စာမျက်နှာများ

Saturday, March 23, 2013

အစေခံ (၂) ပထမပိုင်း


ဒီဇာတ်လမ်းကိုစဖတ်မယ်ဆိုရင်တော့ အစေခံ (၁) ကိုဖတ်ထားဖို့တော့လိုပါလိမ့်မယ်၊ ဖတ်ထားမှသာ အဆက်မိမည်ဖြစ်ပြီး မဖတ်ထားပါက ဇာတ်လမ်းနှင့်အစိမ်းသက်သက်သာဖြစ်နေပါလိမ့်မည်…။


အစေခံ (၂)

စိတ်စောနေလို့လားမသိဘူးနောက်တစ်နေ့မနက်(၄)နာရီခွဲလောက်မှာ ကျွန်တော်အိပ်ယာကနိုးလာတယ်၊ ကုတင်ပေါ်မှာအသက်ရှုသံမှန်မှန်နဲ့အိပ်မောကျနေတဲ့ သခင်မဖုရားရဲ့ကလိုကယိုအလှကို အခန်းမှောင်မှောင်မှာ မိနစ်(၂၀)လောက်ကြာအောင် တိတ်တခိုးမော်ဖူးရင်းရှေ့ဆက်ရင်ဆိုင်ရတော့မဲ့ ကျွန်တော့်ဘ၀ရှေ့ရေးကို ခပ်ရေးရေးတွေးနေမိတယ်၊ ကျွန်တော့်မိဘနဲ့ကျွန်တော့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကျွန်တော့်ကိုဒီလိုမျိုးအနေအထားနဲ့ ဘယ်လိုမှလက်ခံနိုင်မှာမဟုတ်သလို ကျွန်တော်ကလဲသခင်မဖုရားခြေဖ၀ါးအောက်ကနေ ဘယ်ကိုမှထွက်မသွားချင်တော့ပါဘူး၊ ကျွန်တော်အရာအားကိုကို ပြတ်ပြတ်သားသားရင်ဆိုင်ပစ်လိုက်ဖို့အတွက် သူ့ကိုမြတ်မြတ်နိုးနိုးရှိခိုးကန်တော့လိုက်ပြီးတော့ အင်အားတွေမွေးနေမိတယ်၊ သူ့ကိုကန်တော့လို့ပြီးတာနဲ့ ကိုယ်လက်သန့်စင်ပြီးထမင်းစားပွဲပေါ်မှာ ကော်ဖီခွက်လေးနဲ့ဖိထားတဲ့ စာရွက်လေးပေါ်က သူ့လက်ရေးလှလှလေးနဲ့ခပ်သော့သော့ရေးထားတဲ့ ကျွန်တော့်အတွက်လုပ်စရာအလုပ်တွေကို သေသေချာချာဖတ်ကြည့်ရင်း၊ သူခိုင်းထားတဲ့အတိုင်းတစ်အိမ်လုံးရဲ့ပြတင်းပေါက်မှန်တွေကို သန့်ရှင်းရေးစလုပ်တယ်၊ ပြီးတော့မှခြံထဲက ပန်းပင်တွေရေလောင်းပြီးလို့ မနက်(၇)နာရီခွဲခါနီးမှာ ကျွန်တော့်အိမ်ရှေ့ခန်းကပါကေးခင်းထားတဲ့ကြမ်းပြင်ကို ပြောင်လက်နေအောင် ကြမ်းတိုက်နေတုန်းမှာဘဲ၊ အိပ်ခန်းထဲကနေတစ်လှမ်းချင်းထွက်လာတဲ့ သူ့ခြေထောက်လှလှလေးကို အရင်ဆုံးမြင်လိုက်ရပြီးတဲ့နောက်မှာတော့ မျက်နှာသစ်ပြီခါစ လန်းဆန်းလှပနေတဲ့သူ့မျက်နှာလှလှလေးကိုလဲ ကျွန်တော်သတိလက်လွတ်ငေးကြည့်မိတယ်၊ သူက ကျွန်တော့်မျက်နှာကို အေးစက်စက်အကြည့်နဲ့တုန့်ပြန်ကြည့်လိုက်ပြီး၊ သူ့အနားကစားပွဲပေါ်မှာရှိနေတဲ့ ကြက်မွှေးတံမျက်စည်းကို ယူလိုက်ရင်း “ဒီကိုလေးဖက်ထောက်ပြီးလာခဲ့စမ်း” လို့ သူ့ခြေဖမိုးလေးအနားကို ညွှန်ပြပြီးအမိန့်ပေးတယ်၊ ကျွန်တော်သူ့ရှေ့ရောက်တော့ သူ့ထမီကို သူ့ခေါင်းအထက်ကိုအသာမလိုက်ပြီး ကျွန်တော့်ခေါင်းဝင်နိုင်အောင် သူ့ခြေနှစ်ဖက်ကိုလဲ မဆိုသလောက်ကားထားလိုက်ရင်း “ငါ့ခြေသလုံးကြားထဲကိုနင့်ခေါင်းဝင်လိုက်” လို့ပြောတော့မှ “ငါ့ဒူးအထက်ကိုမော်မကြည့်ရဘူးလို့ ပြောထားတာကိုနင်ကြည့်ချင်အုံး” လို့ပြောပြီးတစ်ဆက်ထဲမှာဘဲ “လက်သွားဆေးပြီးရင်ငါ့အတွက် ကော်ဖီနဲ့ပေါင်မုန့်မီးကင်နှစ်ချပ်ကို ထောက်ပတ်သုတ်ပြီး မနက်စာအတွက်စီစဉ်လိုက်၊ ပြီးတာနဲ့ ငါ့ခလေးနိုးလာရင်သောက်ဖို့ နို့ဘူးဖျော်ထား၊ မြန်မြန်သွက်သွက်လုပ်စမ်း” လို့ဆက်ပြောပါတယ်၊ ကျွန်တော်လဲ ကျွန်တော့်အပြစ်နဲ့ ကျွန်တော်အပြစ်ပေးခံလိုက်ရတာတကြောင်း သူစိတ်ဆိုးအောင်မနက်စောစော စီးစီးသွားလုပ်လိုက်မိခဲ့တာလဲ ကိုယ်ကိုယ်ကိုခွင့်မလွှတ်ချင်တော့အောင်ခံစားရပြီး၊ သူရိုက်ထားလို့နာနေတဲ့ဖင်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ သူ့ခြေသလုံးကြားထဲကနေခပ်ယို့ယို့လေးထွက်လိုက်ရင်း သူ့ခြေရင်းမှာ ကျွန်တော့်အပြစ်အတွက် သူ့ကို အရင်ဆုံးရှိခိုးကန်တော့ တောင်းပန်ပြီးမှ သူခိုင်းတာတွေအမြန်လုပ်ဖို့အတွက် သူ့ရှေ့မှောက်ကထွက်ခွာလာခဲ့ပါသည်။
ကျွန်တော်ပြင်ဆင်ပေးထားတဲ့မနက်စာကို သူသုံးဆောင်နေရင်းနဲ့ သူ့ခြေရင်းမှာလက်အုပ်ချီပြီး ဒူးတုပ်ခစားနေတဲ့ ကျွန်တော်ရှေ့က ကြမ်းပြင်ပေါ်ကို တစ်ထောင်တန်တစ်ရွက်၊ ငါးရာတန်နှစ်ရွက်နဲ့အတူ စာရင်းစာရွက်လေးတရွက်ကိုပစ်ချပေးရင်း “ဈေးကိုမြန်မြန်ပြေးပြီးဟင်းချက်ဖို့ ငါမှာတာတွေပါအောင်ဝယ်လာခဲ့၊ မကြာစေနဲ့ နင့်ကိုငါခိုင်းစရာတွေရှိသေးတယ်” လို့ပြောပါတယ်၊ သူ့အမိန့်မှန်သမျှ မပယ်ရှားရဲတဲ့ ကျွန်တော်လဲ လက်ရှိဝတ်ထားတဲ့ထမီအစ်ုတ်အပြဲလေးကိုဘဲ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဝတ်လိုက်ပြီး မီးခိုချောင်ထဲက ဈေးခြင်းတောင်းကိုဆွဲလို့ ဈေးထွက်ဝယ်ရပါတော့သည်၊ တအံ့တသြနဲ့စူးစမ်းနေကြတဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့မျက်လုံးတွေရဲ့အရှေ့မှာ ခြေလှမ်းမမှားရအောင် ကိုယ့်ကိုကိုယ်အားတင်းရင်းနဲ့ သခင်မဖုရားရဲ့ကျွန်တစ်ကောင်ဘ၀မှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် တစ်လောကလုံးကို ခပ်ရဲရဲရင်ဆိုင်လိုက်ပါတော့သည်။
ကျွန်တော်ဈေးကနေအိမ်ပြန်ရောက်တော့ သခင်မဖုရားကမီးဖိုခန်းထဲကို ခံဖိနပ်လေးစီးပြီးလက်တစ်ဖက်ကလဲ သူ့ခလေးကိုချီပြီးဝင်လာရင်းနဲ့ “နင်ဈေးထဲမှာ ဘာလုပ်နေလို့ ဒီလောက်ကြာနေရတာလဲ၊ ကြက်သားကိုရေစင်စင်ဆေးပြီးရင် ငရုတ်သီးညက်အောင်ထောင်းထားစမ်း၊ ပြီးရင်ဘူးသီးကိုအစိတ်ခပ်သေးသေးစိတ်ပြီး ကြက်သားနဲ့ရောချက်၊ ပြီးတာနဲ့ထမင်းသုံးလုံးတည်လိုက်၊ ဒီနေ့ငါ့မိတ်ဆွေနှစ်ယောက်ဒီမှာ ထမင်းစားလိမ့်မယ်” လို့ပြောပြီး အိမ်ရှေ့ခန်းကို ပြန်ထွက်သွားပါတယ်၊ ကျွန်တော်လဲဗိုက်ဆာဆာနဲ့ဘဲ မီးဖိုထမြှာချွေးတလုံးလုံးနဲ့ သူခိုင်းတဲ့အတိုင်းချက်ပြုတ်ရပါတော့သည်၊ ဟင်းကျက်ခါနီးလောက်တော့မှ သူနောက်တခေါက်မီးဖိုချောင်ထဲဝင်လာပြီး ဟင်းအပေါ့အငံမြည်းပြီးတော့မှဘဲ “ရေနဲနဲခန်းရင် ဟင်းအိုးချလိုက်တော့၊ ပြီးရင်မီးဖိုခန်းကို သေသေချာချာသန့်ရှင်းရေးလုပ်လိုက်အုံး၊ ပြီးတော့မှ နင်မနက်ကတိုက်လို့ မပြီးသေးတဲ့ကြမ်းပြီးအောင်တိုက်လိုက် ပြီးအိပ်သာပါဆေးထားလိုက်” လို့ပြောပြီးမှာတော့ အိမ်ရှေ့ခန်းကဆိုဖာပေးမှာ သူသက်သက်သာသာထိုင်ပြီး စာအုပ်ဖတ်နေရင်းနဲ့ခလေးထိန်းနေပါတယ်။
ကျွန်တော်သူခိုင်းတာတွေအမြန်ပြီးအောင်လုပ်ပြီးတဲ့အချိန်မှာတော့ သူက သူ့ခလေးကိုပုခက်ထဲထည့်လိုက်ပြီး “ငါရေချိုးတော့မယ်၊ အပြင်မှာနေပူထုတ်လှမ်းထားတဲ့ ငါ့ရေလဲထမီကို သွားယူပြီးရင်၊ ရေချိုးခန်းထဲမှာ သေသေချာချာခေါက်ပြီးသွားထားထားလိုက်၊ ငါရေချိုးနေတုန်းမှာ နင်ဘာလုပ်ရမလဲဆို နင့်ကိုငါထပ်မပြောတော့ဘူး၊ နောက်ပြီးငါရေချိုးနေတုန်း ငါ့မိတ်ဆွေတွေရောက်လာခဲ့ရင် အိမ်တံခါးဖွင့်ပေးပြီး သူတို့ခိုင်းတာလုပ်ပေးထားလိုက်၊ ငါ့မိတ်ဆွေတွေကိုလဲ နင့်ရဲ့အရှင်သခင်တွေလိုဘဲ ရိုရိုသေသေဆက်ဆံရမယ်” လို့ပြောပြီး သူ့အိပ်ခန်းထဲကိုဝင်သွားပါတယ်၊ ကျွန်ောတ်လဲသူခိုင်းတဲ့အတိုင်း သူ့ရေလဲထမီလေးကို သွားယူရင်းနဲ့ အတူတူလှမ်းထားတဲ့ သူ့အ၀တ်တွေကိုပါ အ၀တ်တန်းပေါ်ကနေ တစ်လက်စထဲ မီးပူတိုက်ဖို့အတွက် ရုတ်လိုက်ပြီး၊ သူ့ရေလဲထမီလေးကိုတော့ ရေချိုးခန်းထဲက ထမီစင်လေးပေါ်မှာ အသေအချာခေါက်ပြီးတင်ထားလိုက်ပါတယ်၊ ကျွန်တော်လဲ မနက်မိုးလင်းကထဲက ဘာမှမစားရသေးဘဲ အလုပ်တွေကိုဘဲဆက်တိုက်လုပ်နေရတော့ ပင်ပန်းလွန်းလို့ဖတ်ဖတ်မောနေပေမဲ့ ကျွန်တော်မတွေ့ရသေးတဲ့ ကျွန်တော့်သခင်မဖုရားပြောသွားတဲ့ သူ့မိတ်ဆွေကျွန်တော့်အတွက်တော့ နောက်ထပ်ပေါ်လာတဲ့အရှင်သခင်အသစ်တွေကို ရင်ဆိုင်ဖို့အတွက် စိတ်ကူးနဲ့ ပုံဖော်ကြည်ပြီး ရင်ထဲမှာတလှပ်လှပ်နဲ့ ကျွန်ောတ့်ရင်တွေအရမ်းခုန်လာတယ်၊ သူရေချိုးခန်းထဲကို ရေချိုးဖို့ဝင်သွားတာနဲ့ သူကြမ်းပြင်ပေါ်မှာ ချွတ်ချထားခဲ့တဲ့ သူ့အ၀တ်ဟောင်းတွေကို ထုံးစံအတိုင်းသိမ်းဆည်းပြီးတော့မှ သူရေချိုးပြီးရင် အဆင်သင့်လိမ်းဖို့ သနပ်ခါးကိုသွေးရင်းနဲ့ကြယ်တွေငိုအောင်လှတဲ့ ကျွန်တော့်သခင်မဖုရားခြေတော်ရင်းမှာ အလုပ်အကြွေးပြုဖို့အတွက်ရင်တဖိုဖိုနဲ့ စောင့်စားနေမိတယ်၊ သူရေချိုးခန်းထဲက ထွက်လာပြီးသူ့မျက်နှာနဲ့လက်နှစ်ဖက်ကို သနပ်ခါးလိမ်းပြီလို့ ကျွန်တော်သူ့ခြေထောက်နှစ်ဖက်ကို ကြည်ကြည်နူးနူးသနပ်ခါးလိမ်းပေးနေတဲ့အချိန်မှာဘဲ အိမ်ရှေ့ကကားဟွန်းသံကို ကြားလိုက်ရပြီးသူက “သနပ်ခါးလိမ်းတာမြန်မြန်လက်စသတ်လိုက်တော့၊ ခြံတံခါးမြန်မြန်ပြေးဖွင့်ပေးပြီးအိမ်ရှေ့မှာ သူတိုပိကုထိုင်ခိုင်းထားလိုက်၊ ငါ့အ၀တ်လဲပြီးရင်ထွက်လာခဲ့မယ်” လို့အမိန့်ပေးတယ်၊ ကျွန်တော်လဲသူခိုင်းတဲ့အတိုင်းကားဝင်နိုင်ဖို့ ခြံတံခါးမြန်မြန်ပြေးဖွင့်ပေးလိုက်ပြီး ကားပေါ်ကနေဆင်းလာတဲ့ သခင်မဖုရားရဲ့မိတ်ဆွေနှစ်ယောက်ကို ယိုယိုကျိုးကျိုးအမူအရာနဲ့ အိမ်ရှေ့ဖိနပ်ချွတ်မှာ ဒူးထောက်ပြီးတိတ်တခိုးကြည့်ရင်းနဲ့ စောင့်ကြိုနေလိုက်တယ်၊ မကြာခင်မှာဘဲ ကားတံခါးဖွင့်ပြီးဆင်းလာတဲ့ ဒေါက်မြင့်ဖိနပ်လေးတွေ ကိုယ်စီစီးထားတဲ့ခြေထောက်လှလှလေးနှစ်စုံကို အရင်စမြင်လိုက်ရပြီး၊ အရပ်မြင့်မြင့်၊ အသားခပ်ညိုညို၊ မီးခိုးရောင်အောက်ခံပေါ်မှာ အပွင့်စိတ်စိတ်လေးတွေနဲ့ ရှိန်သားထမီပျော့ပျော့လေးကို တီရှပ်အနက်ရောင်လေးနဲ့ တွဲဝတ်ထားပြီး ဆံပင်တိုတိုညှပ်ထားတဲ့ အန်တီညိုမီနဲ့ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ အနက်ရောင်ဘီဘဲလ်ထမီကို အနီရဲရဲတီရှပ်လေးနဲ့ တွဲဝတ်ထားပြီး ခါးလယ်မရောက်တရောက် ဆံပင်နီညိုရောင်တွေကို ခပ်ပြေပြေလေးကောက်ထားတဲ့ အန်တီသီသီ၇ဲ့ အလှကို မြင်တွေ့လိုက်ရတယ်၊ (သူတို့နှစ်ယောက်၇ဲ့ နာမည်တွေက ကျွန်တော့်သခင်မဖုရားနဲ့ သူတို့နှစ်ယောက်နေ့လည်စာ အတူတူသုံးဆောင်ရင်း စကားပြောကြတော့မှ သိခဲ့ရတာပါ) ကားသော့လေးလက်က ကိုင်လာတဲ့ အန်တီညိုမီက အိမ်ရှေ့ဖိနပ်ချွတ်မှာ ရင်တုန်တုန်နဲ့ ဒူးထောက်ပြီးကြိုဆိုနေတဲ့ ကျွန်တော့်ရှေ့မှာ သူ့ဒေါက်ဖိနပ်လေးကို ချွတ်လိုက်ပြီး “ရှယ်လီအိမ်မှာလား” လို့ကျွန်တော်ကိုမေးတယ်၊ ကျွန်တော်က “သခင်မဖုရားအ၀တ်လဲနေပါတယ်၊ မကြာခင်ထွက်လာပါလိမ့်မယ်၊ လိုအပ်တာရှိရင် ကျွန်တော့်ကိုခိုင်းပါခင်ဗျာ” လို့လက်အုပ်ချီပြီးပြန်ဖြေလိုက်တော့ သူ့နောက်နေ၀ိုင်းပုလင်း(၂)လုံးကို လက်ကဆွဲပြီးဝင်လာတဲ့အန်တီသီသီကလဲ သူ့ဖိနပ်ကိုချွတ်ပြီး သူ့လက်ထဲက ၀ိုင်ပုလင်းတွေကို ကျွန်တော့်ကို လှမ်းပေးရင်းနဲ့ “ဒီပုလင်းတွေကို ရေခဲသေတ္တာထဲသွားထဲ့ထားလိုက်၊ ပြီးရင်ငါတို့ သောက်ဖို့ရေအေးအေးနှစ်ခွက် မြန်မြန်သွားယူလာခဲ့” လို့ဝင်ပြောအပြီးမှာတော့ သူတို့နှစ်ယောက်စလုံးအိမ်ထဲကို ၀င်သွားကြပြီး ဆိုဖာပေါ်မှာထိုင်လိုက်တြယ်၊ ကျွန်တော်လဲသူတို့ ချွတ်ထားခဲ့တဲ့ ဖိနပ်နှစ်စုံကို ဖိနပ်စင်ပ်ါမျာ ရိုရိုသေသေတင်လိုက်ပြီး သူပေးတဲ့ဝိုင်ပုလင်းတွေကိုလဲ ရေခဲသေတ္တာထဲမှာ သိမ်းလိုက်ရင်း သူတို့သောက်ဖို့ ရေကိုပါခပ်ပြီး သူတို့နှစ်ယောက်၇ဲ့ရှေ့မှာ ဒူးထောက်းပြီးပေးနေတုန်းမှာဘဲ ကျွန်တော့်သခင်မဖုရားလဲ အ၀တ်အစားလဲပြီးလို့ (သူကတော့ အိမ်နေရင်းအပြာရောင်နုနုအောက်ခံပေါ်မှာ ပန်းပွင့်အပြာရောင်ရင့်ရင့်စိတ်စိတ်ကလေးတွေဖေါက်ထားတဲ့ထမီကို တီရှပ်အဖြူရောင်နဲ့တွဲဝတ်ထားပြီး) ဆိုဖာပေါ်ကိုရောက်လာပါတော့တယ်၊ သခင်မဖုရားက “ငါ့အခန်းထဲသွားပြီးရှင်းစရာရှိတာတွေရှင်းပြီးရင်း၊ ငါ့တို့စားဖို့ ထမင်းခူးလိုက်တော့” လို့အမိန့်ပေးတယ်၊ ကျွန်တော်သူ့အိပ်ခန်းထဲသွားပြီး သူကြမ်းပေါ်မှာချွတ်ပြီးထားခဲ့တဲ့ ရေလဲထမီလေးကို အခန်းထောင့်က ထမီစင်လေးပေးမှာ ဖြန့်ပြီးလှမ်းလိုက်ပြီးတော့မှ သူတို့နေလည်စာ စားဖို့ပြင်ဆင်ပေးပြီး သခင်မဖုရားရှေ့မှာဒူးထောက်ရင်း “သခင်မဖုရားနေလည်စာသုံးဆောင်လို့ရပါပြီ” လို့လက်အုပ်ချီပြီး လျှောက်တင်လိုက်တယ်၊ အန်တီသီသီက “ရှယ်လီတို့ကတော့ ဘုန်းတံခိုးကြီးနေလိုက်တာနော်” လို့ရီရီမောမောနဲ့ပြောပြီး အန်တီညိုမီကလဲ “ဟုတ်ပါ့ဒီမိန်းမကောင်းစားနေလိုက်တာအရမ်းပါဘဲလား” လို့ထောက်ခံလိုက်ပြီးတဲ့နောက်မှာတော့ သူတို့အတူတူနေ့လည်စာသုံးဆောင်ကြတယ်၊ ကျွန်တော်ကတော့ လိုအပ်တာတွေဖြည့်ဆည်းပေးဖို့ တစ်ချိန်လုံးသူတို့ရဲ့ ခြေရင်းမှားဒူးထောက်ခစားပြီးနေခဲ့ရပြီး ရီမောရွှင်လန်း သူ့အပေါင်းအသင်းတွေနဲ့ ကျွန်တော့်လက်ရာကို ကျေကျေနပ်နပ်သုံးဆောင်နေတဲ့ သခင်မဖုရားကို မြတ်နုးစိတ်နဲ့ အချိန်တွေတိုးနေမိတယ်၊ သူတို့ ထမင်းစားလို့ပြီးတော့ သခင်မဖုရားက လက်ဆေးနေရင်းနဲ့ “ဆေးကြောလို့ပြီးရင် နင်ထမင်းစားလို့ရပြီ၊ ပြီးတာနဲ့ အ၀တ်တေါနင်ရေမချိုးခင်လျှော်လိုက်၊ ရေချိုးပြီးရင် မီးပူတိုက်၊ အခုလောလောဆယ်ငါတို့ ဖဲရိုက်ရင်းအဆာပြေစားဖို့ လက်ဖက်သုပ်ထဲကို  ကြက်သွန်ဖြူဥလေးတွေအခွံခွာထဲ့ပြီးတော့ အိမ်ရှေ့ကို အရင်လာပို့ပေးအုံး” လို့အမိန့်ပေးပြီးတဲ့နောက် ကျွန်တော့်ရှေ့ကနေ တစ်လှမ်းချင်းထွက်သွားပါတော့သည်၊ ကျွန်တော်လဲသူတို့စားဖို့လက်ဖက်ကို အကောင်းဆုံးဖြစ်အောင်သုပ်ပေးပြီး ဖဲကစားနေတဲ့သူတို့ ရှေ့မှာရိုရိုသေသေဆက်သလိုက်ပြီးတော့မှ အရမ်းဆာလောင်ပြီးဟာနေတဲ့ ကျွန်တော့်အစာအိမ်ထဲကို သခင်မဖုရားရဲ့လက်ကလေးနဲ့ နယ်ဖတ်လို့နေလည်စာသုံးဆောင်ထားတဲ့ သူစားပြီးသားပန်းကန်ထဲမှာ ကျွန်တော်စားဖို့အတွက် တမင်တကာရည်ရွယ်ပြီး ချန်ထားခဲ့တဲ့သူကိုက်ထားပြီးသား ကြက်ရိုးအချို့နဲ့ အတူတူရောနယ်ထားတဲ့ထမင်းအကျန်တွေကို ကြမ်းပြင်ပေါ်မှာ သံပန်းကန်လေးထဲကို အရင်စုပုံထဲ့လိုက်ပြီး သူတို့စားထားတဲ့ ပန်းကန်တွေကို အရင်ဆေးကြောပြီးတော့မှ ဆာဆာနဲ့စားလိုက်ရသည်။

No comments:

Post a Comment