စာမျက်နှာများ

Friday, April 11, 2014

မထင်ထားသောဘဝငရဲ

ဇာတ်လမ်းရဲ့မူရင်းရေးသားသူကတော့ မိုးထက်မြင့်@အချစ်တက္ကသိုလ် ဖြစ်ပါတယ်။


မထင်ထားသာ ဘ၀ငရဲ

ညအမှောင်ကကြီးစိုးနေသည့်အပြင် တိတ်ဆိတ်နေသည့်အတွက် ပိုးလေးရင်ထဲ ကြောက်ရွံလာသည်။ ပိုးလေး ဒီအချိန်မှ အလုပ်ပြန်ရသည့်အတွက် မန်နေဂျာကို စိတ်တိုမိသည်။ ပုံမှန် ၇း၀၀ အလုပ်ချိန်ကို အရေးကြီးသည်ဆို၍ ပြီးသည်အထိ လုပ်ပေးရန်ပြောသဖြင့် လုပ်ပေးခဲ့ရသည်။ အခုမှပြီးသွား၍ နာရီကြည့်လိုက်တော့ ၁၂း၄၈ မန်နေဂျာမှ အိပ်ရန်ပြောသော်လည်း ပိုးလေးမအိပ်ရဲ။ ဒီလူကြီးကနှာဘူးကြီးဟု သူငယ်ချင်း ခိုင်သူဇာ ကပြောဖူးသည်။ ထိုအပြင် ပိုးလေးကိုလည်း တဏှာမျက်လုံးများဖြင့် ခဏခဏ ကြည့်သည်လေ။ ထို့ကြောင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ ပိုးလေးတို့ အိမ်ကမဝေးပါ။ ကားမှတ်တိုင် တစ်တိုင်စာလောက်သာဝေးသည်။ သို့သော် လူပြတ်သည်။ နေ့ခင်းပိုင်းတောင် လူသွားလူလာသိပ်မရှိ။ ည ၁း၀၀ ဆိုတော့ ပြောဖွယ်ရာမရှိ။ အမှောင်ထုအတွင်း လမ်းလျှောက်ရင်း စိတ်ခြောက်ခြားလာသည်။ အသံကြား၍လှည့်ကြည့်လိုက်သော်လည်း မည်သူမှမရှိ။ ကြောက်စိတ်က ပိုမိုကြီးစိုးလာလေသည်။

“ဒုတ်. အင့်”
 အချိန်က ၃ စက္ကန့်လောက်သာ ပိုးလေးခေါင်းကို မာကျောသောအရာတစ်ခု ပြင်းထန်စွာကျရောက်လာကာ မေ့မျောသွားပါတော့သည်။
 ပိုးလေး သတိရရခြင်း ပထမဆုံး အသိက ခေါင်းမူးနေခြင်းနှင့် မဲမှောင်နေခြင်းသာ ။ လက်ကိုလှုပ်ကြည့်မိတော့ လှုပ်၍မရ လက်နောက်ပြန် ကြိုးတုပ်ခံထားရမှန်း သိလိုက်သည်။ မျက်လုံးဖွင့်သော်လည်းဖွင့်မရ အ၀တ်မည်းနှင့် ပိတ်ချည်ထားသည်။ ခြေထောက်ကိုလည်း ချည်ထားသည်။ ပါးစပ်တော့ ပိတ်မထားပါ။ အော်ဟစ်ရန်စိတ်ကူးမိသော်လည်း ဘယ်ကိုရောက်နေမှန်းမသိသဖြင့် မအော်ဖြစ်လိုက်။ ဘယ်ရောက်နေပါလိမ့် ဟုတွေးမိသည်။ မိမိအခုရောက်နေသောနေရာမှာ ဘယ်နေရာနည်း. အနည်းငယ် လှုပ်နေသဖြင့် မြေပေါ်တွင်မဟုတ်မှန်းသိသည်။ လှိုင်းစီးနေရသလို ခံစားမိသောကြောင့် သင်္ဘောပေါ်တွင်လားဟု ထင်မိသည်။
“ကျွီ.....” တံခါးဖွင့်သံကြားရသဖြင့် လန့်သွားသည်။ လူတစ်ယောက်လမ်းလျှောက်ဝင်လာသည်။
”ဟေ့. မင်းနိုးနေပြီလား ဗိုက်ဆာနေလား” မေးခွန်း နှစ်ခု. ပထမမေးခွန်းကဖြေစရာမလိုတာမို့ နောက်မေးခွန်းကိုသာ ဖြေလိုက်သည်။
“အင်း. ဆာတယ် ဒါနဲ့ ကျွန်မဘယ်ရောက်နေတာလဲ”
အဖြေသာမက မေးခွန်းကိုပါ ပြန်မေးလိုက်သည်။
“ မင်းအခု သင်္ဘောပေါ်မှာ. သွားရမှာက ဂျပန်နိုင်ငံကို. မင်းမေ့နေတာ ၂ရက်ရှိုပြီ ခဏစောင့် စားစရာယူလာပေးမယ်”
ထိုလူကပြောပြီ အပြင်ထွက်သွားသည်။ သူမခေါင်းထဲ မေးခွန်းများစွာနှင့်ကျန်ရစ်သည်။ ငါ့ကို ဘာလုပ်ဖို့ ဖမ်းထားတာလဲ? ဂျပန်နိုင်ငံထိတောင် ခေါ်လာတာအကောင်းတော့ မဟုတ်နိုင်မှန်းသိသည်။ ခဏကြာတော့ ခြေသံနှင့်အတူ ” မင်းဟာမင်း စားလို့မရဘူး။ ငါခွံ့ကျွေးမယ် စကားမများနဲ့ ဘာမှမမေးနဲ့ ငါကမင်းကို ပို့ပေးရတာကလွဲရင် ဘာမှမသိဘူး။ သိလည်းမသိချင်ဘူး။”
စကားသံက ပြတ်သည်။ ဘာမှနောက်ထပ်မပြောတော့ ။ ခဏနေတော့ မိမိကို ဆွဲထူပေးသည်။ မိမိထိုင်လျက်ဖြစ်သွားတော့ ပါးစပ်ဝသို့ တစ်ခုခုလာတေ့ပေးသည်။
“စားလိုက် ပေါင်မုန့်” ဟုသာပြောသည်။ ပိုးလေးလည်း ဗိုက်ဆာနေ၍ စားလိုက်သည်။ ပေါင်မုန့်ကုန်သွားတော့ ရေတစ်ခွက် တိုက်သည်။
“မင်းအတွက်စိတ်မကောင်းပါဘူး” ဟုပြောသံကြားပြီး နှားခေါင်းဝတွင် စူးစူးဝါးဝါး အနံ့ကြီးဝင်လာကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားပါတော့သည်။....

No comments:

Post a Comment