယ်တကယ်လိုချင်တဲ့ အရာ၊ လိုအပ်တဲ့ အရာဆိုရင် သူ ဘယ်လိုလုပ်မလဲ? ငယ့်ဆန္ဒကို ဖြည့်ပေးနိုင်ပါ့မလား? ငယ့်ကို သူ နာကျင်အောင် လုပ်ရက်ရဲ့လား?
အပိုင်း(၅)
အာ့နေ့က ငယ်ပြန်လာတော့ သူ ဘာမှ မပြောမိ။ ငယ်ကတော့ သူ့ခရီးအတွေ့အကြုံတွေကို ရွှမ်းရွှမ်းဝေပြောနေလေသည်။ သည်လို တက်တက်ကြွကြွနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ငယ်ဟာ သည်အရာတွေကို ကြိုက်တာ မဖြစ်နိုင်ဘူး။ ငယ့်ကို သေချာကြည့်မိတော့ ခရီးပမ်းလာပေမယ့် မျက်နာလေးက ကြည်နေသည်။ အိပ်ယာဝင်ဖို့လုပ်ရင်း ကလေးလေးသဖွယ် သူတွေ့လာတဲ့ တောသူတောင်သားစရိုက်တွေကို အားပါးတရပြောနေလေသည်။ အိပ်ယာဝင် ဘောင်းဘီတိုနှင့် အကျီင်္ဝမ်းဆက်လေးက နုသော ငယ့်ကို ပို၍နုစေသည်။ သည်လို အပြစ်ကင်းတဲ့ ငယ့်ကို သူဘယ်စိတ်နဲ့ နာကျင်စေရက်ပါ့မလဲ။ သို့ပေမယ့် ထိုနာကျင်မှုသည်ပဲ ငယ့်အတွက် ကျေနပ်မှုကို ဖြစ်စေလျှင်ကော? သူ စိတ်တွေ ရှုပ်လာသည်။ ငယ့်ကို ဖွင့်မေးလိုက်ချင်သည်။ သူထင်နေတာတွေ မဟုတ်ကြောင်း ငယ်က ရယ်၍ရှင်းပြလိမ့်မည်ဟု မျှော်လင့်မိသည်။ ငယ်က ပြောရင်းဆိုရင်း ရင်ခွင်ထဲ ခေါင်းတိုးကာ ဝင်လာသည်။ ချစ်စရာ ဇနီးသည်၏ နဖူးကို အသာနမ်းလိုက်သည်။ ငယ်က ကျေနပ်စွာပြုံးရင်း 'ကိုကော တနေကုန် ပျင်းနေတာလား? ကိုသာ မနက်ပိုင်း အလုပ်ကိစ္စမရှိရင် လိုက်ခဲ့ရမှာ။ ကိုဆိုလဲ သဘောကျမှာ။ မျောက်ချေးခါးဟင်းလဲ ကိုဆို သဘောကျမှာသိလား? ကို တညနေလုံး ပျင်းနေမှာပေါ့ ခုတော့။ ဘာတွေလုပ်နေလဲ?'
'အင် ဘာရယ် မဟုတ်ပါဘူးကွာ။ ကွန်ပျူတာပျက်နေတာနဲ့ ဟိုကလိ သည်ကလိုလုပ်နေတာပါပဲ။ နက်ဖြန်တော့ ဆိုင်ပို့ရလိမ့်မယ်'
' ခစ် ခစ် ငယ့်ကိုတောင် လွမ်းဖို့ သတိမရဘူးပေါ့လေ။'
အင်း သတိမရဘဲ ဘယ်နေလိမ့်မလဲ။ တညနေလုံး သူစဉ်းစားနေတာ အာ့က ငယ့်အကြောင်းပဲကို။ အာ့လိုတွေးမိပေမယ့် တကယ်တမ်းတော့
'အင်းပေါ့။ အငယ်အနှောင်းထားထားတော့လဲ သူတို့ကို အချိန်ပေးရသေးတာကလား' လို့ဆိုပြီး ပြန်ပြောလိုက်တယ်။
'ငယ့် ကိုကိုက သိပ်ချစ်ဖို့ကောင်းတာပဲ။ လွမ်းနေတာကို မပြောပဲ လိမ်နေသေးတယ်။ ငယ်က သိပါတယ်နော်။ ကို ငယ့်ကိုပဲ ချစ်တဲ့အကြောင်း' ပြောလဲပြော နှုတ်ခမ်းကိုလည်း အနမ်းလေးတစ်ပွင့်ချွေသွားပြီး ရင်ခွင်ပေါ် ခေါင်းတင် အိပ်နေလေရဲ့။
အာ့ညမှာတော့ ဘေးမှာ အိပ်နေတဲ့ ငယ့်ကို ကြည့်ပြီး အတွေးတွေနဲ့ အိပ်မပျော်တော့။
ငယ်သည် လှပပါပေသည်။ လှဆို ကျောင်းတုန်းကတည်းက ငယ်က နာမည်ကြီးသည်။ အလှပဂေးပင်။ ကိုယ်ခန္ဓာက ယောက်ျားများ ကျလောက်စရာပင်။ မပိန်မပါး၊ ၅ပေ ၈ ဆိုတဲ့ အရပ်က မိန်းကလေးတွေထဲမှာ အတော့်ကို မြင့်သည်။ အရပ်မြင့်ပေမယ့် ရှည်လမျောကြီး ဖြစ်မနေဘဲ ရင်နှင့် တင်နှင့် အချိုးကျလှသည်။ နောက်ကျောပေးအိပ်နေသော ငယ့် နောက်ပိုင်းကိုကြည့်ကာ ညနေက ကြည့်သော ကျောင်းသူမလေးလို ငယ့် ဖင်ကို ရိုက်စေချင်တာလား ငယ်ရယ်? ငယ့်ဖင်ဖြူဖြူလေးဟာ နီရဲလာအောင် ရိုက်ဖို့ဆို ဘာမှ မလိုလောက်ဘူး။ ကို ဘာဆက်လုပ်ရမလဲ?
အပိုင်း(၆)
နောက်ရက်ပိုင်း သူ online ပေါ်မှာသာ အချိန်ကုန်တော့သည်။ သည် ကိစ္စနှင့် ပတ်သက်ပြီး သူအကုန်သိချင်သည်။ တွေ့သမျှ site တွေ ဖတ်သည်။ Video တွေက သိပ်တော့ အထောက်အကူမပြု။ နောက်တစ်ခုက သူ ငယ့် လက်တော့ကို key logger ထည့်ထားလိုက်သည်။ ငယ့် online ပေါ်က အကြောင်းတွေကို သိလာရသည်။ ငယ်က ၂ပတ်လောက်အတွင်း သည် web site တွေကို ထပ်ဝင်တာတွေ့ရသည်။ အာ့သည်တော့ ငယ် တကယ် စိတ်ဝင်စားတာတော့ သေချာနေပေပြီ။ ငယ့်ရဲ့ my spanking forum ရဲ့ password လဲ ရထားသည်။ ထိုအခါ အံ့သြစရာ တစ်ခုကို သိရလေသည်။ ထိုအကောင့်မှာ katherine235 ဖြစ်လေသည်။ (တကယ်မရှိဘူးနော် သွားရှာမနေကြနဲ့) ထိုအကောင့် နာမည်နှင့်ရေးထားသော ပုံပြင်ဟုခေါ်ရမည့် အပြစ်ပေးခံရသော ဝတ္ထုတိုများကို တင်ထားလေသည်။ စုစုပေါင်းက ၃ပုင်္ဒ။ တစ်ခုက ကောလိပ်ကျောင်းသူကောင်မလေးကို သူ့သူငယ်ချင်းက ကောင်မလေ၏တောင်းဆိုချက်ဖြင့် ရိုက်ပေးသော အကြောင်း။ နောက်တစ်ခုက အဖိုးဖြစ်သူက အပျိုအရွယ်မြေးမလေးကို ကြိမ်လုံးစာ ကျွေးတဲ့ အကြောင်း။နောက်ဆုံးတစ်ခုက စာမေးပွဲကျလို့ ကျောင်းကဆရာကရိုက်တဲ့အကြောင်း၊ အိမ်က အုပ်ထိန်းသူအဒေါ်သိတော့ ဖင်လှန်ပြီး အပြစ်ပေးခံရတဲ့ အကြောင်းတွေပါ။ အာ့ပုံပြင်တွေကို ဖတ်ကြည့်ပြီး ငယ့်အကြိုက်ကို ပိုသိလာရတယ်။ ငယ်က စာရေးကောင်းတာပဲ။ အင်္ဂလိပ်လိုတောင် အတော်ဆွဲဆောင်မှုရှိအောင်ရေးနိုင်တယ်။
ပြီးတော့ သည်ရက်ပိုင်းအတွင်းမှာ အပြစ်ပေးတဲ့ အကြောင်း၊ ဘယ်လို ရိုက်ရတယ့်အကြောင်း၊ ရိုက်ခြင်းကြောင့် ရေရှည် ဆိုးကျိုးရှိမရှိ၊ ကိုယ်ခန္ဓာကို ထိခိုက်နိုင်လား? ရေရှည် ထိခိုက်နိုင်သလား? ကျိုးကုန်ပဲ့ကုန် နိုင်သလား? ဘယ်လောက်နာလဲ? ဘာတွေနဲ့ ရိုက်ရင် ဘယ်လိုခံစားရတယ်ကအစ Online မှာ လိုက်ရှာဖတ်တယ်။ အာ့လို လေ့လာမိလေ သည်လိုလူမျိုးတွေ များပါလားဆိုတာ သိလာလေပဲ။ သည်လိုစိတ်ပါလို့လဲ ထိုသူတွေဟာ စိတ်ရင်းကြမ်းတမ်းတဲ့လူတွေ မဟုတ်ပါလားဆိုတာ သိလာတယ်။ ငယ့်ကိုပဲ ကြည့်လေ။ နောက် တစ်ခု သိလာရတာက လူအတော်များများက သူတို့ကို အမြင်လွဲနေကြတယ်ဆိုတာပဲ။ သူတို့တွေကြောင့် မုဒိမ်းမှုတွေ ပိုဖြစ်လာတယ်။ ကြမ်းတမ်းမှုကို အားပေးတဲ့လူတွေလို့ အထင်ခံကြရတယ်။ အာ့လိုတွေကြောင့် သူတို့ အကြောင်းကို သေချာ မပြောရဲကြဘူး။ ပွင့်ပွင့်လင်းလင်း မဖွင့်ဟရဲကြဘူး။ အာ့လိုသိလာတာနဲ့အမျှ ငယ့်ကို ကိုယ်ချင်းစာလာတယ်။ ငယ့်လို လူတွေ ဘယ်လောက်များများနေပါလိမ့်? လူတွေ ဘယ်လောက်များ ငယ်တို့ကို အထင်လွဲနေကြပါလိမ့်?
အပိုင်း(၇)
ငယ့်ဘယ်လောက်များ အာ့အကြောင်းနဲ့ မြိုသိပ်ထားရပါလိမ့်? ငယ့်ကို အားပေးချင်လာတယ်။ ငယ့်ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်လာတယ်။
အာ့လိုနဲ့ တနေ့....
အဲ့ဒီနေ့က စနေနေ့၊ မနက်စောစော ငယ်ကဈေးသွားခဲ့လေသည်။ သူကတော့ ကြိုတင်ကြံစည်ထားသည့်အတိုင်း ငယ်ဈေးသွားသည်နှင့် အိပ်ယာမှထကာ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်တော့သည်။ ငယ်က ဈေးသွားလျှင် ၁နာရီခန့်တော့ ကြာတတ်သည်။ ထို့ကြောင့် သူ့အတွက် အချိန်လုံလောက်ပါသည်။ ထို့နောက် အိမ်ရှေ့ခန်းတွင် ထိုင်ကာ ငယ်ပြန်အလာကို စောင့်နေမိသည်။ သူ စိတ်လှုပရှားနေမိသည်။ ဟုတ်သည်။ ငယ်နှင့်သူ ရည်းစားဖြစ်ခဲ့ကြတာက ၂နှစ် ယူခဲ့တာက ၂နှစ်။ ခုတော့ သူ့မှာ ရည်းစားစကားမပြောခင်တုန်းကလိုမျိုး စိတ်တွေ လှုပ်ရှားပြီး ရင်တွေ ခုန်နေပါပေါ့လား? သူ့ဘာသာသူပင် ပြုံးမိသေးသည်။ အခုပြောမယ့် စကားတွေသည် ရည်းစားစကားလိုတော့ မဟုတ်ချေ။ ကိုယ့်မိန်းမကို ရိုက်နှက် အပြစ်ပေးရမည်လောဟု မေးခြင်းသည် သိပ်ပြီး စိတ်ကူးယဉ်ဆန်လသည်ဟုတော့ ထင်စရာ မရှိပေ။ သို့သော် သည်အရာကပဲ သူ့အတွက် romantic အဖြစ်ဆုံး ဖြစ်နေပေသေးသည်။ တကယ်က ငယ်လိုအပ်နေတဲ့အရာ လိုချင်နေတဲ့အရာ၊ ဘယ်သူ့မှ ဖွင့်ပြောလိုမရလို့ မပြောရဲလို့ လျို့ဝှက်စွာ တောင့်တနေရတဲ့ အရာတစ်ခုကို သူက ပေးဖို့ ကမ်းလှမ်းမှာ မဟုတ်လား။ ထို့အခါ သည်လောက် စိတ်ကူးယဉ်ဆန်ပြီး ရင်ခုန်စရာတောင် ရှိပါ့အုန်းမလားဟု တွေးမိသည်။
ငယ်က ပြန်ရောက်လာပြီး 'အမယ် ကိုတစ်ယောက်တည်းဘာတွေ ပြုံးနေပါလိမ့်။ မရိုးတော့ဘူး ထင်တယ်နော်။'
' အော် ဟုတ်ပါဘူး ငယ်ရဲ့။ တွေးမိတာလေးရှိလို့ပါ။ စောသားပဲ'
'အင်းလေ ဝယ်စရာ သိပ်မလိုဘူးလေ။ အိမှာ ရှိတာလေးတွေနဲ့ ရောချက်မလို့။ သည်နေ့ ဝက်သားဆီပြန်ချက်ကျွေးမယ်လေ။ ကို့အကြိုက်ပေါ့'
'အင်း ကောင်းသားပဲ ငယ်။ ဒါပေမယ့် ခဏနေပါအုန်း။ ကို ငယ့်ကို ပြောစရာရှိတယ်။ လာပါအုန်း။'
ဈေးခြင်းတောင်းကို မီးဖိုထဲယူသွားပြီး
'ပြောလေ ကိုရဲ့ ထူးထူးဆန်းဆန်း စကားပလင်ခံနေရသေးတယ်။ '
သူလဲ မီးဖိုထဲ လိုက်သွားရင်း 'ငယ် ကိုတို့ ပြီးခဲ့တဲ့ ကထိန်တုန်းကတွေ့တဲ့ ကိုမင်းရဲ့ သူငယ်ချင်းအမကြီးကို မှတ်မိသေးလား?'
'အင်း.....သူ့ယောက်ျားက ဗိုလ်ကြီးမလား? ဒေါက်ဖိနပ်လှလှလေး စီးထားတယ်လေ။'
'အင်း မိငယ်တို့ကတော့ လူမမှတ်မိရင်နေမယ်။ ဖိနပ်ကတော့ မှတ်မိတယ်နော်။'
'အာ ကိုကလဲ ငယ်က သဘောကျလို့ မှတ်မိနေတာကို။ အင်း အာ့နဲ့ ဘာဖြစ်လို့လဲ'
'အဲ့တုန်းက သူ့ယောက်ျားမပါပေမယ့် သူ့ယောက်ျားဆီ ခဏခဏ ဖုန်းဆက်နေတာလေ။ မှတ်မိလား? နောက်ကျမှာဆိုးလို့လဲ ပြာနေတာပဲလေ။ ကိုမင်းတို့က ပြောတယ်လေ။ သူ့ယောက်ျားက သူ့ထက် ၇နှစ်လောက်ကြီးတယ်ဆိုပြီး။ သူက ယောက်ျားကြောက်ရတယ်တဲ့။ ယောက်ျားက သူ ၁၆နှစ်လောက်ကတည်းက ရတာဆိုတော့ ၁၀တန်းတောင် သူ့ယောက်ျားစာသင်ပေးပြီး အောင်ရတာ။ ဆိုးရင်လည်း ကလေးလို အရိုက်ခံရတတ်တယ်ဆိုတာလေ။'
'အင်း မှတ်မိတယ်။ ရောက်ချင်း တခါဆက်တယ်။ စားပြီး တခါဆက်တယ်။ ပြန်ခါနီးတခါဆက်တယ်။ ကိုကတောင် ပိုကို ပိုတယ် ပြောသေးတယ်လေ။'
' အင်း...အာ့တုန်းက ကို့ကို ငယ်ပြောတာ မှတ်မိသေးလား? ယောက်ျားက ချစ်လို့ ရိုက်တာနေမှာပေါ့။ အာ့လို ကိုယ့်ကို ဂရုတစိုက်ချစ်ပြီး ရိုက်လို့ကတော့ ငယ်က ဖင်လေးတောင် ကုန်းပေးအုန်းမှာဆိုပြီးတော့လေ။'
'အင်းလေ...ကိုက သူ့ယောက်ျားကြီးကို ဘလိုင်ြးီး အမြင်တွ ကပ်နေတာကလား? မယားချောချောလေးကို ရိုက်ရမလားဆိုပြီး။'
'အာ့တုန်းက ငယ်ပြေါသလိုအချစ်စိတ်နဲ့ ရိုက်တာဆိုရင် ငယ်က တကယ်အရိုက်ခံမလား?'
ငယ် နည်းနည်းတွေသွားသည်။ 'အင်းလေ ဘာဖြစ်လို့လဲ'
'အာ့ဆို ကိုက ငယ့်ကို ကလေးလေးလို ဖင်တုံးလုံးချွတ်ပြီး ရိုက်မယ် ဆိုရင်ကော?'
အပိုင်း(၈)
'အာ့ဆို ကိုက ငယ့်ကို ကလေးလေးလို ဖင်တုံးလုံးချွတ်ပြီး ရိုက်မယ် ဆိုရင်ကော?'
ငယ် မျက်လုံးပြူးသွားသည်။ ရင်က တလပ်လပ်ခုန်လာသည်။ သူ့နားကိုပင် သူမယုံနိုင်။ ကို့ပါးစပ်က သည်စကားမျိုးပြောလာလိမ့်မယ်ဟု ဘယ်တုန်းကမှ တွေးမျော်မထားမိခဲ့။ အမှန်ပြောရရင် ဘယ်သူ့ပါးစပ်ကမှ သည်စကားပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ ငယ့်အနေဖြင့် သည်လို အရိုက်ခံရဖို့ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့ပေမယ့် အထွေးဆုံးသမီးလေး မီးငယ်ကို ဘယ်သူကမှ လက်ဖျားနှင့်မတို့ခဲ့။ လေသံမာမာနှင့်ပင် ဆူခံရတာက ရှားခဲ့သည်။ ကျောင်းမှာလည်း စာတော်သော ငယ့်အတွက် အပြစ်ပေးခံရဖို့ထက် ဆုပေးခံရဖို့ကသာ အမြဲပိုနီးစပ်ခဲ့သည်။ ထို့ကြောင့် အပြစ်ဒဏ်ပေးခံရတာမျိုးကို ရင်ခုန်စိတ်လှုပ်ရှားတတ်သော ငယ့်အတွက် ထိုအရာ အားလုံးသည် စိတ်ကူးယဉ်ဆိုတာထက် မပိုခဲ့။ ငယ်ဘာကြောင့် ခုလိုတွေကို စိတ်ဝင်စားခဲ့လဲ သူ့ဘာသာသူ မသိခဲ့။ မူလတန်းကတည်းက သူများတွေ အပြစ်ပေးခံရ အရိုက်ခံလျှင် စိတ်ဝင်စားခဲ့မှန်းတော့ သူသိသည်။ သူငယ်ချင်းများ အိမ်မှာ အရိုက်ခံရပုံများပြောလျှင် ရင်ထဲက ရှက်သလိုလို ရင်ခုန်သလိုလို ဖြစ်စမြဲ။
အပျိုပေါက်ဝင်တော့ လိင်စိတ်နိုးကြားလာမှုကနေ ငယ့်စိတ်ကို ကြွစေတာတွေဟာ သူများနဲ့ မတူ ထူးနေမှန်းသတိထားမိလာခဲ့တယ်။ အာ့တုန်းက ငယ့်ဘာသာ ငယ် စိတ်ရောဂါရှင်လားလို့ ထင်ခဲ့ဖူးတယ်။ နောက် အင်တာနက်ခေတ်ဖြစ်လာတော့မှ မိမိနဲ့ တူတဲ့ လူတွေများမှန်းသိလာတယ်။ ကိုယ့်စိတ်ကို ထွက်ပေါက်ပေးနိုင်လာတယ်။ ကိုနဲ့ ယူပြီးနောက်မှာ ကို့ကို ဖွင့်ပြောရင် ကောင်းမလား စဉ်းစားပေမယ့် ကိုနားမလည်မှာ၊ ငယ့်ကို အထင်လွဲသွားမှာတွေကို စိုးရိမ်လို့ ဆက်ပြီး ကွယ်ဝှက်ထားခဲ့တယ်။
ခုတော့ ကိုပါးစပ်က ငယ် တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ စကားတွေကိုကြားလိုက်ရတယ်။ နားကြားများ မှားသွားလားလို့ ထင်ပေမယ့် မဟုတ်မှန်းလဲ ငယ် သိနေသည်။
ကို့မျက်နာကို အကဲခတ်ကြည့်တော့လဲ နောက်နေ ပြောင်နေခြင်းမဟုတ်။ မိမိကို ချစ်တဲ့ အကြည့်တွေကို မြင်နေရဆဲ။ စိတ်ဆိုးဒေါသထွက်နေတဲ့ အကြည့်မျိုးမဟုတ်။ ဘာတွေဖြစ်ကုန်ပီလဲ ငယ် မတွေးတတ်တော့။
'ဘာာာ ဘာပြောလိုက်တယ် ကို'
'ကိုက ငယ့်ကို ကလေးလေးလို ဖင်တုံးလုံးချွတ်ပြီး ရိုက်မယ် ဆိုရင်ကော ငယ်ခံမလားလို့?'
'ဘယ်လိုပြောလိုက်တယ် ကို? ငယ့်ကို?? ကိုက?? ရိုက်မယ်??'
'အင်း ဟုတ်တယ်။ ငယ်'
'....'
'ငယ် ခေါင်းရှုပ်သွားပီထင်တယ်။ ဟိုနေ့က ကွန်ပျူတာ ပျက်တဲ့နေ့တုန်းက ကိုယ့်လက်တော့ကို ယူသုံးလိုက်တယ်'
'အာ့မှာ မရည်ရွယ်ပဲ ငယ်ကြည့်ထားတဲ့ website တွေရယ်။ ရုပ်ရှင်အချို့ရယ်ကို ကိုတွေ့လိုက်ရတယ်။ အာ့တွေထဲမှာတော့ ကောင်မလေးတွေက ဖင်ကို အမျိုးစုံအရိုက်ခံရတာလေ။ ငယ်လဲ အာ့မိုးတွေကို သဘောကျသလားလို့?'
ကို့ မျက်နာကို ဖတ်ကြည့်ဖို့ ငယ် အသည်းအသန်ကြိုးစားနေမိတယ်။ သိုပေမယ့် ကို့မျက်နာက ဘာကိုမှ မပေး။ ထူမခြားနား။ သာမာန်စကားတစ်ခုကို ပြောနေသလိုပင်။ ငယ့်မျက်နာမှာတော့ မျက်လုံးက အတော် ပြူးနေလောက်ပေပြီ။ အိမ်မက်များမက်နေလေရော့သလား? မိမိစိတ်ကူးယဉ်နေမိတဲ့ ဇာတ်လမ်းတစ်ခုခုများလား? မဟုတ်ပါ...ရှေ့တည့်တည့်တွင် ကိုက ထည်းထည်းကြီး ရပ်နေလေပေသည်။
ပါးစပ်များက အာစေးထည့်ထားသလို ဘာပြောရမှန်းမသိ။ ပြောစရာမရှိလို့တော့ မဟုတ်။ ပြောချင်တာများက ရင်ခေါင်းဝမှ စုပြုံတိုးနေကြသည်မှာ ရင်ဘတ်ပင် အောင့်ချင်လာသည်။ ရသမျှအားကို ပါးစပ်ဆီသို့ စုစည်းပြီးမေးလိုက်မိသည်။
'ငယ့်ကို စိတ်ကုန်သွားတာလားဟင် ကို?'

အပိုင်း(၉)
'ကို ငယ့်ကို စိတ်ကုန်သွားတာလားဟင်။ ငယ့်ကို ရူးနေတယ်လို့ ထင်သွားပြီလား။ ငယ့်ကို နှာဘူးမလို့ ထင်သွားတာလားဟင်?'
ငယ့် အသံထဲတွင် စိုးရိမ်သံ ဝမ်းနည်းသံတွေ ရောပြွမ်းနေသည်။
'မဟုတ်တာ ငယ်ရယ်။ ကို မထင်ပါဘူး။ တကယ်ပါ။ ကို အာ့နေ့ကတည်းကနေ ခုချိန်ထိ သေချာ စဉ်းစားခဲ့တယ်။ သေချာလဲ လေ့လာခဲ့တယ်။ ကို မှန်းတာ မမှားရင် ငယ်ကြိုက်တာက Spanking တို့ fomestic discipline တို့ ဖြစ်မယ်။ ကိုသုံးတဲ့ အသုံးအနှုံး မှန်သလား။'
'....'
'ကို အာ့နေ့ကတည်းကနေ ခုထိ အာ့အကြောင်းတွေကို ကို လက်လှမ်းမှီသမျှလေ့လာခဲ့တယ်။ အခုဆို ကို အများကြီးမဟုတ်တောင် သိတော့ သိနေပါပြီ။ အာ့လို သိလာလေ ငယ့်ကို သနားမိလေပဲ။ အာ့လို စိတ်ဝင်စားတဲ့လူတွေဟာ အထင်အမြင်လွဲခံနေရတယ်ဆိုတာပဲ။'
'အလွှမ်းမိုးခံရတာ ကြိုက်ရုံနဲ့ ပျော့ညံ့တဲ့ မိန်းမ တစ်ယောက် ယောက်ျားတစ်ယောက် ဖြစ်ရောတဲ့လား။ သဘောတူညီမှုနဲ့ တပါးသူကို နာကျင်အောင် လုပ်ရတာ ကြိုက်တာနဲ့ပဲ အကြမ်းဖက်သမားတစ်ယောက်လို့ သမုတ်ခံရရောတဲ့လား? ကို ငယ့်ကို သိနေတာပဲ။ ငယ်ဟာ independent ဖြစ်တယ်။ တော်တယ်။ ထက်မြက်တယ်။ ဦးဆောင်နိုင်စွမ်းရှိတယ်။ ငယ် ခုလိုဟာတွေ ကြိုက်တာနဲ့ပဲ ငယ်ဟာ စိတ်ထားပျော့ညံ့သူ ၊ ခေါင်းလျှိုလိုစိတ်ရှိသူ၊ အမှီခိုချင်တဲ့လူလို့ သမုတ်ရင် အာ့လူ မှားတာပေါ့။ ကို့လောက် ငယ့်ကို ဘယ်သူ သိအုန်းမလဲ'
'အာ့တော့ ငယ့်ကို စိတ်မကုန်ဘူး။ ပိုတောင် ချစ်သေးတယ်။ ပိုတောင် လေးစားမိသေးတယ်။ ငယ့်ဘဝ လက်တွဲဖော် အဖြစ် ကို့ကို ရွေးခဲ့ပြီးပြီမလား။ သည်အရာတွေဟာလဲ ငယ့်ဘဝဆိုရင် ကိုပါချင်တယ်။'
ကို့ မျက်လုံးတွေက လေးနက်နေသည်။ ချစ်ဖို့ကောင်းလိုက်တဲ့ ကိုရယ်။ ငယ် အတွေးထုံခဲ့တာပါ။ ငယ့်ကို နားလည်မယ့်သူဟာ ကမ္ဘာမှာ တစ်ယောက်တည်းရှိမယ်ဆိုရင်တောင် အာ့လူဟာ ကိုဖြစ်မှာပဲ။ ခုလိုမျိုး ငယ့်ကို နားလည်ပေးတာကို ကျေးဇူးတင်မဆုံးဘူး။ ငယ့်အကြောင်းတွေကို သိပေမယ့် ထွက်မပြေးပဲ ဘေူးက ဖေးမပေးလို့ အရမ်းကျေးဇူးတင်မိတယ်။ ဝမ်းသာလွန်း၍ ငယ့်မျက်ဝန်းများပင် မျက်ရည် စို့လာလေသည်။
'ငယ် မငိုနဲ့လေကွာ။ ကို ပြောတာသိလား? ဘာလဲ ကိုရိုက်ရင်နာမှာကြောက်လို့လား?'
နောက်၍မေးလာသော ကို့ရင်ခွင်ထဲပြေးဝင်ပြီး လက်သီးစုပ်ဖြင့်တဖုန်းဖုန်း ကို့ရင်ခွင်ကို ထုမိလေသည်။
'ဟေ့ ဟေ့ အာ့လိုမလုပ်နဲ့လေ။ ရိုက်ခံချင်တာ ညည်းလေး မဟုတ်လား။ ဘယ်နှ ကို့ကို ထုနေရသတုံး။'
ကို့ ရင်ခွင်မှ ထွက်ရင်း ကို့ မျက်ဝန်းကို ရွှန်းရွှန်းစားစားကြည့်မိသည်။
'ကို့ကို ငယ် သိပ်ချစ်တယ် သိလား'
ပြောရင်းဆိုရင်း ကို့ နှုတ်ခမ်းကို အနှမ်းချေလိုက်သည်။ ကိုက မလွှတ်ပေးတော့ပဲ ငယ့် နုတ်ခမ်းကို ဆက်၍ စုပ်နမ်းလေသည်။
...
...
...
(ပြီးပါပြီ လို့ ရေးရင် စိတ်ဆိုးကြမှာလား)
ပြီးလို့တော့ ရနေလို့လေ။ ခုလိုလေးရပ်လိုက်တာက ပိုမိုက်သလားလို
အပိုင်း(၁၀)
ငယ်က ရုတ်တရက် သူ့အနမ်းများအောက်မှ ရှောင်ထွက်ရင်း သူ့ မျက်နာကို သေချာကြည့်ပြီး မေးသည်။
'ကိုက ငယ့်ကို တကယ်ရိုက်မလို့ပေါ့လေ?'
ငယ့် မျက်ဝန်းများကို ကြည့်ပြီး သူပြုံးမိသည်။
'ငယ်က ခုထိ မယုံသေးဘူးပေါ့လေ။ တကယ်ပေါ့။ သို့ပေမယ့် ငယ့်စိတ်က သေချာမှပါ။ မလုပ်ချင်သေးဘူး။ မလုပ်ရဲသေးဘူးဆိုလ ကို နားလည်ပါတယ်။'
'အာ့လို မဟုတ်ပါဘူး။'
'အင်း ကိုနားလည်ပါတယ်။ ပြောရရင် ကို့အတွက်လဲ သည်ဟာက နယ်ပယ် အသစ်ပဲလေ။ ငယ်ကတောင် ကို့ကို သင်ပေးရလိမ့်အုန်းမယ်။ ဘာဖြစ်ဖြစ် ကိုတို့ တိုင်တိုင်ပင်ပင်သွားရမှာပေါ့။'
'အင်း'
'ကဲ ခုတော့။ မိန်းမရေ ဟင်းချက်ချေအုန်း။ တော်ကြာ ယောက်ျားက ဗိုက်ဆာလို့ အရိုက်ခံနေရအုန်းမယ်။'
ပြောပြောဆိုဆို ငယ့်ကို ပခုံးမှ ကိုင်ကာ လှည့်လိုက်ပြီး ဖင်ကို လက်ဖဝါးနှင့် ခပ်ဆတ်ဆတ် တချက် ရိုက်လိုက်သည်။
ဖျန်းခနဲ မည်သံနှင့်အတူ 'အ' ဟူသော ငယ့်အသံက ပြိုင်တူနီးနီးထွက်လာလေသည်။
စပန့်သားထမိန်ကြောင့် ငယ့်ဖင်ကောက်ကောက်က သိသိသာသာ အတိုင်းသား ဖြစ်နေသည်။ ငယ့်ဖင်သည် သူ့အတွက် မကိုင်ဖူးသော အရာ မဟုတ်သော်လည်း ခုလို ရိုက်လိုက်ရသည်က မတူထူးခြားနေလေသည်။ ငယ်က သူ့ဖင်သူ လက်နဲ့ပွတ်ရင်း
'အို သည်ယောက်ျားက စည်းကမ်းကြီးလှပါလား။ ဒါပေမယ် ရိုက်တာတော့ မိန်းကလေး အားနဲ့ ခ် ခ်'
သူက အံကြိတ်ပြပြီး လက်ရွယ်လိုက်တော့ ထွက်ပြေးပြီး စားပွဲ ဟိုဘက်မှ လျှာထုတ်ပြလေသည်
'အေး လူကြီးကို ပြောင်စရာမှတ်နေသလား။ မလေးမစားနဲ့။ အာ့လို ကောင်မလေးမျိုးကို ဆုံးမဖို့စောင့်နေတာ။ ကိုယ့်ယောက်ျားကို နောက်စရာလား ပြောင်စရာလား သိရအောင် ညကျ မအိပ်ခင် ကောင်းကောင်း အပြစ်ပေးရမယ်။ ညဘက် ၈နာရီ အိပ်ခန်းထဲက စောင့်နေကြားသလား?'
ငယ့် တကိုယ်လုံး သွေးများ ခပ်မြန်မြန်စီးသွားသည်ထင့်။ ဖိန်းတိန်းရှိန်းတိန်းဖြစ်သွားသည်။ အင်း သည်လောက်နှင့်ပင် သူ့စိတ်ပါလာသည်။ တတ်နိုင်လျှင် မိမိကို ခုပင် စားပွဲပေါ်မှောက်ကာ ဖင်ကို ရိုက်၍ လိုးစေချင်တော့သည်။ သို့သော် ကို့သဘောအတိုင်း လိုက်နာရန် ငယ် ဆုံးဖြတ်လိုက်သည်။
မျက်လွှာကို အောက်ချကာ 'ဟုတ်' ဟု တခွန်းတည်းပြောလိုက်သည်။
' ကောင်းပီ ခု ထမင်းချက်တော့။ ညစာကို ည ၆နာရီမှာ အပြီးပြင်ထား။ နေ့လည်စာကိုတော့ ၁၁ခွဲမှာ အပြီးလုပ်ထား။ အချိန်မှီ မပြီးရင် အချိုမပြေရင် ညဘက်ကျရင် အပြစ်ဒဏ်ပိုပေးခံရမယ် နားလည်လား'
ငယ့်အဖို့ ကိုသည် ခုလောက် တစ်ခါမှ ဆွဲဆာင်မှု မရှိစဖူး။ ထိုစကားမျိုးဖြင့်ပင် လိင်စိတ်ကြွလာသော မိမိကိုယ်လည်း အနည်းငယ် အံ့သြမိလေသည်။
'ဟုတ် နားလည်ပါတယ်'
'အင်း ကို အပြင်သွားလိုက်အုန်းမယ်။ အလုပ်ကိစ္စ ဧည့်သည်သွားတွေ့စရာရှိနေတယ်။ နေ့လည်စာ အမှီ ပြန်လာခဲ့မယ်။'
'ဟုတ် ကိုကို'
ကိုက လက်ညှိုးလေးကွေးကာ လာခဲ့ ဟူသော ပုံစံ လုပ်ပြလေသည်။ တွံ့ဆုတ်ဆုတ်ဖြင့် အနားကပ်သွားတော့ နဖူးလေးကို နမ်းပြီး
'ငယ် တမင် မပြီးအောင် လုပ်ထားရင်တော့ ငယ့်ဖင် ညကျ ရေခဲကပ်ဖို့ ပြင်ထားပေတော့'
ကို့ နားနားကပ်ပြီး ပြောသွားသော စကာများကြောင့် ငယ် ရှက်သွားသည်။ သည်ကိစ္စမျိုးကို စိတ်ကူးယဉ်ဖူးတာ အကြိမ်ကြိမ်ပေမယ့် ခုလို တကယ်ကြုံလာရတော့လဲ စိတ်လှုပ်ရှား ရှက်မိတုန်း။
ကို မပြောလဲ ငယ့်အနေဖြင့် တမင် မပြီးအောင် လုပ်ဖို့တော့ အစီအစဉ် မရှိ။ တမင် အရိုက်ခံရဖို့အတွက် ပြဿနာရှာတတ်သော လူမျိုးကို ငယ်မကြိုက်။ ပြီးတော့ ငယ်ငယ်ကတည်းက အကျင့်ဖြစ်နေသော ပြိုင်ဆိုင်လိုစိတ်လေးကြောင့် အလုပ်တစ်ခုရလျှင် ပြီးမြောက်အောင် လုပ်လိုက်ရမှ။ နေ့လည်စာကို ပြင်ဆင်ပြီးချိန်တွင် ကို မရောက်သေး နာရီကြည့်လိုက်တော့ ၁၁း၂၀။ ဟင်း....သူက နောက်ကျနေတယ်။ တကယ်က သူ့ကို ရိုက်ရမှာဟုတွေးပြီး နှုတ်ခမ်းဆူမိသည်။ ထိုစဉ် အိမ်ရှေ့ ခြံတံခါးဖွင့်သံကြားလိုက်ရသည်။ ကို ပြန်လာပြီ။
ထိုင်ရာမှ ခုန်ထပြီး ကို့ကို သွားကြိုလိုက်သည်။ ကိုက ပြုံးပြပြီး အိမ်ပေါ်တက်လာသည်။ ကို့လက်ထဲက အရာကို ကြည့်မိတော့ ငယ် တံတွေးနင်သွားသည်။
အပိုင်း(၁၁)
ကိုလက်ထဲက အိတ်ကို ငယ့်ကို လှမ်းပေးလိုက်တော့ ကိုယူလာသော အရာကို ပိုသေချာတွေ့လိုက်ရသည်။ aကျောင်းများတွင် သုံးလေ့ရှိသော ကြိမ်လုံးတစ်လုံး။ လုံးပတ်က လက်သန်းလုံးလောက်ရှိပြီး ၂တောင် ခန့်ရှည်သည်။ အတော်ဖြောင့်သည်ဟုပြောရမည်။ ထိပ်တစ်ဖက်တွင် သားရေပြားဖတ်ကလေးကို သားရေကွင်းဖြင့် ပတ်ထားသည်။ ကိုက ဘာမှ မပြောဘ ငယ့်ကို ဖက်ကာ အိမ်တွင်းသို့ ဝင်လာသည်။ ထမင်းစားပွဲ အသင့်ဖြစ်နေတာ မြင်တော့ ပြုံးပြီး
'ကို့ မိန်းမလေးက ခုလိုကျတော့ တော်သားပဲ။ လှုံဆော်မှုတွေ အားကောင်းနေတော့ပေါ့လေ။'
'အမယ် ငယ်က အစကတည်းက တော်ပြီးသားပါနော်။'
'ဟုတ်ပဗျာ ဟုတ်ပ။ တော်လို့ ဆုရချရမယ်။ ရော့ သည်မှာ ငယ့်အတွက် ကို ဝယ်လာတာ။'
ပြောရင်း ဆိုရင်း လက်ထဲမှ ကြိမ်လုံးကို ငယ့်ကို လှမ်းပေးလေသည်။ ငယ့်မှာ တွန့်သွားသည်။ နောက်တခါ ထိုးပေးမှ လှမ်းယူလိုက်သည်။ ကြိမ်လုံးက လက်ထဲမှာ အနေတော်ပင်။ သည် ကြိမ်လုံးဖြင့် သည်ည အရိုက်ခံရမည်ကို တွေးပြီး ဖင်က ကျုံ့သွားမိသည်။ ကို့ကို မော့ကြည့်တော့ 'ငယ့်ကို အပြစ်ပေးရင် သုံးဖို့လေ။ သေချာ သိမ်းထားနော်။ ပျောက်သွားရင်တော့ နာမယ် မှတ်'
ငယ် အသံများပင် မည်အောင် တံတွေးမျိုချမိသည်။ လက်တွင်းမှ ကြိမ်လုံးကို လက်၂ဖက်နှင့်သေချာကိုင်ပြီး ကြည့်နေမိသည်။ အီးးးးး ဒါနှင့်သာ ဖင်ကို ရိုက်ခံရလို့ကတော့ သေပြီပဲ။ ပြီးရင်တော့ ထိုင်နိုင်လိမ့်မယ် မထင်။
'သွား ကိုယ့်တို့ အိပ်ခန်းထဲ သွားသိမ်းထားချေ။'
ကို ပြောလိုက်မှ အိပ်ယာက နိုးလာသူလို အပြေးလေးနှင့် အိပ်ခန်းထဲသွားကာ အဝတ်ဘီရိုပေါ် တင်ထားလိုက်သည်။ မဖြစ်သေး။ မတော်ကြွက်ဆွဲသွားမှဖြင့်ဟု တွေးကာ ဘီရိုဖွင့်ပြီး အဝတ်ချိတ်သော အကန့်တွင် ထောင်ထားလိုက်သည်။ အဝတ်များကို နေရာပြန်စီလိုက်တော့ ကြိမ်လုံးက ပျောက်သွားသည်။ မဆိုး တော်ရုံလူ မမြင်နိုင်တော့။ ဘယ်သူမှ မိမိတို့အခန်းကို မဝင်မှန်းသိသော်လည်း ငယ့်စိတ်တွင် မလုံ။ မတော် ကြိမ်လုံးတွေ့သွားမှဖြင့် ရှင်းရခက်ပေလိမ့်မည်။ မိမိအရိုက်ခံရတာပါဟု ဘယ်လို ပြောမလဲ။ ထိုသို့ တွေးမိသော်လည်း စိတ်ကတော့ လှုပ်ရှားမိသွားသည်။ တစ်ယောက်ယောက်များ မိမိ အပြစ်ပေးခံရတာကို သိသွားရင်ကော။ ကျောထဲစိမ့်သွားသည်။ အတွေးတွေကို ဖြတ်ပြီး ကိုကိုနှင့် ထမင်းစားရန် အမြန်ပြေးဆင်းလာမိသည်။
ကိုနှင့် ထမင်းလက်ဆုံစားကြသည်။ ကိုက ညအကြောင်း ဘာတစ်ခွန်းမှ မဟတော့။ ခုလိုကျတော့ တမျိုးကြီးပဲ။ ငယ်ကသာ ဗိုက်ထဲတွင် လိပ်ပြာလူးနေသလို ဖြစ်နေရသော်လည်း ကိုက အေးဆေးပင်။ စားပြီးတော့လဲ ခပ်တည်တည်နှင့် ရုပ်ရှင်ပင် ကြည့်နေလိုက်သေးသည်။ ငယ် သိမ်းဆည်းပြီး ပြန်လာတော့ ကိုက အိပ်ပင်နေချေပြီ။ စောင်ယူလာကာ ကို့ကို ခြုံပေးပြီး ထားခဲ့သည်။ အပေါ်ထပ် အခန်းထဲကို လာပြီး ရေချိုးဖို့ အဝတ်အစားလဲရင်း ကြိမ်လုံးကို သတိရမိသည်။ နောက် မနေနိုင်တော့ပဲ ဘီရိုထဲမှ ထုတ်ကာ လက်ထဲတွင် ဆကြည့်မိသည်။ ပေါ့တော့ အတော်ပေါ့နေသလို။ ကြိမ်လုံးနဲ့ ရိုက်လျှင်အတော်နာကြောင်း ငယ် ကြားဖူးနေသည်။ သို့သော် မိမိလက်ထဲမှ အရာက သည်လောက် နာမည်ဟု မထင်ရ။ လက်နှင့်ဆရင်း လက်ဖဝါးတစ်ဖက်ကို ဖြန့်ကာ ရိုက်ကြည့်မိသည်။ သိပ်မဆိုး။ ပိုပြင်းပြင်းထပ်ရိုက်ကြည့်တော့ လက်မှာ အတော့်ကို နာသွားသည်။ မီးစနှင့်ထိုးသလိုပင်။ လက်ဖဝါးကို ခပ်မြန်မြန်ပွတ်ရင်း ကြည့်လိုက်တော့ ပန်းရောင် အတန်း တစ်တန်းက မိမိ လက်ဖဝါးပေါ်တွင်။ အမလေးးးး နာလိုက်တာ။ ဒါတောင် အားမပါသေး။ ညကျရင်တော့ သေပါပြီဟု တွေးရင်း စိတ်က လှုပ်ရှားလာပြန်လေသည်။
အပိုင်း(၁၂)
အပြစ်ပေးခံရမှုတွင် စောင့်မျှော်နေရခြင်းက ပိုဆိုးသည်ဟုပြောကြသည်။ ငယ့်အတွက်လဲ ထိုအရာက မှန်ပေသည်။ မှန်ပုံချင်းတော့ အနည်းငယ် ကွာပေလိမ့်မည်။ သူများက အရိုက်ခံရတော့မှာသိ၍ တနေကုန် စိတ်မကြည်ကာ ဆိုးခြင်းဖြစ်သည်။ ငယ့်အဖို့ကတော့ မရောက်သေးလို့ အရိုက်မခံရသေးလို့ ဖြစ်သည်။
ကိုက အလုပ်က ဘော့စ်က ခေါ်သောကြောင့် နေ့လည် ၂နာရီလောက်ကတည်းက ပြန်ထွက်သွားရသည်။ ပိတ်ရက်ကို အလုပ်ကိစ္စက သိပ်မရှိတတ်သော်လည်း အခုကတော့ ရုံးချုပ်က လူကြီးရောက်နေသဖြင့် ကို လိုက်သွားရခြင်းဖြစ်သည်။ ည ၆နာရီထိုးခါနီးထိ ကိုမလာသေးတော့ ပြန်မရောက်လောက်တော့ဟု တွေးမိသည်။ လူကြီးက ညစာကျွေးမည်ထင့်။ လူကြီးကိုပဲ ကျွေးနေရသလားတော့ မသိ။ အာ့ဆိုရင် သည်ညကကော အပြစ်ပေးဖို့ ကိစ္စက ဖြစ်ပါတော့မလား။ ဟင်းးးး အလုပ်ကလဲ ရှုပ်စရာရှားလို့ သည်လိုနေ့မှ ဖြစ်ရတယ်လို့။ ငယ် စိတ်တိုလာသည်။ အလိုမကျချင်တော့။ ကို အလုပ်ကိစ္စဆိုတာ နားလည်ပေမယ့် အာ့လို နားလည်ပေးနေရတာကိုက စိတ်မကျေနပ်ချင်။ ထိုအချိန်တွင် အိမ်ရှေ့က အသံကြားလေသည်။ ကိုပြန်လာတာလား ဟု ထွက်ကြည့်တော့ တံခါဖွင့်နေသော ကို့ကို တွေ့ရသည်။ ပျော်သွားသည်မှာ ပြောစရာမရှိ။ ကိုက လှည့်ကြည့်ပြုံးပြီး တံခါးဆက်ပိတ်နေသည်။
အိမ်ရှေ့ရောက်တော့ ကို့ရင်ခွင်ထဲသို့ ပြေးဝင်သွားလိုက်သည်။ အပြေးတပိုင်းလေးမို့ ကို့ကိုယ်လုံးပင် ယိုင်ချင်သွားသည်။
'အမလေး အာ့က ဘယ်လိုဖြစ်ရတာလဲ မိငယ်ရယ်။ အလန့်ထညက်'
စပ်ဖြီးဖြီးရီရင်း 'ကို့ကို မျှော်နေတာလေ။ မလာတော့ဘူးလားလို့ ထင်တုန်း ကို ဝင်လာတော့ အရမ်းပျော်သွားတာ။ အာ့နဲ့ အပျော်တွေကနေ အရှိန်ပြောင်းသွားပြီး ကို့ဆီ ပစ်ဝင်လိုက်တာ။'
'အို သိပ်ချစ်ဖို့ကောင်းတဲ့ မိန်းမ။'
'အင့် ဆုပေးရမယ်' ပြောပြောဆိုဆို သူ ငယ့်နှုတ်ခမ်းအစုံကို ငုံ့နမ်းလိုက်သည်။ ငယ်က ရုတ်တရက် ကြောင်သွားပီး တုန့်နေသည်။ သို့သော် တစ်စက္ကန့်မျှမကြာခင် ပြန်နမ်းတော့သည်။ တပ်မက်သော အနမ်းများ။
၁မိနစ်ခန့် ရမ္မက်ထန်ထန်နမ်းပြီး ငယ်က 'ကို အိမ်ရှေ့ကြီးမှာ သူများတွေ မြင်သွားအုန်းမယ်။ ကိုကိုတော်ဆိုး' ပြောပြောဆိုဆို သူ့ရင်ခွင်ကို လက်သီးစုပ်ကလေးဖြင့် ထုရင်း လက်ဆွဲကာ အိမ်ထဲသို့ ခေါ်လာသည်။
'အင်း ငယ် ထမင်းကျက်ပီလား။'
'ကျက်ပါပီတဲ့ရှင်။ ကို မစားရသေးဘူးလား။ ငယ်က ကို မလာသေးတော့ စားနေပြီမှတ်တာ'
'သူဌေးကတော့ပြောသား။ စားသွားဖို့။ ကိုက အိမ်မှာ မိန်းမစောင့်နေတယ်လို့ပြောလိုက်လို့ မခေါ်တော့တာ'
'အယ် ကိုကလဲ လူကြီးကို ရှက်စရာကြီး'
'အို ဘာလို့ ရှက်ရမလဲ။ ထမင်းစားဖို့ စောင့်နေတယ် ပြောခဲ့တာပဲ။ ရှက်ရပါဘူး။ မိန်းမကို အပြစ်ပေးစရာရှိသေးလို့ လို့ ပြောခဲ့တာမှ မဟုတ်ပဲ။'
'အာ....ကိုနော်'
'ဟုတ်ဘူးလား။ ဟား ဟား ငါ့မိန်းမ သည်လို ရှက်တာ မတွေ့ရတာ ကြာနေပီ'
သူ သဘောကျစွာရယ်ရင်း ငယ် ခူးထားသော ထမင်းဝိုင်းသို့ ဝင်ထိုင်လိုက်သည်။
'လာကွာ ကို စားလှပြီ။ စားကြစို့'
ငယ်က မျက်စောင်း တစ်ချက်ထိုးရင်း ထမင်းအုပ်ထဲမှ ထမင်းကို ခူးပေးသည်။ ထုံးစံအတိုင်း ငယ့်လက်ရာကတော့ ဆွေမျိုးမေ့လောက်အောင်ကောင်းသည်။ သိုပေမယ့် သည်ည သူစီစဉ်ထားသည်ကိုတော့ မေ့လို့ မဖြစ်။ စားပြီးတော့ သူ အတော်ပင်လေးသွားသည်။ တနေကုန် သွားလာထားရတာကော၊ အဆီအအိမ့်တွေ စားလိုက်တာရောကြောင့် ဖြစ်မည်။ ငယ်က ပန်းကန်တွေ သိမ်းဖို့ လုပ်နေသည်။ နာရီ ကြည့်လိုက်တော ၇နာရီ ကျော်နေပြီ။
'ငယ်.....'
'သည်ည အစီအစဉ် မှတ်မိသေးတယ်မလား?'
ငယ်က သူ့ကို ကြည့်ရင်း ခေါင်းငြိမ့်ပြသည်။
'စိတ်ပြောင်းသွားတာမျိုး မရှိဘူးနော်။'
ခေါင်းခါပြပြန်သည်။
'အင်း အာ့ဆို ပန်းကန်တွေ မသိမ်းနဲ့တော့။ ကို သိမ်းလိုက်မယ်။ ခု ငယ်က ရေချိုး၊ ပြီးရင် ညအိပ် အင်္ကျီဝတ်ပြီး ကို့ကို အခန်းထဲက စောင့်နေ။'
ငယ် တံတွေးမျိုချရင်း ခေါင်းကို ညိမ့်သည်။
'နားလည်လား ပါးစပ်ကသေချာပြောလေ'
'ဟုတ် နားလည်ပါတယ် ကိုကို'
'အင်း အာ့ဆို ၈နာရီ အပြီး ပြင်ထား၊ အခန်ထဲကပဲ စောင့်နေ ကြားလား။'
ခေါင်းညိမ့်ပြပြန်သည်။
မျက်လုံးပြူးကြည့်လိုက်မှ 'ဟုတ်ကြားပါတယ် ကိုကို' ဟု ကမန်းကတန်းပြန်ပြောသည်။
'အာ့ဆို သွားတော့'
'ဟုတ် ကိုကို'
ပြောပြီး အပေါ်ထပ်သို့ ပြေးတက်သွားသည်။
သူလဲ ပန်းကန်များကို သိမ်းဆည်းပြီး အချိန်ပိုနေသေးသဖြင့် ကော်ဖီတစ်ခွက်ဖျော်ကာ သောက်နေလိုက်သည်။ ပြီးတော့ သူ့အစီအစဉ်ကို ခေါင်းထဲမှာ တဖန်ပြန် ဆန်းစစ်နေလိုက်သည်။
၈နာရီထိုးပြီ။ အပေါ်ထပ်မှ အသံတစ်ခုမှ မကြားရ။ သူအသာဆက်ထိုင်နေလိုက်သည်။
၈း၁၅မိနစ်။ သူ ထိုင်ရာမှ ထကာ အကြောဆန့်လိုက်ရင်း သူ့အစီအစဉ်အတိုင်း အိမ်ရှေ့ခန်းမှ ပစ္စည်းတစ်ခုကို ယူလိုက်သည်။ ပြီး ခြေသံဖွဖွ နင်းကာ အပေါ်ထပ် အိပ်ခန်းဆီသို့ တက်လာခဲ့သည်။
အပိုင်း (၁၃)
သူ အိပ်ခန်းရှေ့ရောက်တော့ ခေတ္တရပ်လိုက်သည်။ လက်ထဲတွင် ဖိနပ်တိုက်ရာတွင် သုံးသော အမွှေးကြမ်းဘီး။ ငယ့်မှာက ဘီးကို သစ်သားဘီးမျိုး မသုံးသဖြင့် သည်ဟာကို အစားသုံးဖို့ သူစဉ်းစားခဲ့ခြင်းဖြစ်သည်။ လက်ထဲက ဘီးကို စကြည့်ရင်း သူစဉ်းစားနေသည်။ သည်လိုမျိုးငယ့်ကို သူရိုက်ဖို့ တကယ်သူ အဆင်သင့် ဖြစ်ပြီလား? တကယ်က ငယ့်ကို နားလည်သည်။ ငယ့်ဆန္ဒကို ဖြည့်ဆည်းပေးချင်၍သာ သူခုလို လုပ်ရန် ကြံစည်ခြင်းဖြစ်သည်။ သူ ဘယ်တုန်းကမှ ငယ့်ကို နာကျင်အောင် လုပ်ဖို့ ဆန္ဒမရှိခဲ့ဖူး။ သည်အခြေအနေထိရောက်ပြီ ဖြစ်သော်လည်း သူတကယ်ရိုက်သည့်အခါ ငယ် သူ့ကို မုန်းသွားမှာကို ကြောက်မိသည်။ သို့မဟုတ် ငယ် ခုလို အရိုက်ခံရတာကို မကြိုက်တော့တာလဲ ဖြစ်သွားနိုင်တာပဲ။ သည်ဟာကတော့ သူ့စိတ်သူ ဖြေနေခြင်းလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သက်ပြင်းတစ်ချက်ချရင်း အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းတွင်း ကုတင်ပေါ်မှာ အိပ်ယာဝင် ဝတ်စုံ ဝမ်းဆက်နှင့် ငယ့်ကို တွေ့ရသည်။ ကျောလယ်လောက် ဆံပင်တွေကို ဆံညှပ်နှင့်ညှပ်သိမ်းထားသောကြောင့် ငယ့် မျက်နာလေးက ရှင်းလင်းနေသည်။ ချစ်စဖွယ်ကောင်းလှသော ငယ့်မှာ ဆံပင်အာ့လို စည်းထားတိုင်း ကလေးငယ်လေးလို ဖြစ်ဖြစ်သွားတတ်လေသည်။
အပိုင်း (၁၄)
ငယ့်မှာ သူ့လက်ထဲက ဘီးကိုကြည့်ပြီး မျက်လုံးနည်းနည်းပြူးသွားသည်။ ပြီးသူ့ကို တစ်ချက်မော့ကြည့်သည်။
'ငယ် သေချာပြီလား?'
ငယ်က ခေါင်းကို ခပ်မြန်မြန်ငြိမ့်ပြသည်။
'အင်း အာ့ဆို ငယ့်အပြစ်ပေးတာ မစခင် ကိုတို့ စကားနည်းနည်းပြောဖို့လိုမယ်ထင်တယ်။'
'...'
'ခုလိုမျိုး ငယ့်ကို အပြစ်ပေးရမှာ ကို့အနေနဲ့ ခုထိ ချိတုံချတုံပဲ။ ငယ် ကြိုက်တယ်ဆိုတာကိုတော့ ခုကိုသိရပီ။ သို့ပေမယ့် ငယ်အရင်တုန်းကကော အရိုက်ခံဘူးလား'
'ဟင့်အင်း တခါမှတော့ မခံဖူးပါဘူး'
'အင်း...ကိုကတော့ ခံဖူးတယ်။ နာတယ်ဆိုတာတော့ ပြောနေစရာတောင် မလိုဘူး။ ပြီးရင် ရေရှည် အမှတ်တွေ ဘာတွေ မထင်ဘူးဆိုတာ သိပေမယ့် ကို့တုန်းကတော့ တစ်ပတ်လောက်နီးနီး ကြာခဲ့တယ်။'
ငယ်ထိုင်နေရာက ဖင်ကိုကြွကာ ပြင်သည်။
'ငယ် နားလည်ပါတယ် ကိုကို'
'အင်း နောက်တစ်ခုက ကို ငယ်နာကျင်တာကို မကြည့်ရက်ဘူး။ ကိုကိုယ်တိုင်က နာကျင်စေဖို့ဆိုတာ အရင်က စဉ်းတောင် မစဉ်းစားဖူးဘူး။ ခုကတော့ ငယ့်အတွက် လိုအပ်ချက်တစ်ခုဆိုတာ ကို နားလည်တယ်။ သို့ပေမယ့် ငယ့်ကို တကယ်ရိုက်လို့ ငယ်နာလာတဲ့အခါ၊ ငယ့်မှာ အရှိုးရာထင်လာတဲ့အခါ ကိုဆက်လုပ်နိုင်ဖို့ အင်အားရှိပါ့မလား မသိဘူး။ အာ့တော့ ငယ်အနေနဲ့ safe word ဆိုတာတော့ ကြားဖူးမှာပဲ။'
'ဟုတ်၊...ဒါပေမယ့် ငယ်တစ်ခုပြောပါရစေနော်။ ကို့ကို ငယ်ယုံတယ်။ ကိုခုလို ငယ့်အပေါ် နားလည်ပေးလို့လဲ အရမ်းကျေးဇူးတင်တယ်။ ခုရိုက်ရင် ငယ်နာမယ်ဆိုတာ သိပါတယ်။ ငယ်က ရိုက်လို့နာတာ တစ်ခုထဲကိုပဲ သဘောကျတာ မဟုတ်ဘူး။ ငယ် ကို့ကို လေးစားတယ်။ ငယ်လေးစားတဲ့ လူတစ်ယောက်က ငယ့်ကို ကောင်းအောင်ပြုပြင်ပေးတာ။ ငယ်အာ့လူအပေါ်ကို နာခံလိုတဲ့စိတ်။ ကလေးလေးလို ရိုက်ပြီး အပြစ်ပေးခံရတဲ့အခါ ခံစားရတဲ့ ခံစားမှု အာ့တွေကို ကြိုက်တာ။ အရိုက်ခံရတဲ့အခါ ငယ် အော်ငိုချင်ငိုမယ်။ ဂျီကျချင်ကျမယ်။ အပြစ်ကလွတ်အောင် ငယ်မျိုးစုံ ကြိုးစားမှာ။ သို့ပေမယ့် ကိုက အာ့အချိန်မှာ ငယ့်ကို သနားလို့သာ ညှာပေးလိုက်တယ်ဆိုရင် ငယ်ဖြစ်ချင်တဲ့ ဆန္ဒပြည့်မှာ မဟုတ်ဘူး။ ကိုနောင် အပြစ်ပေးတဲ့အခါမှာလည်း ငယ်လေးစားမှာ မဟုတ်ဘူး။ ငယ် ကိုပြောတဲ့ safe word ကို နားလည်ပါတယ်။ ငယ် အာ့ safe word ကို မပြောမချင်း ကို့အနေနဲ့လည်း မရပ်စေချင်ဘူး။'
'အင်း ကိုနားလည်ပါပြီ။ အာ့ဆို ငယ် ကိုတို့ safe word ကို ဘာထားချင်လဲ။ အနီရောင်လို့ပဲ ထားမလား?'
ငယ် ခဏစဉ်းစားရင်း
'ဟင့်အင်း ငယ် safe word ကို ဖိုးတုတ်လို့ထားချင်တယ်။'
သူပြုံးလိုက်မိသည်။ အာ့က သူ့ရဲ့ အိမ်နာမည်ဖြစ်သည်။ များသောအားဖြင့် သူ့ကို အာ့လို ခေါ်တဲ့သူတွေက အမေတို့ အဖေတို့ အဖိုးတို့ဆိုတော့ အာ့လိုခေါ်တာကြားလျှင် ရိုသေရမည်ဟူသော အသိက ရှိနေတော့ သည်ဟာက အနီရောင်ဆိုတာထက် ပိုကောင်းမယ် ထင်သည်။
'အင်းလေ....အာ့ဆိုလဲ အာ့ကိုပဲ ထားကြတာပေါ့။ ကဲ အာ့ဆို ငယ့်ကို ဒဏ်ပေးရုံရှိတော့တာပေါ့။'
ငယ်က လိုတာရတဲ့ ကလေးတစ်ယောက်လို ပြုံးရင်း ပဆစ်တုတ်ပြောင်းထိုင်လိုက်သည်။
'ကဲ မိငယ်၊ သည်နေ့ယောက်ျားကို မလေးမစားနဲ့ ကစားစရာ စ စရာလို သဘောထားတယ်ပေါ့လေ။'
'ဟုတ်ပါဘူး ငယ်က စတာကို'
'စကားအတည်ပြောနေရင် အာ့လို ပေါ့ပျက်ပျက်အမြဲလုပ်တယ်။ ကြည့်နေတာကြာပြီ။ ခုတော့ မရဘူး။ နောက်နောင် မလုပ်ရဲအောင် ဆုံးမထားရမယ်။'
'လာခဲ့ ကိုယ့်အပြစ်ကို သိတယ်မလား'
သူလေသံမာမာနဲ့ ပြောလိုက်တော့ ငယ်က မျက်နာငယ်လေးနှင့် ကြည့်ရင်း ခုတင်ပေါ်က ဆင်းလာပြီး သူ့ရှေ့လာရပ်သည်
အိုး သူအနေန့ ဘယ်လိုရှေ့ဆက်ရပါ့။ ခုလို သူ့ရှေ့တွင် လက်ကလေး၂ဖက် ရှေ့မှာ ယှက်ပြီး မျက်နာငယ်နှင့် ရပ်နေသော ငယ်မှာ ချစ်ဖို့ကောင်းလှသည်။ ငယ့်ကိုဖက်ထားချင်စိတ်ကို မနည်းတွန်းလှန်ပြီး ငယ့်နားရွက်ကို လှမ်းဆွဲလိုက်သည်။ ငယ် ခေါင်းလေးစောင်းကာ တအအ အသံထွက်ပြီး သူ့နားပါလာသည်။ သူ့ရှေ့တည့်တည့်ရောက်တော့ ငယ့်ဖင်ကို ကျန်လက်ဖဝါးနှင့် ၂ချက်ဆင့် ရိုက်လိုက်သည်။ ငယ် ရုန်းတော့ နားရွက်ကိုဆွဲထားသောလက်က ပိုဆွဲမိသည်။ ငယ်နာတော့ မရုန်းပဲ ရပ်သွားသည်။ 'သည်မယ်နော် မိငယ်။ ကိုယ့်မှာ အပြစ်ရှိလား မရှိဘူးလား။ ရှိတာသိရင် ရုန်းရင်းဆန်ခတ်မလုပ်နဲ့။ ပိုနာမယ်နော်။'
'အပြစ်ရှိပေမယ့် အာ့လောက်အရိုက်ခံရအောင်တော့ မရှိပါဘူး။'
နားရွက်ကို ထပ်လိမ်လိုက်ပြီ
'အာ့က ငယ်ဆုံးဖြတ်ရမှာလား။ ကို ဆုံးဖြတ်ရမှာလား။'
'အာ အားးးး ကိုကို ဆုံးဖြတ်ရမှာ ကိုကိုဆုံးဖြတ်ရမှာ'
'သိရင် ပြီးတာပဲ။ ခု လက်ပိုက်။ တည့်တည့်ရပ်'
ငယ်က လွှတ်ပေးလိုက်တဲ့ နားရွက်ကို ကိုင်ပြီး
နှုတ်ခမ်းဆူကာ ဆောင့်တောင့်တောင့်နှင့် မတ်တပ်ရပ်သည်။ ပြီးတော့ ကလေးများလို လက်ကို ဆတ်ကနဲ ပိုက်ကာ မတ်မတ်နေလေသည်။ သူ့ဘက်ကို မကြည့် ရှေ့တည့်တည့်သာကြည့်ပြီး နှုတ်ခမ်းက ဆက်ဆူထားသည်။ သူရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ပြုံးတော့ ပြုံးမိသွားသည်။ ငယ်သည် အလုပ်လုပ်နေစဉ် လူကြီးလေးလို နေတတ်ထိုင်တတ်သော်လည်း သူနှင့်တွေ့သည့်အခါ ကလေးလို ပြောဆို ဆက်ဆံတတ်သည်မှာ မှန်ပါသည်။ သို့ပေမယ့် ခုဟာကတော့ ပိုဒီဂရီ မြင့်တာ ပြောရန်မရှိ။

မှတ်ချက်။     ။ လောလောဆယ် ကိုဒက် ရေးတင်ထားသမျှကို တင်ထားခြင်းဖြစ်ပါတယ်။ နောက်ထပ်ထပ်ထွက်ရင်တော့လည်း နောက်ထပ်တခါစုစည်းပြီး တင်ပေးအုန်းမှာပါ။ ဇာတ်လမ်းနာမည်ကိုလည်း ကိုဒက်ဘယ်လိုပေးမယ်ဆိုတာကို မသိရသေးတာကြောင့် 'ကိုဒက်ပေးမယ့်ဇာတ်လမ်းနာမည်အတိုင်း' လို့ ပေးထားပါတယ်။

No comments:

Post a Comment