စာမျက်နှာများ

Thursday, May 22, 2014

ပန်းလေးတပွင့်၏မေမေ(အတတ်ကောင်းတွေတတ်လာပြီ)

အတတ်ကောင်းတွေတတ်လာပြီ


'၁၅၊၁၆အမြှီးပေါက်၏'ဟူသောစကားနှင့်အညီ စုမြတ်တယောက်အမြှီးပေါက်ချင်စိတ်များဝင်နေပြီဖြစ်သည်။ သို့သော်စည်းကမ်းတင်းကျပ်လှစွာသောသူမ၏အမေကျောင်းဆရာမကြောင့် ပတ်ဝန်းကျင်ရှိသူငယ်ချင်းများတွင်အတွဲကိုယ်စီရှိနေသော်လည်း စုမြတ်တွင်တော့ရည်းစားလက်မဲ့ဖြစ်နေပါသည်။
၁၀တန်းကျောင်းသူစုမြတ်သည် ၁၆နှစ်အရွယ်လှသွေးကြွယ်ချိန်တွင်အများသူငှာလိုဖလန်းဖလန်းနှင့်လန်းဖို့ရာ အမေဖြစ်သူ၏တင်းကျပ်သောစည်းကမ်းများကြောင့် မဖလန်းနိုင်ဘဲဂွမ်းနေရပါတော့သည်။



သို့သော်၁၀တန်းနှစ်စတွင်မလန်းခဲ့ရသော်လည်း နှစ်ဝက်စာမေးပွဲဖြေချိန်တွင်တော့ အကျိုးအကြောင်းဆက်စပ်၍ ချစ်သူကောင်လေးတယောက်ရလိုက်ပါသည်။ ရလိုက်သောချစ်သူကောင်လေးမှာလဲ စုမြတ်ကဲ့သို့ပင် ဖြူဖြူချောချောရှည်ရှည်လေးမို့ မြင်သူအားကျလောက်ဖွယ်ဖြစ်ပါသည်။ သို့သော်ကံဆိုးသည်က သူတို့နှစ်ဦးတွင်တွေ့ချိန်ဟူ၍ ကျောင်းချိန်လေးပင်ရှိသည်။
စုမြတ်ကျောင်းလာချိန်ရော၊ ကျောင်းပြန်ချိန်ပါ သူမ၏အမေနှင့်သွားရသောကြောင့် ကောင်းထက်မှာအနည်းငယ် ကတိကအောက်ဖြစ်နေမိသည်။
'စုရယ်ကိုယ်တို့အပြင်လေးဘာလေးလျှောက်လည်ရအောင်'
'ဟင့်အင်းးးမဖြစ်ဘူးကိုအမေသိမှာစုကြောက်တယ်'
'စုကလည်းကွာာ'
ချစ်သူဖြစ်သူကိုအမျိုးမျိုးစည်းရုံးကြည့်သော်လည်း အကြောင်းမထူးသဖြင့် ထုံးစံအတိုင်းကောင်းထက်တယောက်စိတ်ပျက်နေပါတော့သည်။ကာင်းထက်စိတ်ပျက်နေသည်ကိုသိသဖြင့် စုမြတ်ကကောင်းထက်လက်မောင်းလေးကိုဆုပ်ကိုင်၍ မှီနေလိုက်ပါသည်။ ချစ်သူ၏နူးညံ့တဲ့ထွေးသိပ်မှု့ကြောင့် ကောင်းထက်အနည်းငယ်စိတ်ပျော့သွားပါသည်။
စုမြတ်မှီထားလို့သိပ်မကြာလိုက် ကလောင်ကလင်မုန့်စားတတ်ခေါင်းလောင်းထိုးပါတော့သည်။ ထိုတွင်တော့နှစ်ဦးသား မထချင်ထချင်နှင့် သပြေပန်းချုံလေးမှထွက်ခဲ့ကြပါသည်။
သပြေပန်းချုံလေးသည် သူတို့နှစ်ဦး၏မူပိုင်ဘိလေးဖြစ်ပါသည်။ ၅တန်းမှ၁၀တန်းထိသင်သော အထက်တန်းကျောင်းကြီးတွင် နှစ်ဦးသားတီတီတာတာစကားဖောင်ဖွဲ့နိုင်သော လာလူနည်းသည့်အမိုက်ပုံဘေးမှ သပြေချုံလေးဘဲဖြစ်ပါတော့သည်။
ကျောင်းဘက်စုံဆုပေးပွဲမတိုင်မီနှစ်ရက်အလို. . .
'ကျောင်းဆုပေးပွဲကိုနင်လာမှာလားး'
'လာမှာပေါ့ဟ ငါ့ကိုကိုတွေလာမှာလေ'
'အမယ်ညည်းကိုကိုရှိရသေးတယ်'
ပပနှင့်သူသူတို့နှစ်ယောက်ဆုပေးပွဲအကြောင်းလေပစ်နေကြချိန်တွင် စုမြတ်ကတော့ ကောင်းထက်ပူဆာထားသည်ကို လိုက်လျောကကောင်းနိုးမကောင်းနိုးကို ချိတုံချတုံဖြင့် တွေးနေပါတော့သည်။
'ဟဲ့စုမြတ်နင်ဘာတွေတွေးနေတာလဲ'
ပပကပုခုံးကိုပုတ်၍စလိုက်သဖြင့် စုမြတ်၏အတွေးများ ခဏတာအနားရသွားပါတော့သည်။
'ဘာရယ်မဟုတ်ပါဘူးဟာ ဟိုဟိုဒီဒီပါ'
'ဟိုဟိုဒီဒီလုပ်မနေနဲ့ဒေါ်စုမြတ် ပွဲနေ့ကျရင်နင်ကောင်းထက်နဲ့ချိန်ထားတယ်မှတ်လား'
'အင်းးးဟုတ်တယ် ငါလည်းအဲ့ဒါဘဲတွေးနေတာ အမေ့မျက်စိရှေ့ကနေဘယ်လိုလစ်ထွက်ရမလဲဆိုတာ'
'စဉ်းစားစဉ်းစားနင်လိုတာရှိရင်ငါတို့လည်းကူညီပေးမှာပါ'
'ကျေးဇူးပါဟာ'
သူသူ၏'လိုတာရှိရင်ကူညီပေးမယ'်ဆိုသောစကားသည် စုမြတ်ကိုအနည်းငယ်အားတတ်သွားစေခဲ့ပါသည်။
ကျောင်းပြန်ခါနီးတွင်ကောင်းထက်ကပပတို့နှင့်စုမြတ်အား ပွဲနေ့ခ်ျန်းထားတာလာဖို့ကိုသတိပေးလိုက်ပါသည်။
ကောင်းထက်ကဆုပေးပွဲနေ့တွင် သူငယ်ချင်းတွေနဲ့အတူတူ ရင်ပြင်ကိုသွားကြရအောင်ဟုပူဆာထားသည်။ ကောင်းထက်ကအတင်းပူဆာသည်ကတကြောင်း၊ သူငယ်ချင်းတွေကလိုက်ခဲ့ဖို့ခေါ်သည်ကတကြောင်း၊ ကိုယ်ကိုတိုင်ကလည်းလိုက်ချင်သည်ကတကြောင်း အကြောင်းကြောင်းကြောင့်စုမြတ်တယောက်သွားရန်ဆုံးဖြတ်လိုက်သည်။ သို့သော်ဆုံးဖြတ်ထားသည့်အတိုင်ဖြစ်လာရန် အမေကိုဘယ်လိုပတ်ရမလဲဟူ၍ သူမအချိန်ရှိတိုင်းတွေးတောနေမိပါသည်။
ဆုပေးပွဲနေ့ရောက်သော်. . .
ထုံးစံကိုအပယ်ဖျက်ဘဲ သွားမြဲအတိုင်းသူမအမေနှင့်ပင် ပြင်ဆင်ခြယ်သ၍ကျောင်းသို့ထွက်လာခဲ့ပါသည်။ ကျောင်းရောက်ပြီးနောက်သူမ၏အမေကဆရာမမို့ လုပ်စရာရှိသည်များကို သွားဝိုင်းကူပေးနေပါသည်။ စုမြတ်ကတော့သူမ၏သူငယ်ချင်းများရှိရာသို့သွား၍ စတင်Planဆွဲပါတော့သည်။ ၉နာရီမှစမည့်ပွဲကို၈နာရီကတည်းက ရောက်နေခြင်းဖြစ်သဖြင့် အစီအစဉ်ဆွဲချိန်ပိုထွက်ပါသည်။
'ကဲငါ့တို့ဒီအစီအစဉ်အတိုင်းလုပ်ကြမယ်နော်ဟုတ်ပြီလားးးစုမြတ်'
သူသူ၏အစီအစဉ်ကိုအားလုံးကခေါင်းညိမ့်သလို စုမြတ်လည်းလက်ခံလိုက်ပါသည်။
အချိန်အနည်းငယ်ကြာသော်. . .
ပွဲစပြီမို့ဆုမြတ်တယောက်သူ့အမေအခြေအနေကိုကြည့် အိုကေသဖြင့်ထိုင်ခုံမှထ၍ ခန်းမထဲမှအလျင်အမြန်ထွက်လာလိုက်ပါတော့သည်။ သူမအမေသည်သည့်အရှေ့ကိုသာအာရုံရောက်နေသဖြင့် သူမထွက်သွားသည်ကိုမသိလိုက်ချေ။
ထို့နောက်သုံးယောက်သားအိမ်သာထဲသို့သွားကာ အဝတ်လဲလိုက်ပါသည်။ စုမြတ်လည်းပပယူလာပေးသော အဝတ်တစုံကိုဝတ်၍ အိမ်သာထဲမှထွက်ခဲ့ကြပါသည်။
'အမြန်သွားရအောင်ဟိုကောင်တွေစောင့်နေလောက်ပြီဟ'
ပပ၏နှိုးဆော်ချက်ကြောင့် သုံးယောက်သားခြေထောက်ခပ်မြန်မြန်ဖြင့် ချိန်းထားရာဂိတ်ပေါက်ဝသို့လျှောက်လာခဲ့ကြပါသည်။ ဂိတ်ဝတွင်အစောင့်မရှိသဖြင့် လွတ်လွတ်ကျွတ်ကျွတ်ပင် အပြင်ထွက်နိုင်ခဲ့ပါသည်။
'လာလာလာသွားမယ်'
လမ်းမပေါ်ရောက်သောအခါ မိုးကျော်ကTaxiဖမ်းငှားလိုက်ပါသည်။ လိုင်းကားနှင့်သွားမည်ဆိုပါက ပွဲပြီး၁၂နာရီကိုမမီနိုင်မှာစိုးသဖြင့်ဖြစ်သည်။ ကျောက်ဝိုင်းနှင့်မြေနီကုန်းသည် မဝေးသော်လည်းမနီးသောခရီးဖြစ်သည်။
Taxiအရှေ့ထိုင်ခုံတွင်ကောင်းထက်ထိုင်၍ မိုးကျော်နှင့်အောင်သူတို့ကတော့ နောက်ဖုံးတွင်နေရာယူထားကြသည်။ စုမြတ်တို့ခြောက်ယောက်စကားတပြောပြောနှင့်မို့ စုမြတ်၏စိုးရိမ်စိတ်များလွင့်ပြယ်သွားပြီဖြစ်သည်။
ရင်ပြင်ရောက်သော်. . .
အားလုံးကားပေါ်ကဆင်း၍ ရေကူးကန်ရှိရာသို့ဦးတည်ခဲ့ကြပါတော့သည်။ ရေကူးကန်ထဲမဝင်ခင်တွင် ပပကအားလုံးကိုအကြံတခုပေးလိုက်ပါသည်။
'ဟဲ့ဟဲ့ကောင်းကြီးမဝင်နဲ့အုန်းငါပြောစရာရှိလို့'
'ဘာလဲသူသူရဲ့ဘာလုပ်မလို့လဲ'
'ငါပြောပြမယ်နားထောင်'
'အင်းပြောစရာရှိတာပြောကြာတယ်'
'ပြောမယ်ဟာငါတို့တွေအခုလိုတအုပ်အမကြီးသွားနေမယ့်အစား ရောက်တုန်းလေးကိုယ့်အတွဲနဲ့ကိုယ်နေရအောင်ဟာ'
'နင်ဘာပြောချင်တာလဲသေချာပြော'
အောင်သူကစိတ်မရှည်သံဖြင့်ဝင်ပြောလိုက်ပါသည်။
'သူသူပြောချင်တာဒီလိုကွာ မင်းတို့ကကိုယ့်ဘာသာလိမ့် ငါတို့လည်းကိုယ့်ဘာသာလိမ့်မယ် ပြီးရင်ဒီအရှေ့မှာပြန်ဆုံမယ်ကွာ ဘယ်လိုလဲ သဘောတူလားးး'
မိုးကျော်ကသူသူအစားဝင်ပြောပေးလိုက်သောစကားကို အားလုံးကလက်ခံလိုက်ပါသည်။
'ဒါဆိုကောင်းပြီ၁၁နာရီ၁၅ဆိုရင်အားလုံးဒီမှာပြန်ဆုံမယ်'
ကောင်းထက်ကအချိန်သတ်မှတ်ပေးပြီးနောက် မိုးကျော်နှင့်သူသူတို့အတွဲကပန်းခြံဘက်ထိုးသွားပြီး အစားသမားပပကတော့အောင်သူကို မုန့်ဝယ်ကျွေးခိုင်းရန် မုန့်ဆိုင်သို့ဝင်သွားပါသည်။
'ကဲစုကိုယ်တို့ရောဘာလုပ်ကြမလဲ'
'ကိုယ်ကတော့ရေဆော့ချင်တယ်စုရော'
'ဟင့်အင်းစုရေမဆော့ချင်ဘူးးးး'
'ဒါဆိုလည်းပြီးရောလေ လာစုကိုယ်တို့ဟိုဘက်သွားရအောင်'
မသိရင်တော့ချစ်သူလေးအလိုကျလိုက်လျောသလိုလိုနဲ့ အခုတော့သူအလိုကျရန် ရင်ပြင်၏လူကျဲ၍ချောင်ကျသော နေရာများသို့ဦးဆောင်ခေါ်သွားပါတော့သည်။
ကောင်းထက်ကံတတ်နေ၍ထင်သည် သူခေါ်လာသောနေရာတွင်ကြိုဦးသူမရှိသလို လူအလာလည်းရှင်းလှသည်။
'စုဘယ်လိုလဲကိုယ်ခေါ်လာတဲ့နေရာကြိုက်ရဲ့လား'

No comments:

Post a Comment