စာမျက်နှာများ

Sunday, May 4, 2014

အရိုးခေါင်းဂိုဏ်း


'အေးလှပါပြီရှင် ကျွန်မကိုသနားပါနော်. .'
အသံတိုးတိုးလေးဖြင့် တောင်းပန်နေသည့်တိုင်အောင် အားလုံးကပုံမှန်အတိုင်းပင် ကူညီမည့်အရိပ်အရောင်မရှိရုံမက သွေးအေးစွာဖြင့်ပင် ရေခဲတုံးများထည့်ထားသောကန်အတွင်းရှိသူမကို စုပြုံ၍ကြည့်နေကြပါသည်။ အဝတ်အစားကလည်းမပါ သံကြိုးကလည်းခတ်ထားသေး ရောက်နေသည့်နေရာကလည်း ရေခဲတွေ့ထည့်ထားသောကန်တခုထဲမှာမို့ ပန်းအိတယောက် ကူပါကယ်ပါအော်နေမိသည်။
သို့သော်သူမအားကယ်မည့်သူမရှိ၊ ဘေးပတ်ပတ်လည်တွင်သွေးအေးမျက်လုံးပိုင်ရှင်များသာ ရှိနေပါသည်။ ထိုသူများကတော့သူမအားကယ်မည့်သူများမဟုတ်ဘဲ ကစားနေကြသူများသာဖြစ်ပါသည်။
အရပ်ပုသော်လည်း အသားဖြူဖြူလေးနှင့် ချစ်စဖွယ်မျက်နှာပိုင်ရှင်လေးသူမသည် ပျော်ပျော်နေတတ်သော်လည်း ပိုင်စိုးဆိုသည့် ကောင်းလေးတယောက်ကို အရှက်သွားခွဲမိလိုက်သဖြင့် ယခုနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။
အသားညိုညို အရပ်ရှည်ရှည်နှင့်မြင်သူခိုက်လောက်သည့်ပိုင်စိုးသည် သူ့အားအသဲခွဲရုံမက လူရှေ့သူရှေ့တွင် လက်ဝါးအစွမ်းပြခဲ့သော ပန်းအိအားမကျေနပ်သဖြင့် သူဝင်ထားသောလျှို့ဝှက်အဖွဲ့အစည်းသို့ ပန်းအိအားဖမ်းဆီးခေါ်ဆောင် လာခဲ့ခြင်းဖြစ်သည်။
ဒီအဖွဲ့အစည်းကို သူဋ္ဌေးကြီးတယောက်မှဦးဆောင် မိန်းခလေးများနှင့်ကစားပွဲများ ဆင်နွှဲခြင်းဖြစ်သည်။ အမျိုးမျိုးသော ကစားနည်းများတွင် မိန်းမလေးများကိုကစားစရာအဖြစ်သတ်မှတ်၍ ဆော့ကစားကြသည်။ ထိုမိန်းခလေးကို ဆော့၍ရိုးသွားသောအခါတွင်တော့ နိုင်ငံခြားသို့ပြည့်တန်ဆာအဖြစ် တင်ပို့ရောင်းချကြသည်။ အဖွဲ့ဝင်များ၏ လက်ဖျံ၌အရိုးခေါင်းပုံများထိုးထားကြသည်။ အဖွဲ့နာမည်ကိုလည်း အရိုးခေါင်းဂိုဏ်းဟုပေးထားသည်။
ပန်းအိတယောက် ပိုင်စိုးအားအမှန်တကယ်ပင်ချစ်ကြိုက်ခဲ့သော်လည်း ပိုင်စိုး၏သစ္စာမရှိမှု့ကို ကိုယ်တိုင်တွေ့မြင်ရသောအခါ ဒေါသကိုအထိန်းလိုက်နိုင်တော့ဘဲ ပိုင်စိုးနှင့်မိန်းခလေးတဦးတို့ထိုင်နေရာ စားပွဲသို့သွားကာ လက်ဝါးစွမ်းပြလိုက်ပါသည်။ အိမ်ပြန်ရောက်သော်လည်း ကိုယ်ကရိုက်ခဲ့သူဖြစ်သည့်တိုင် သစ္စာမရှိသော ပိုင်စိုးအကြောင်းကိုသာတွေး၍ ဝမ်းနည်းပက်လက်ဖြစ်နေခဲ့ပါသည်။
'ဒီကောင်မလူရှေ့သူရှေ့မှာငါ့ကို ပါးရိုက်သွားတာငါလုံးဝမကျေနပ်ဘူး အာကာရာ'
ဒေါသသံနှင့်ပြောသော ပိုင်စိုး၏အသံသည် အခန်းငယ်တခုလုံးပျံ့နှံ့သွားပါသည်။
'ငါ့ဒီကောင်မကို ဘယ်လိုLessonပြန်ပေးရင်ကောင်းမလဲပြောစမ်းပါအုန်းကွာ'
အာကာလည်းအပိုင်စိုးစိတ်သက်သာစေရန်လေပြေအေးလေးဖြင့်. . .
'စိတ်လျော့ပါပိုင်စိုးရယ် မင်းကလည်းဒေါသကိုလျော့ပါအုန်း'
အာကာစကားဆုံးသည်နှင့်ကိုထက်က. . .
'မလျော့နဲ့ပိုင်စိုးအဲ့ဒါမင်းကိုအရှက်ခွဲတာ အဲ့လိုကောင်မမျိုးကိုမှတ်လောက်သားလောက်အောင် ဆုံးမသင့်တယ်'
'ကိုထက်ကလည်းကွာ'
'ဒေါသဖြစ်နေပါတယ်ဆိုတဲ့သူကိုသွားမြှောက်ပေးနေပြန်ပြီကွာ'
'ကိုထက်ပြောတာမှန်တယ်ငါဒီကောင်မကိုကောင်းကောင်းဆုံးမသင့်တယ်'
ကိုထက်စကားကိုထောက်ခံသောအားဖြင့်ပိုင်စိုးက အာကာအားးးး
'ကဲအာကာဒီအစီအစဉ်ထဲမှာမင်းပါမှာလား မပါဘူးလား Yes or Noတခုခုရွေး'
သူငယ်ချင်းနှစ်ယောက်လုံးကစိတ်အားထက်သန်နေသည်မို့အာကာလည်း ဟင်းးးတလုံးချကာာာ
'မင်းတို့နှစ်ယောက်လုံးကလုပ်မယ်ဆိုမှတော့ငါကလည်းပါမှာပေါ့'
'ကဲဒါဆိုအားလုံးလက်ဝါးချင်းရိုက်လိုက်ရအောင်'
ကိုထက်ရဲ့နှိုးဆော်မှု့နှင့်အတူသုံးယောက်သားလက်ဝါးချင်း ရိုက်လိုက်ပါတော့သည်။
ပိုင်စိုး၏ကိစ္စဖြစ်သော်လည်း ကိုထက်ကပင်အရာရာစီမံကိန်းဆွဲ၍ Lessonပေးရန်အကြံကြီးကို စီမံကိန်းဆွဲပါတော့သည်။
စီမံကိန်းတွင်လိုအပ်သော ပစ္စည်းများကို စုဆောင်းရှာဖွေ၍ စီမံကိန်းကိုနှစ်ပတ်တိုင်အောင်အချိန်ယူခဲ့ကြပါသည်။
'ပိုင်စိုးငါတို့လိုအပ်တဲ့ပစ္စည်းတွေရောအဆက်အသွယ်တွေရောစုံနေပြီကွ'
'ငါတို့မနက်ဖြန်လောက်လှုပ်ရှားကြရအောင်ကွာ'
'အေးငါကတော့မနက်ဖြန်တောင်မစောင့်ချင်ဘူးကွာအခုဘဲလုပ်လိုက်ချင်ပြီ'
ပိုင်စိုး၏အသံသည်ဒေါသပိုးမသေသေးမှန်းသိသာလှသည်။
အာကာကတော့ အေးအေးဆေးဆေးနားကျပ်နားတွင်တပ်၍ညိမ့်နေပါသည်။
Plan Designer ကိုထက်ကတော့ သူ့Planဟာကွက်မရှိအောင် စီစစ်နေပါတော့သည်။

No comments:

Post a Comment