စာမျက်နှာများ

Monday, April 8, 2013

ငရဲသို့သွားသည့်ကား (ပထမပိုင်း)


ပရိတ်သတ်ရဲ့အားပေးမှု့ပေါ်ကို မူတည်၍ နောက်ထပ်ဇာတ်လမ်းတပုဒ်ကို ကျွန်တော်ရေးသားတင်ပြပေးလိုက်ရပါတယ်၊ ဒီဇာတ်လမ်းကို အခုမှစဖတ်မည့်သူများသည် “ကမ်းစပ်ရောက်မှကျတဲ့ငရဲ” ဇာတ်လမ်းကိုဖတ်ထားမှသာ အဆက်အစပ်မိမည်ဖြစ်ပါသည်….

ငရဲသို့သွားသည့်ကား

ကျွန်မတို့နှစ်ဦးစလုံးရဲ့ရင်ထဲတွင် ငရဲမှပြန်ထွက်လာခဲ့သည့်အလား ခံစားခဲ့ကြရပြီး၊ အနီးဆုံးရွာ(သို့)မြို့တမြို့ကို တွေ့ဖို့ကိုသာ မှန်းမျှော်၍ တရွေ့ရွေ့ဖြင့် တောလမ်းများကိုဖြတ်ကျော်လာခဲ့ပါသည်။

“မောင်…”
“ပြောလေ ခိုင်…”
“ခိုင် မောနေပြီ နားရအောင်လား… ခိုင်ရေလည်းဆာနေပြီ၊ ဒီနားမှာချောင်းလေးဘာလေးရှိလား ကြည့်ကြည့်ပါလားမောင်ရယ်..”
“အင်း..အင်း..မောင်ကြည့်ပေးမယ်လေ”
ကျွန်မလည်းအမောအပန်းဖြေရန် သစ်ပင်ကြီးတပင်အောက်တွင် မှီ၍နားနေလိုက်ပါသည်၊ မောင်ကတော့ ရေရလိုရငြားဆိုပြီး အနီးအနားကိုသွားရောက်ကြည့်ရှု့နေပါတော့သည်။ ခဏခန့်အကြာမှာတော့ မောင်ပြန်ရောက်လာပါသည်။
“ခိုင်ရေ…ချောင်းတခုတွေ့တယ်ခိုင်…”
“ဟုတ်လား..မောင် ဘယ်နားမှာလဲ..”
“အရှေ့ခပ်လှမ်းလှမ်းမှာခိုင်…”
“ဒါဆိုသွားကြမယ်လေ…”
“အင်းးလာ ခိုင်ထ..”
မောင်က ကျွန်မလက်ကို လှမ်းတွဲပြီး ကျွန်မကို ထူပေးပါတယ်၊ ကျွန်မလည်းမောင်လက်ကို တွဲလို့ ချောင်းရှိရာကို လှမ်းခေါ်ခဲ့ပါတော့သည်။
ချောင်းနားကိုရောက်မှဘဲ ရေသောက်စရာရှိတာသောက်၊ ကိုယ်လက်သန့်စင်ခြင်းကို ပြုလုပ်ပါတယ်၊
“မောင်…ခိုင်တို့ကားရှိရာကိုပြန်ကြမယ်လေ”
“ခိုင်ရယ်…မောင်လည်းပြန်သွားချင်တာပေါ့ ဒါပေမယ့်လမ်းမှမမှတ်မိတော့တာ…”
“မောင်ဘဲ ခိုင့်ကို ဒီခေါ်လာတာလေ… မောင်လမ်းတွေမသိဘူးလား..”
“ခေါ်လာတာကတော့ ခေါ်လာတာပေါ့ ခိုင်ရယ်၊ မောင်လည်း ကမ်းခြေကို ဘယ်လိုလာရမလဲဆိုတာဘဲ သိတာ တခြားဟာတွေမောင်မသိဘူး ခိုင်ရဲ့..”
“မောင် မသိတော့ အခု ခိုင်တို့လမ်းပျောက်ပြီ ဘယ်လိုလုပ်မလဲ”
“ဒီလိုဘဲရှာရင်းတွေ့မှာပေါ့ ခိုင်ရယ်..စိတ်မလျော့ပါနဲ့…”
ကျွန်မလည်း ပင်ပန်းလွန်းလာသဖြင့် မောင့်ကို ဟောက်နေမိသော်လည်း ဒါသည် မောင့်အမှားလည်းမဟုတ်ပေ၊ ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် ချောင်းကိုဖြတ်လို့ ဆက်လျှောက်လာခဲ့ကြပါတယ်၊ ဒီလိုနဲ့တနေရာအရောက်မှာတော့ ကားသွားသံ ဟောခနဲကို ကြားလိုက်ရပါတယ်။
“ခိုင် ကြားလား… ကားစက်သံလေ..”
“ကြားတယ်မောင် မြန်မြန်လာ ခိုင်တို့အသံလာရာကို အမြန်သွားကြမယ်”
သိပ်မကြာခင်မှာဘဲ ကားလမ်းမကြီးကို တွေ့လိုက်ရပါတော့သည်။ ကျွန်မလည်းတော်တော်ပျော်သွားပါတယ်၊ မောင်ရောကျွန်မရော အလွန်ပျော်သွားသဖြင့် တယောက်ကိုတယောက်ဖက်၍ပင် ခုန်နေမိပါတော့သည်။
ခုနကမောင်းသွားသော ကား၏လမ်းကြောင်းကြီးအတိုင်းကို ကျွန်မတို့နှစ်ယောက် လိုက်ခဲ့ကြပါသည်။ အချိန်သည် ညနေပင်ရောက်လာပါပြီ ကျွန်မတို့သည် နောက်ထပ်ကားတစီးတလေကိုမျှ မတွေ့ရသေးပေ၊ အခုအချိန်တွင်တော့ မောင့်ဗိုက်ရော၊ကျွန်မဗိုက်ပါ အသံစုံတီးဝိုင်းအတိုင်းပင် မြည်တီးနေပြီဖြစ်ပါသည်။
ကံကောင်းခြင်းတွေက ကျွန်မတို့နှစ်ယောက်ထံ ၀င်ရောက်လာကြဟန်တူပါသည်၊ ကျွန်မတို့နောက်မှ ကားသံသဲ့သဲ့ကို စတင်ကြားလိုက်ရပါတော့သည်။ ကျွန်မတို့လည်း ရောက်လာသော ကားကို လက်ယမ်းပြ၍ တားလိုက်သောအခါ ကားသည်ဖြည်းညှင်းစွာရပ်သွားပြီး ကျွန်မတို့နှစ်ဦးဝင်နိုင်ရန် တံခါးကိုဖွင့်ပေးပါသည်။ ကျွန်မတို့လည်း အလိုက်သင့်ပင်တတ်လိုက်ကြပါသည်။
“ခင်ဗျားတို့က ဘယ်သွားကြမလို့လဲဗျ”
“ကျွန်တော်တို့လင်မယားက ပင်လယ်ကမ်းစပ်ကိုလာတာဗျ အဲ့မှာလမ်းပျောက်ပြီး ဒီကိုရောက်လာခဲ့တာဘဲ”
မောင်က ဖုံးဖိ၍ အဖြစ်မှန်ကိုမပြောဘဲ အနည်းငယ်လွှဲပြောလိုက်ပါသည်။
“ခင်ဗျားတို့ပြောတဲ့ နေရာနဲ့ ဒီနဲ့ဆိုရင်တော့ တော်တော်လေးကို လှမ်းတယ်ဗျ…”
“ဟုတ်လား…မသိပါဘူးဗျာ ကျွန်တော်တို့လည်း လမ်းပျောက်တော့ ရမ်းလျှောက်ရင်း ဒီရောက်လာတာဗျ”
ကားသည်ဘယ်ကို ဦးတည်သွားသည်ကိုတော့ ကျွန်မတို့မသိခဲ့ပါ၊ ကျွန်မလည်းလည်းအလွန်ပင် ပင်ပန်းလာသဖြင့် မောင့်ပုခုံးထက်မှာပင်အိပ်စက်လိုက်ပါတော့သည်။
ကားရပ်၍ ကျွန်မနိုးလာသောအခါတွင်တော့ ကျွန်မဘေးတွင်သွေးသံတရဲရဲနှင့် တောင့်တောင့်ကြီးဖြစ်နေသော မောင့်ကိုတွေ့လိုက်ရပါတော့သည်။
“မောင်..မောင်…ရှင်ဘယ်လိုလုပ်လိုက်တာလဲ…”
ကားသမားသည် ကားပေါ်မှဆင်းပြီးနောက် ကျွန်မရှိရာဘက် တံခါးသို့ရောက်လာပြီးနောက်…
“ဆင်းစမ်း…ဆင်းစမ်း…”
ကျွန်မလည်းအတင်းရုန်းကန်ရင်းနဲ့ဘဲ သန်မာလှသော သူ၏လက်မောင်းအားကို မယှဉ်နိုင်သည်မို့ အဆုံးတွင် သူဆွဲခေါ်ရာ ဂိုဒေါင်တခုသွင်းသို့ သွင်းခြင်းကိုခံလိုက်ရပါတော့သည်။
ထို့နောက်သူက ကျွန်မအားဂိုဒေါင်တံခါးကို ပိတ်၍ထားခဲ့ပါတော့သည်။
ကျွန်မတွေးနေမိတာကတော့ မောင် သေသွားပြီလား၊ ဒါမှမဟုတ်ဒဏ်ရာအကြီးအကျယ်များရနေတာလား စသည် စသည်ဖြင့် တွေးတောရင်းနဲ့ ကျွန်မရင်ထဲမှာ ကျွန်မအတွက်ထက် မောင့်အတွက်ကိုသာ တွေးပူနေမိပါတော့သည်။
“ကျွီ…” ဆိုသည့်အသံကြားသည်နှင့် ကျွန်မသည်အလန့်တကြား ဖြစ်သွားခဲ့ပါတယ်၊
“ကောင်မ ဒီကိုလာစမ်း… လာလို့ပြောနေတယ်လေ…”
ကျွန်မကတော့ သူဘယ်လိုပြောပြော သူ့နားမသွားဖို့ဆုံးဖြတ်ထားသဖြင့် နံရံထောင့်တွင်သာ ထောင့်ကပ်နေလိုက်ပါတော့သည်။
“လာလို့ပြောနေတာကို မလာဘူးလား…”
သူတော်တော်ဒေါသထွက်လာပုံရပါတယ် ကျွန်မကို အစိမ်းလိုက်ဝါးစားတော့မည့် မျက်လုံးများဖြင့်ကြည့်နေပြီး သူ့ခါးတွင်ပတ်ထားသော ခါးပတ်ကို ဆွဲဖြုတ်ချလိုက်ပါတယ်၊
“နင်မလာရင် ငါလာပြီ”  ဟုဆိုပြီးနောက် ကျွန်မနားကိုရောက်လာပြီး ခါးပတ်ဖြင့် တရွှန်းရွှန်းမြည်အောင် ရိုက်နှက်ပါတော့သည်၊ ကျွန်မလည်း ရှောင်တိန်းသော်လည်း ခါးပတ်၏ရိုက်ချက်များသည် တိကျလွန်းသဖြင့် ကျွန်မရှောင်တိန်းမှု့သည်အရာမထင်ခဲ့ပါ။

No comments:

Post a Comment