စာမျက်နှာများ

Tuesday, July 15, 2014

ငါ၏သိက္ခာတို့ကြေမွခြင်းဖြင့် နတ်သမီးငယ်ပျော်ရွှင်ပါစေသော် - ၂

မူရင်းရေသားသူ - Xeria @ အချစ်တက္ကသိုလ်


 ရွှေရည်၏အခန်းမှာ အထိုက်အလျောက်ကျယ်ဝန်းသော အခန်းဖြစ်သည်။ နှစ်ယောက်အိပ်မွေ့ရာ ကုတင်ကြီးတစ်လုံးပေါ် တွင် အစိမ်းနုရောင်အိပ်ယာခင်း ခင်းထားပြီး ၀က်ဝံရုပ်ကြီးတစ်ရုပ်လည်း လဲလျောင်းနေသည်။ ကုတင်ခြေရင်းဘက်တွင် ကိုယ်လုံး ပေါ်မှန်ကြီးတစ်ချပ်ရှိပြီး ဘေးနားတွင်လည်း မှန်တင်ခုံတစ်ခု။ မှန်တင်ခုံပေါ်မှ အလှပြင်ပစ္စည်းများကို ဇင်မင်း အမျိုးအမည်ပင် မခွဲတတ်။ သို့သော် ဈေးကြီးမည်မှန်းတော့ အသေအချာသိသည်။ အ၀တ်အစားဗီရိုနှင့် ကပ်လျက်တွင် စားပွဲတစ်လုံးနှင့် ခုံတစ်လုံး ချထားပြီး စားပွဲပေါ်တွင် စာအုပ်အချို့၊ အရုပ်ပေါက်စများ၊ ဖန်အုပ်ဆောင်းနှင့်စားပွဲတင်မီးအိမ်တစ်ခု၊ laptop ကွန်ပြူတာတစ်လုံးတို့ ပြန့်ကျဲနေသည်။ ဗီရိုနှင့် သိပ်မနီးမဝေးတွင် တံခါးတစ်ချပ်တွေ့ရာ ရေချိုးခန်း၊အိမ်သာဖြစ်မည်ဟု အတပ်မှန်းဆလိုက်သည်။ ရွှေရည် က လေးဘက်ထောက်နေသော ဇင်မင်းကို ခွကျော်၍ ခုတင်ပေါ်တွင်လဲလျောင်းလိုက်ရင်း -
   ‘ဇင်မင်း .. ဗီရိုဖွင့်လိုက် .. ထ ထ .. လေးဘက်ထောက်မနေနဲ့ .. နှေးတုံ့နှေးတုံ့နဲ့’
   ရွှေရည်ခိုင်းသည့်အတိုင်း ဗီရိုတံခါးကို ဖွင့်လိုက်သည်။
ငါးထပ်ဗီရိုဖြစ်ပြီး အောက်လေးထပ်တွင် အ၀တ်အစားများရှိ၍  အပေါ်ဆုံးထပ်တွင် ခရီးဆောင်သေတ္တာတစ်လုံး။ ဖွင့်ပြီးဘာဆက်လုပ်ရမည် မသိ၍ ရွှေရည့်ဘက်သို့ မေးခွန်းထုတ်ဟန်ဖြင့် လှမ်း ကြည့်လိုက်သည်။ ရွှေရည်က ဖုန်းကလိနေရင်း ပြန်ကြည့်ပြီး -
   ‘အဲ့မှာ .. အ၀တ်လျှော်တဲ့အဒေါ်ကြီးက မီးပူတော့ တိုက်ပေးသွားတယ် .. သေချာစီမထည့်သွားဘူး .. အကုန်ထုတ်လိုက် .. ပြီးရင် အကျီ င်္ တွေကို သက်သက်စုပြီး စတုတ္ထထပ်မှာထည့် .. စကပ်တွေကို တတိယထပ် .. ဘောင်းဘီနဲ့ ထဘီတွေကို ဒုတိယ ထပ် .. ၀မ်းဆက်လို့နင်ထင်တာတွေကို စုပြီး ပထမထပ်မှာထည့် .. တလွဲတွေမလုပ်နဲ့ .. ပြီးရင်ပြော .. ငါ ဂိမ်းဆော့မလို့’
   ခိုင်းစရာရှိတာခိုင်းပြီး ဖုန်းထဲတွင် အာရုံပြန်စိုက်သွားပြန်သည်။ ဇင်မင်းလည်း သူမ ပြောသည့်အတိုင်း ခွဲလိုက်၊ ထပ်လိုက်၊ ထည့်လိုက်ဖြင့် မိနစ် ၂၀ ခန့်ကြာသောအခါ အားလုံးပြီးသွားသည်။ ဗီရိုကိုပြန်ပိတ်ပြီး ကုတင်ဘေးနားသို့သွားကာ ဒူးထောက်၍ -
   ‘မမလေး .. ပြီးပါပြီခင်ဗျာ’
   ရွှေရည်က ဇင်မင်း၏ အမူအရာကို သဘောကျဟန်ဖြင့် ပြုံးလိုက်ကာ -
   ‘အေး အေး .. အပိုးကျိုးလှချည်လား .. ဟက်ဟက်’
   ဇင်မင်း ဘာပြန်ပြောရမှန်းမသိ။ သူ့စိတ်ကိုပင် သူနားမလည်နိုင်ဖြစ်နေသည်။ ယခုနက ရွှေရည်ခိုင်းသည့်အတိုင်း သူမ အ၀တ်အစားတွေကို အမျိုးအစားခွဲ၍ ရှင်းလင်းနေတုန်းကလည်း ခြိမ်းခြောက်ခံရ၍ စိတ်မပါလက်မပါဖြင့် လုပ်နေရသည်ဟု မခံစားရ မှန်း သတိထားမိသည်။ သူမ၏ အကျီ င်္ .. စကပ် .. ထဘီစသည်တို့ကို ကိုင်တွယ်ရ၍ ဘုန်းနိမ့်မည်ဟုလည်း မတွေးမိ၊ တွေးမိသည် မှာ ရွှေရည့်အ၀တ်အစားဗီရိုကို သပ်သပ်ရပ်ရပ်စနစ်တကျဖြစ်သွားစေချင်သည်။ သူမ အ၀တ်အစားရွေးသောအခါ လိုချင်တာကို အလွယ်တကူ တွေ့စေချင်သည်။ သူမ ကျေနပ်အောင် အစေခံချင်သည်။ ယခုအားလုံးပြီးသွားသောအခါလည်း တကယ့်ကျွန်တစ်ဦး ကဲ့သို့ သူမဘေးမှာဒူးထောက်လိုက်ပြီး အစီရင်ခံလိုက်မိသည် မဟုတ်ပါလား။ သူမက သဘောကျဟန်ဖြင့် ချီးကျူးသောအခါလည်း အလွန်ပင် ကျေနပ်သွားမိပြန်သည်။ အတွေးများနှင့် လုံးချာလည်လိုက်နေစဉ်တွင် ရွှေရည်က -
   ‘ဇင်မင်း .. ထ .. ဟိုမှာ ခုံယူလိုက် .. ပြီးရင် ငါ့ဘေးလာထိုင် .. ငါ ပြောစရာရှိတယ်’
   ဇင်မင်း ခုံသွားယူနေစဉ်တွင် သူမကလည်း လဲလျောင်းနေရာမှ ထလိုက်ပြီး ကုတင်ဘောင်ကို ကျောမီထိုင်လိုက်သည်။ ဇင်မင်းက ကုတင်ဘေးတွင် ခုံကိုချလိုက်ပြီး ထိုင်မည်အလုပ်တွင် -
   ‘ခဏလေး .. ဇင်မင်း .. ငါ့ကို ရေခဲသေတ္တာထဲက Shark တစ်ဘူးယူပေးပါ .. ဖောက်ပြီး ဖန်ခွက်ထဲထည့်ခဲ့ပေး .. နင် လည်း သောက်ချင်တာရှိရင် ယူသောက် .. ရတယ် .. ယူလာခဲ့ .. မြန်မြန်’
   ဇင်မင်းလည်း ချက်ချင်းပင်ထ၍ ခိုင်းသည့်အတိုင်းလုပ်ပေးလိုက်သည်။ သူ့အတွက်တော့ ဘာမှမယူဖြစ်။ ဘာမှ စားချင် သောက်ချင်စိတ်မရှိ၊ သူ့နှုတ်ခမ်းများ .. လျှာနှင့်ပါးစပ်ထဲတွင် ရွှေရည်၏ ခြေဖ၀ါးမှ အရသာအနည်းငယ်ကျန်နေသေးသည်။ ထို အရသာကို သူမပျောက်စေချင်။ အခန်းထဲသို့ ပြန်ရောက်သောအခါ ရွှေရည်က သူ့လက်ထဲမှဖန်ခွက်ကို လှမ်းယူကာ တစ်ငုံမော့ လိုက်ပြီးမှ ဇင်မင်းကို ထိုင်စေသည်။ ရွှေရည်၏ မျက်နှာထားမှာ ယခုနက သူ့ကို ကျွန်တစ်ကောင်လို ခိုင်းစေနေစဉ်ကကဲ့သို့ မဟုတ်။ မာနရိပ်အနည်းငယ်စွန်းထင်းနေသေးသော်လည်း ပြုံးယောင်သမ်းနေသည်။ ဇင်မင်းကို မျက်လုံးချင်းဆုံကြည့်လိုက်ပြီး -
   ‘အရင်ဆုံးပြောချင်တာ ကျေးဇူးပါပဲ .. ငါခိုင်းသမျှလုပ်တဲ့အတွက်ရော .. ငါ့ကိုပျော်စေတဲ့အတွက်ရော .. နင်ငါ့ကို ဘာမေး ချင်တာရှိလဲ .. မေး .. ဇင်မင်း .. ဘာမှမရှိဘူး လို့ မလိမ်နဲ့’
   ဇင်မင်းလည်း သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ -
   ‘ပျော်လားဟင် .. မမလေး .. ခုလို လုပ်ရတာကိုပေါ့’
   ‘ဟဟ .. အင်း .. ပျော်တယ် .. ငါက ငယ်ငယ်လေးကတည်းက ယောက်ျားလေးတွေကို အနိုင်ကျင့်ချင်တာ .. အရှက်ခွဲ ချင်တာ .. ကျောင်းမှာ ငါ့ကိုကြိုက်တဲ့သူတွေအများကြီး .. စိတ်ကူးပေါက်တဲ့သူဆို ငါက ငါ့ရှေ့မှာဒူးထောက်ပြီး ရည်းစားစကားပြော ခိုင်းတယ် .. ပြန်တော့မကြိုက်ဘူးပေါ့ .. ကြိုက်စရာလား .. ငါ့ရှေ့ ဒူးလာထောက်စေချင်လို့ ပြောခိုင်းတာ .. သူတို့က ပြန်ကြိုက်မယ် ထင်ပြီး ပြောကြတာပေါ့ .. ပြီးတော့နေဦး .. အခုငါ့ကို မမလေး လို့မခေါ်နဲ့ .. နာမည်ပဲခေါ်ပြီးပြော’
   ‘အခုရောဟင် .. ရွှေရည်’
   ‘စဉ်းစားကြည့်ပေါ့ .. ကိုယ့်ရှေ့ ယောက်ျားလေးတစ်ယောက် ဒူးလာထောက်ရင်တောင် ကျေနပ်တာ .. အခုနက နင့်ကို ခေါင်းပေါ်ခြေထောက်တင်တာမျိုး .. ခြေချောင်းတွေစုပ်ခိုင်းတာမျိုးလုပ်ရတော့ ဘယ်လောက်ကျေနပ်မလဲလို့ .. ဟီးဟီး .. ငါ မေးမယ် .. နင်လည်း အမှန်အတိုင်းဖြေ .. နင့်စိတ်ထဲဘာရှိခဲ့လဲ .. ဘာရှိလဲ’
   ‘အင်း …. စိတ်တိုတယ် .. အစကတော့ စိတ်တိုတယ် .. ငါက ယောက်ျားလေးလေဟာ .. မိန်းကလေးက ခုလိုခိုင်းတာမျိုး ခံရတော့ ခံပြင်းပြီးရှက်တာပေါ့ .. ဒါပေမယ့် .. အဲ .. နင်ငါ့ကိုအထင်မသေးပါနဲ့နော် .. နင်ကျေနပ်ပြီး ပျော်နေတာကိုတွေ့တော့ ငါ ဘာမှ မတွေးမိတော့ဘူး .. နင်ခိုင်းသမျှ စိတ်ပါလက်ပါနဲ့ လိုက်လုပ်မိတယ်’
   ‘ဒါပဲလား .. ဇင်မင်း .. ကျန်သေးတယ်မလား’
   ‘ငါပျော်တယ် .. နင်ကငါ့ကို ကျွန်လို့ ခေါ်တာ .. ဆက်ဆံတာကို ငါပျော်မိတယ် .. နင့်ခြေဖ၀ါးလေးတွေ လျက်ပေးရတာ .. ဂါဝန်အောက်ခေါင်းဝင်ရတာ .. နင့်ထက်နိမ့်ကျသလိုနေရတာကို ငါပျော်နေတယ်’
   ရွှေရည်က တခစ်ခစ်ရယ်လိုက်ပြီး -
   ‘အဲ့ဒါဆို ဒီညနေက မဆိုးပါဘူး .. နင်လည်းပျော်ရတယ် ငါလည်းပျော်ရတယ် ဆိုတော့ .. ကဲ .. ဇင်မင်း .. ငါတို့ သူငယ် ချင်းတွေနော် .. အခုနကဓာတ်ပုံတွေလည်း ငါသေချာသိမ်းထားတယ် .. မေးမယ် .. နင်ငါနဲ့ သူငယ်ချင်းအဖြစ်ပဲ နေချင်လား .. ဒါမှ မဟုတ် ငါ့ကျွန်အဖြစ်နဲ့ နေချင်လား .. အလောတကြီးမဖြေနဲ့ ဇင်မင်း .. သေချာစဉ်းစားပြီးဖြေ .. ဖြေပြီးရင် နောက်တစ်မျိုးပြောင်းလို့ မရဘူး’
   ဇင်မင်းလည်း စဉ်းစားတောင်မစဉ်းစားတော့ဘဲ -
   ‘နင့်ကျွန်အဖြစ်နဲ့ နေချင်ပါတယ် ရွှေရည်’
   ‘ဟုတ်လား .. အဲ့ဒါဆိုလည်း ကျွန် လိုနေလေ .. ဘာလုပ်နေတာတုန်း!’
   ဇင်မင်း ချက်ချင်းပင်ခုံပေါ်မှဆင်း၍ ကုတင်ဘေးတွင် ဒူးထောက်ချလိုက်ပြီး -
   ‘မမလေးရဲ့ကျွန်အဖြစ်နဲ့ နေချင်ပါတယ်ခင်ဗျာ’
   ‘အဲဒါဆိုလည်း နင့်ကို လက်ခံချင်အောင်တောင်းပန်လေ .. နင်နေချင်တယ်ဆိုတာနဲ့ပဲ ငါက လက်ခံရမှာလား’
   ဇင်မင်းက ကြမ်းပြင်နှင့်နဖူးထိသည်အထိ ဦးညွတ်ချလိုက်ကာ -
   ‘မမလေး .. ကျွန်တော်တောင်းပန်ပါတယ် .. ကျွန်တော့်ကို မမလေးရဲ့ ကျွန်အဖြစ်နဲ့ နေခွင့်ပေးပါ .. စကားနားထောင်ပါ့ မယ် .. ခိုင်းသမျှလည်း လုပ်ပါ့မယ် .. မမလေးရဲ့ကျွန် အရမ်းဖြစ်ချင်လို့ပါ .. တောင်းပန်ပါတယ်’
   ရွှေရည့်ထံမှ ဘာစကားသံမှပြန်မကြားရ။ ခေါင်းကိုညွတ်ထားရင်း ဇင်မင်း ၀မ်းနည်းလာသည်။ ရွှေရည်က ယောက်ျားလေး ကို အနိုင်ကျင့်ရတာ ပျော်သည်ဆိုလျှင် ထိုယောက်ျားလေးသည် သူပဲဖြစ်ချင်မိပါ၏။ ရွှေရည်၏ အလှတရား၊ စည်းစိမ်ဥစ္စာတို့ဖြင့် တခြားယောက်ျားလေးတစ်ဦးကို သူ့ကိုခြိမ်းခြောက်သကဲ့သို့ပင် ခြိမ်းခြောက်၍ ခိုင်းစေ၍ရမည်မှာ အသေအချာပင်။ ထို တစ်စုံတစ်ဦးက ရွှေရည့်ကိုရန်လုပ်မှာလည်း စိုးရိမ်မိသည်။ အကယ်၍ ရန်ပြန်မလုပ်ဘဲ နားထောင်လျှင်တောင် ရွှေရည်၏ ခြေဖ၀ါးလေး .. ခြေချောင်းလေးများကို အခြားသူတစ်ဦးက နမ်းမည် .. လျက်မည်ကို တွေးမိရုံနှင့်တင် ဇင်မင်းစိတ်ထဲတွင် မချမ်းမြေ့။ သူ ရွှေရည့်ကို တွယ်တာချစ်မြတ်နေမိပြီလော၊ သို့မဟုတ် သူမကဲ့သို့ သူ့ကိုခိုင်းစေမည့် အခြားမိန်းကလေးမရှိတော့မည် ကို စိုးရိမ်၍လောပင် မခွဲတတ်တော့။ လောလောဆယ် သူအပြင်းအထန်ဆုတောင်းမိသည်က ရွှေရည်က သူ့ကို သူမ၏ကျွန်အဖြစ် လက်ခံရန်ပင်။
   စိုးရိမ်ဗလောင်ဆူနေသောစိတ်ကြောင့် မျက်ရည်များစို့တက်လာစဉ်မှာပင် ရွှေရည်၏ စကားသံနှင့်အတူ သူ့မျက်နှာရှေ့သို့ ခြေဖမိုးဖြူဖြူလေးကျလာလေ၏။
   ‘ငါ့ခြေဖမိုးကို နမ်းစမ်း .. ဇင်မင်း’
   ဇင်မင်း အလွန်ပင်ဝမ်းသာသွားပြီး ယခုနက ၀ဲလာသောမျက်ရည်စများလည်း အခိုးအငွေ့များအဖြစ် ပြောင်းလဲပျောက် ကွယ်သွားသယောင်။ ရွှေရည်၏ ခြေဖမိုးလှလှလေးကို လက်နှစ်ဖက်ဖြင့် တယုတယဆုပ်ကိုင်လိုက်ပြီး မြတ်မြတ်နိုးနိုးနမ်းလိုက်မိ သည်။ သူ့ဘ၀တလျှောက်လုံးတွင် မည်သည့်မိန်းကလေးကိုမှ မနမ်းဖူးခဲ့။ ရွှေရည်လင်းလဲ့၏ ခြေဖမိုးသည် သူ့အတွက်တော့ သုခဘုံ သို့ သွားရာလမ်းကဲ့သို့ပင်။ ကြည်နူးပီတိဖြင့် သူ့လက်ထဲမှ ခြေဖမိုးလေးကို အကြိမ်ကြိမ်နမ်းနေမိသည်။ ထိုစဉ်တွင်ပင် သူ့ခေါင်းရှိ ဆံပင်များကို ပွတ်သပ်ပေးနေသည်ကို ခံစားလိုက်ရ၍ အနည်းငယ် ခေါင်းစောင်းငဲ့ပြီးကြည့်လိုက်ရာ ရွှေရည်က ကျန်နေသော ခြေဖ၀ါးဖြင့် သူ့ဆံပင်များကို ပွတ်သပ်ဆော့ကစားနေသည်ကို မှန်ထဲမှတဆင့်တွေ့လိုက်ရသောအခါ သူ့ကို သူမ၏ကျွန်အဖြစ် လုံးလုံးလျားလျားလက်ခံလိုက်ကြောင်းကို သဘောပေါက်ကာ ပျော်လွန်းလှ၍ နှုတ်မှပင်အသံထွက်၍ -
   ‘ကျေးဇူးတင်လိုက်တာ မမလေးရယ် .. တကယ်ပါ .. ကျေးဇူးအရမ်းတင်ပါတယ်’
   ရွှေရည်က ခပ်ဖွဖွရယ်လိုက်ကာ -
   ‘ခွေးပေါက်စလေးကျနေတာပဲ .. တကယ် .. ခွေးလိုဟောင်ပြကွာ’
   ‘၀ုတ် .. ၀ုတ် .. ၀ုတ်’
   ‘ဟီးဟီး .. လိမ္မာသားပဲ .. ကဲ .. တော်ပြီ .. ဖယ်တော့ .. ပြန်ဖို့စဉ်းစားဦး’
   ပြောပြောဆိုဆိုဖြင့် ဇင်မင်းခေါင်းကို ခြေထောက်ဖြင့်အသာတွန်းဖယ်ကာ ခေါင်းပေါ်မှကျော်ခွသွားပြီး စားပွဲပေါ်မှ ပိုက်ဆံ အိတ်ကိုယူ၍ တစ်သောင်းတန်နှစ်ရွက် ဆွဲထုတ်လိုက်ကာ လှမ်းပေးရင်း -
   ‘ငါလိုက်မပို့တော့ဘူး .. ကားမမောင်းချင်တော့ဘူး .. ရော့ .. Taxi ငှားပြီးပြန် .. ပိုတဲ့ပိုက်ဆံယူလိုက်တော့ .. မနက်ဖြန် နေ့လည်ခင်း ငါလာခေါ်မယ် .. မအားဘူး ဆိုတာ မလိုချင်ဘူး .. ကြားလား’
   ‘ဟုတ်ကဲ့ပါ မမလေး’
   ရွှေရည်က ဇင်မင်းကို နားရွက်မှဆွဲကာ ထူလိုက်ပြီး လက်ထဲသို့ ပိုက်ဆံထည့်ပေးရင်း -
   ‘ငါ့ဆီမှာကျွန်ခံတဲ့ ခွေးပေါက်စလေးကို ငါပစ်မထားပါဘူး .. ငွေရေးကြေးရေးကြောင့် နင်မျက်နှာမငယ်စေရဘူး .. ဒါ သခင်မတစ်ယောက်အနေနဲ့ပြောတဲ့စကားဖြစ်သလို နင့်ရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြောတဲ့စကားလည်းဖြစ်တယ် .. နင့်ရဲ့ ရွေးချယ်မှုအတွက် ငါလည်း တကယ်ပျော်ပါတယ် ဇင်မင်း .. ကဲ .. ကောင်းကောင်းပြန်’
   ဇင်မင်းလည်း ဦးညွတ်နှုတ်ဆက်ပြီး အခန်းထဲမှ၊ ထို့နောက် တိုက်ခန်းထဲမှထွက်လာခဲ့သည်။ တံခါးထွက်သော့ခတ်သော ရွှေရည့်ကို လက်ပြနှုတ်ဆက်ပြီးမှ ဓာတ်လှေကားဆီသို့ လျှောက်လာရင်း အတွေးနယ်ချဲ့နေမိသည်။ သေချာသည်ကတော့ သူ့ဘ၀ သည် ယခင်အချိန်များနှင့် မတူ၊ ပြောင်းလဲတော့မည်မှာ မြေကြီးလက်ခတ်မလွဲ။ ယနေ့မှ စတွေ့ခြင်းဖြစ်သော်လည်း ရွှေရည်လင်းလဲ့ ကို သူ မြတ်နိုးနေမိပြီဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူမ၏ အနိုင်ကျင့်စေခိုင်းမှု၊ နှိမ်ချဆက်ဆံမှုတို့ကို သူ သာယာကျေနပ်မှန်း လည်း ရှာဖွေတွေ့ရှိမိပြီ ဖြစ်ပြန်၏။
   လမင်းကတော့ တိမ်ယံထက်တွင် သာပါ၏။ အပြန်လမ်းတစ်လျှောက်တွင် Taxi ပြတင်းဝကိုဖြတ်၍ ရန်ကုန်မြို့ကြီးကို ကြည့်ရင်း သူပျော်နေသည်။ ပိုက်ဆံကိစ္စကိုတော့ သူ့အမေမေးလျှင် စာသင်ပေး၍ရသည် ဟုပင် ဖြေလိုက်တော့မည်။ သူ့ဘ၀တွင် ဤနေ့လောက် စိတ်မချမ်းသာဖူးပေ။ ရွှေရည်လင်းလဲ့ကြောင့် သူ တကယ်ပင်ပျော်နေရပါ၏။
 
‘အနမ်းပွင့်တွေ ၀င့်ခဲ့တယ်
ခြေဖမိုးဖြူလေးထက်မှာ ကိုယ့်အပြုံးတွေ
ဒီလိုနဲ့ပဲ ကိုယ်ဟာ ကိုယ့်ကိုယ်ကို ရှာတွေ့ခဲ့ရတာ’

No comments:

Post a Comment